■ ရာသီသစ်မှာ မန်စီးတီး ဗိုလ်စွဲမှာဖြစ်ပြီး လက်ရှိနချန်ပီယံ လီဗာပူးလ် တတိယသာ ရမယ်လို့ စူပါကွန်ပျူတာ ခန့်မှန်း 

■ ရာသီသစ်မှာ မန်စီးတီး ဗိုလ်စွဲမှာဖြစ်ပြီး လက်ရှိနချန်ပီယံ လီဗာပူးလ် တတိယသာ ရမယ်လို့ စူပါကွန်ပျူတာ ခန့်မှန်း 
Photo: Getty Images
Photo: Getty Images
Published 30 July 2025

Sportscasting စူပါကွန်ပျူတာက လာမယ့် ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ရပ်တည်မှုကို ခန့်မှန်းခဲ့ရာ မန်စီးတီးအသင်း ဗိုလ်စွဲမှာ ဖြစ်ပြီး လက်ရှိချန်ပီယံ လီဗာပူးလ်အသင်း တတိယသာ ရမယ်လို့ ဖော်ပြခဲ့ပါတယ်။ 

လီဗာပူးလ်အသင်းဟာ အခုနွေမှာ ဖရင်ပေါင်၊ ဖလော်ရီယန်ဗက်ဇ်၊ မာမာဒက်ရှီဗလီ၊ ကာကက်ဇ်၊ အီကီတိုက်၊ ပက်ဆီနဲ့ ဝုဒ်မန်းတို့ကို ပေါင် (၃၀၀) သန်းနီးပါး အသုံးပြုခေါ်ယူထားသလို နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကိုလည်း ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းထွက်နေတာပါ။ 

ဒါပေမဲ့ Sportscasting စူပါကွန်ပျူတာက လီဗာပူးလ်အသင်းဟာ ရာသီသစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်မှာ မဟုတ်ဘဲ ရမှတ် (၈၅) မှတ်နဲ့ အဆင့် (၃) ပဲ ရမယ်လို့ ခန့်မှန်းခဲ့တာ ဖြစ်ပြီး ချန်ပီယံဆုကိုတော့ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းက (၉၂) မှတ်နဲ့ ရယူနိုင်လိမ့်မယ်လို့ ခန့်မှန်းခဲ့တာပါ။ 

ပရီးမီးယားလိဂ်မှာ (၃) ဆက်တိုက် အဆင့် (၂) ရခဲ့တဲ့ အာဆင်နယ်အသင်းဟာ လာမယ့်ရာသီသစ်မှာ ရမှတ် (၈၈) မှတ်နဲ့ အဆင့် (၂) ပဲ ထပ်ရမယ်လို့ Sportscasting စူပါကွန်ပျူတာက ခန့်မှန်းခဲ့ပြီး အဆင့် (၄) ကိုတော့ ချယ်လ်ဆီးအသင်းက (၇၉) မှတ်နဲ့ ရရှိမယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီ အဆင့် (၁၅) သာ ရရှိခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရပ်တည်မှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ရမှတ် (၇၆) မှတ်နဲ့ အဆင့် (၅) နေရာမှာ ရပ်တည်နိုင်မယ်လို့ Sportscasting စူပါကွန်ပျူတာက ခန့်မှန်းခဲ့ပါတယ်။ 

Sportscasting စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ ၂၀၂၅-၂၆ ရာသီကုန်မှာ တန်းတက် (၃) သင်းဖြစ်တဲ့ ဘန်လေ၊ ဆန်းဒါးလန်းနဲ့ လိဒ်စ် (၃) သင်းစလုံး တန်းပြန်ဆင်းရမယ်လို့လည်း သိရပါတယ်။ 

Photos: Getty Images & Sportscasting

Most Read

Most Recent