ရီးယဲလ်မက်ဒရစ်အသင်းဟာ (၅)နှစ်တာကာလအတွင်း အသင်းအတွက် တစ်ပွဲမှ မကစားရတဲ့ ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမား ရေနီယာဂျေးဇူးကို ကမ်းလှမ်းမှုမရှိပါက စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာခွင့်ပေးဖို့ စီစဉ်နေပြီလို့ သိရပါတယ်။
ရီးယဲလ်အသင်းဟာ ရေနီယာ(၂၃ နှစ်)ကို ၂၀၂၀ ခုနှစ်မှာ ဖလာမင်ဂိုအသင်းဆီက ယူရိုသန်း(၃၀) ဝန်းကျင်နဲ့ ခေါ်ယူခဲ့ပြီး အရန်အသင်းအတွက်သာ (၃)ပွဲ အသုံးပြုခဲ့ပါတယ်။
ဝယ်ယူပြီးကတည်းက ဆက်တိုက်အငှားချနေခဲ့ပြီး အသင်းမှာ နေရာပေးနိုင်မယ့် ခြေစွမ်းခြေစမျိုး ပြသနိုင်ခြင်းမရှိတာကြောင့် ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူမယ့်အသင်း မရှိခဲ့ရင် စာချုပ်ဖျက်သိမ်းပေးဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
၂၀၂၆ ခုှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ရေနီယာကို လက်ရှိအချိန်အထိ ကမ်းလှမ်းတဲ့အသင်း မရှိသေးပေမဲ့ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရရှိမယ်ဆိုရင်တော့ ခေါ်ယူချင်တဲ့အသင်းတွေ ရှိလာနိုင်တယ်လို့ ရီးယဲလ်အသင်းက သုံးသပ်ထားပါတယ်။
ရေနီယာဟာ ဖလာမင်ဂိုအသင်းမှာ ကစားစဉ်က တောက်ပလာမယ့် ဆယ်ကျော်သက်တစ်ဦးအဖြစ် ထင်ကြေးပေးခံခဲ့ရသူပါ။
ကမ်းလှမ်းမှုမရှိပါက ရေနီယာကို စာချုပ်ဖျက်သိမ်းပေးဖို့ ရီးယဲလ် စီစဉ်နေ
Most Read
Most Recent
14 hours ago















