ရွှေညဝါဆရာတော်ကြီး သက်တော် ၆၁ နှစ်တွင် ပျံလွန်တော်မူ

ရွှေညဝါဆရာတော်ကြီး သက်တော် ၆၁ နှစ်တွင် ပျံလွန်တော်မူ
Published 10 July 2025

ရွှေညဝါဆရာတော်ကြီး အရှင်ပညာသီဟသည် 

ဇူလိုင် ၁၀ ရက်၊ နံနက် ၂ နာရီ ၄၅ မိနစ်တွင် ပျံလွန်တော်မှုခဲ့ကြောင်း ဆရာတော်၏တပည့်များထံမှ သိရသည်။

သက်တော် ၆၁ နှစ်၊ ဝါတော် ၄၀ ခန့်ရှိပြီဖြစ်သည့် ရွှေညဝါဆရာတော်ကြီးသည် ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရင်း ပျံလွန်တော်မှုခဲ့ကြောင်း ဆရာတော့်တပည့်များထံမှ  ကနဦးသိရသည်။ 

ယခုအခါ ရွှေညဝါဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို သီတင်းသုံးရာ မှော်ဘီမြို့နယ်၊ ဘန်းဘွေးကုန်းကျေးရွာရှိ ရွှေညဝါတောရ သာသနာပြုကျောင်းတိုက်သို့ ပို့ဆောင်ထားရှိပြီးဖြစ်သည်။

ဆရာတော်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ပြန်လည်လွတ်မြောက်ခဲ့ကာ အသည်းရောဂါဖြင့် ဘဝနတ်ထံပျံလွန်တော်မူခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - Shwenyawar Facebook Page

Most Read

Most Recent