အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းနဲ့ ဆေးစစ်မှုအောင်မြင်ခဲ့တယ်လို့ BBC Sport က ဖော်ပြခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်(၂၇ နှစ်)ဟာ မန်ယူနိုက်တက်ရဲ့ခွင့်ပြုချက်ရပြီးနောက် တနင်္ဂနွေညကတည်းက ဘာစီလိုနာကို ရောက်ရှိနေတာဖြစ်တယ်။
၎င်းအနေနဲ့ တနင်္လာနေ့မနက်က လေ့ကျင့်ရေးကွင်းမှာ ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ်၊ အားကစားဒါရိုက်တာ ဒေကိုတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဘာစီလိုနာနဲ့ မန်ယူနိုက်တက်အကြား ရပ်ရှ်ဖို့ဒ်အငှားအပြောင်းအရွှေ့အတွက် ဆွေးနွေးမှုမှာ ပြီးခဲ့တဲ့အပတ်ကတည်းက လျင်မြန်စွာတိုးတက်လာခဲ့တာဖြစ်တယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်မှာကာ နှစ်ဖက် မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ မန်ယူနိုက်တက်မှာ တစ်နှစ် ပေါင် ၁၄ သန်းရရှိခဲ့ပြီး ဘာစီလိုနာမှာတော့ ၂၅ ရာခိုင်နှုန်း လျှော့ချရယူမှာဖြစ်ပါတယ်။
စာချုပ်မှာ ယူရို ၃၅ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ရှိတဲ့အချက်ကိုလည်း ထည့်သွင်းထားပါတယ်။
ဘာစီလိုနာအသင်းဟာ ရပ်ရှ်ဖို့ဒ်အား တရားဝင်မိတ်ဆက်ပွဲကို ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ပါလိမ့်မယ်။















