ဘာနာဒိုဆေးလ်ဗားကို ဒီနှစ်နွေရာသီမှာ မန်စီးတီးအသင်း ဆက်ထိန်းထားဖွယ်ရှိ

ဘာနာဒိုဆေးလ်ဗားကို ဒီနှစ်နွေရာသီမှာ မန်စီးတီးအသင်း ဆက်ထိန်းထားဖွယ်ရှိ
Photo: X
Photo: X
Published 20 July 2025

မန်စီးတီးအသင်းက ပေါ်တူဂီကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားကို ဒီနှစ်နွေရာသီမှာ ဆက်ထိန်းထားဖွယ်ရှိတယ်လို့ သိရပါတယ်။

ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့သူဖြစ်ပြီး မန်စီးတီးအသင်းက သက်တမ်းတိုးဖို့ ကမ်းလှမ်းခြင်းမရှိတာကြောင့် လမ်းခွဲဖို့ စဉ်းစားနေပြီလို့ သတင်းထွက်နေပါတယ်။

ဒါပေမဲ့ ဘာနာဒိုဆေးလ်ဗား(၃၀ နှစ်)ဟာ မန်စီးတီးအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သလို၊ ဒီဘရိုင်းနားနဲ့  ဝေါ်လ်ကာတို့လို ၀ါရင့်ကစားသမားတွေကို ဆုံးရှုံးထားရတာကြောင့် မန်စီးတီးအသင်းက ထွက်ခွာခွင့်ပြုမှာမဟုတ်ဘူးလို့ ဂျာနယ်လစ် အိုရော်အာကီက သုံးသပ်ခဲ့ပါတယ်။

''ဒီနွေရာသီမှာ မန်စီးတီးကနေ ဘာနာဒိုဆေးလ်ဗား ထွက်ခွာဖို့ အခွင့်အရေးလုံးဝမရှိပါဘူး။ ဂွါဒီယိုလာက သူ့ကို ထွက်ခွာခွင့်ပြုမယ်လို့ မထင်ပါဘူး။ သူက အဝတ်လဲခန်းထဲမှာ အရေးပါတဲ့ ပုံရိပ်တစ်ခုဖြစ်သလို၊ ဒီဘရိုင်းနားနဲ့ ဝေါ်လ်ကာတို့လို အတွေ့အကြုံရင့်ကစားသမားတွေကိုလည်း  ဆုံးရှုံးထားတာကြောင့်ပါ'' လို့ အိုရော်အာကီက ပြောကြားခဲ့ပါတယ်။

ဘာနာဒိုဆေးလ်ဗားကို ရီးယဲလ်နဲ့ PSG တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Most Read

Most Recent