အာဆင်နယ်နည်းပြ အာတီတာက ခံစစ်ကစားသမားတွေဖြစ်တဲ့ ဂါဘရီယဲလ်၊ တင်ဘာနဲ့ ကာလာဖီအိုရီတို့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအမီ ကြံ့ခို်င်မှုပြည့်ဝဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီကစားသမား(၃)ဦးစလုံးဟာ စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ဟောင်ကောင်ခြေစမ်းပွဲမှာ ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ဘဲ ပရီးမီးယားလိဂ်ရာသီသစ်က သြဂုတ်(၁၆)မှာ စတင်တော့မှာပါ။
အာဆင်နယ်အသင်းကတော့ သြဂုတ်(၁၇)မှာ မန်ယူအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ဂါဘရီယဲလ်နဲ့ တင်ဘာတို့က ရာသီကြိုခြေစမ်းပွဲ (၃)ပွဲစလုံးကို လွဲချော်ခဲ့ပြီး ကာလာဖီအိုရီကတော့ နယူးကာဆယ်နဲ့ပွဲမှာ လူစားဝင်ကစားခွင့်ရခဲ့ပါတယ်။
ဒါကြောင့် သူတို့(၃)ဦး မန်ယူနဲ့ပွဲကို လွဲချော်နိုင်သလားလို့ မေးမြန်းမှုကို အာတီတာက ''ကျွန်တော်ကတော့ အဲဒီလို မထင်ပါဘူး။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလို သူတို့ တိုးတက်ပြောင်းလဲမှုတွေ ရှိလာခဲ့မယ်ဆိုရင် သူတို့ ပါဝင်လာမှာပါ'' လို့ ပြောကြားခဲ့ပါတယ်။
နယ်သာလန်နောက်ခံလူ တင်ဘာဟာ မေလမှာ ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရတာကြောင့် အခုထိ မကစားနိုင်သေးတာလို့ သိရပါတယ်။















