အဓိကညွန့်ပေါင်း အဖွဲ့တစ်ဖွဲ့နုတ်ထွက် သွားပြီးနောက် ထိုင်းအစိုးရသည် ပြိုကွဲလုနီး ပါး အခြေ အနေသို့ရောက်ရှိနေသည်။လက်ရှိတွင် ထိုင်းနိုင်ငံသည် နောက်ထပ်နိုင်ငံရေး မတည်မငြိမ်မှု အခြေအနေတစ်ရပ်ကို ရင် ဆိုင်နေရသည်။
ထိုင်းနိုင်ငံရေးအခြေအနေနှင့်ပတ် သက်သည့် အကျပ်အတည်းအကြောင်းဆက် လက်ဖော်ပြသွားမည်။နိုင်ငံရေးအကျပ်အတည်းဖြစ်စဉ်ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ် သည် ညွန့်ပေါင်းအစိုးရတစ်ရပ်ကို ဦးဆောင် သူဖြစ်သည်။ သို့သော်ဒုတိယအကြီးဆုံးပါတီ နုတ်ထွက်ခဲ့ပြီးနောက် ယင်းညွန့်ပေါင်းအစိုး ရသည် ပြိုကွဲလုနီးပါးအန္တရာယ်နှင့် ကြုံတွေ့ နေရသည်။
ညွန့်ပေါင်းအဖွဲ့မှ ဒုတိယအကြီးဆုံးဖြစ် သည့် Bhumjaithai ပါတီသည် မဟာမိတ် အဖွဲ့မှ နုတ်ထွက်ကြောင်း ဇွန် ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အကြောင်းအရင်းမှာ ပေတုန်တန်နှင့် ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန် ဆန်တို့၏ ဖုန်းခေါ်ဆိုမှုအသံဖိုင်ပေါက်ကြား လာခြင်းကြောင့် ဖြစ်သည်။
Bhumjaithai ပါတီနုတ်ထွက်ခြင်းသည် ပေတုန်တန်အနေဖြင့် လွှတ်တော်အမတ် ၆၉ ဦးကို ဆုံးရှုံးလိုက်ရသည့် သဘောဖြစ် သည်။
လက်ရှိတွင် ပေတုန်တန်သည် ပါလီမန် တွင် အတိုက်အခံများထက် ထောက်ခံသူ လွှတ်တော်အမတ်အင်အား အနည်းငယ်သာ ပိုသာနေသေးသည်။သို့သော် နောက်ထပ် တစ်ပါတီထက်မနည်း နုတ်ထွက်သွားလျှင်မူ ၎င်းင်း၏အစိုးရသည် ပြိုကွဲလုနီးပါး ဖြစ်လာ လိမ့်မည်။
ပေတုန်တန်က ဖုန်းခေါ်ဆိုမှုအတွက် တောင်းပန်စကားပြောကြားခဲ့သည်။ သူသည် ကမ္ဘောဒီးယားနှင့် တင်းမာနေသော နယ်စပ် အငြင်းပွားမှုပြဿနာကို တည်ငြိမ်စေရန်ကြိုး ပမ်းခဲ့ခြင်းသာဖြစ်ပြီး ယင်း အသံဖိုင်သည်ယခု ကဲ့သို့ အများပြည်သူထံ ပေါက်ကြားလာလိမ့် မည်ဟု မမျှော်လင့်မိကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
အသံဖိုင်ပေါက်ကြားမှု
ပေတုန်တန်သည် ဇွန် ၁၅ ရက်တွင်ဟွန်ဆန်နှင့် ဖုန်းပြောခဲ့သည်။ ၎င်းတို့သည် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံကြား နယ်စပ်အငြင်းပွားမှုအကြောင်း ဆွေးနွေးခဲ့ကြသည်။ လွန်ခဲ့သည့်လက ထိုင်းနှင့်ကမ္ဘောဒီးယားနယ် စပ်တွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယားစစ်သားတစ်ဦး သေဆုံးခဲ့ သည်။
အစပိုင်းတွင် ဖုန်းခေါ်ဆိုမှုမှ ကိုးမိနစ် ကြာအသံဖိုင်သည် အွန်လိုင်းတွင်ပေါက်ကြား လာခဲ့သည်။ယင်းနောက် နာရီပိုင်းအကြာတွင် ဟွန်ဆန်က ၁၇ မိ နစ်ကြာ ဖုန်းခေါ်ဆိုမှုအသံ ဖိုင် အပြည့်အစုံကို အွန်လိုင်းတွင် တင်ခဲ့ သည်။
ဟွန်ဆန်သည် ၂၀၂၃ ခုနှစ်တွင် ဝန်ကြီး ချုပ်ရာထူးမှ နုတ်ထွက်ခဲ့သော်လည်းလက်ရှိ အချိန်အထိ ကမ္ဘောဒီးယားတွင်အလွန်သြဇာ ရှိနေဆဲဖြစ်သည်။
ယင်းအသံဖိုင်တွင် ပေတုန်တန်ကဟွန်ဆန်ကို “အန်ကယ်”ဟု ခေါ်ဆိုခဲ့သည်။ထိုင်း ယဉ်ကျေးမှုတွင် ငယ်သူမှ ကြီးသူကို “အန် ကယ်”ဟုခေါ်ဆိုသော အသုံးအနှုန်းသည်ပုံ မှန်ပင်ဖြစ်သည်။
သို့သော် ပေတုန်တန်သည် အလွန်ဖော် ရွေပြီး နူးညံ့နေသည်ဟု အချို့လူများကသုံး သပ်ထားသည်။ ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် ပေတုန်တန်သည် ပိုမိုခိုင်မာပြတ်သားသင့် သည်ဟု ယူဆထားကြသည်။
ပိုမိုဆိုးရွားသည်မှာ ပေတုန်တန်သည် နိုင်ငံအရှေ့မြောက်ပိုင်းရှိ ထိုင်းစစ်တပ်တပ် မှူးအား ၎င်း၏ “အတိုက်အခံ”ဟု သုံးနှုန်းခဲ့ ခြင်းဖြစ်သည်။ ယင်းသည် နိုင်ငံတွင်းရှိအမျိုး သားရေးဝါဒီများနှင့် စစ်တပ်လိုလားသော အုပ်စုများကို စိတ်တိုဒေါသဖြစ်စေခဲ့သည်။
ထိုင်းစစ်တပ်သည် နိုင်ငံရေးတွင် ဝင် ရောက်စွက်ဖက်သည့် ရှည်လျားသောသမိုင်း ကြောင်းတစ်ရပ် ရှိသည်။ ခေါင်းဆောင်များ သည် ပုံမှန်အားဖြင့် ၎င်းင်းတို့အား ဒေါသမဖြစ် စေရန် ရှောင်ရှားလေ့ရှိသည်။
ရှင်နာဝပ်မိသားစုသည် စစ်တပ်နှင့် ဆိုး ရွားသော ဆက်ဆံရေးသမိုင်းကြောင်းတစ်ရပ် ရှိခဲ့သည်။ စစ်တပ်သည် အတိတ်ကာလက ပေတုန်တန်၏ဖခင် သက်ဆင်ရှင်နာဝပ်နှင့် ၎င်းင်း၏အဒေါ်ယင်းလပ်ရှင်နာဝပ်တို့ကို ဝန် ကြီးချုပ်ရာထူးမှ ဖြုတ်ချခဲ့သည်။
ပေတုန်တန်သည် ဇွန် ၁၉ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး တောင်းပန်ခဲ့သည်။ သူသည် စည်းလုံးညီညွတ် မှုကို ပြသသည့်အနေဖြင့် စစ်တပ်တပ်မှူးများ ၏ ဘေးတွင် ရပ်ကာ တောင်းပန်စကားပြော ကြားခဲ့သည်။
စစ်တပ်ကလည်း ထုတ်ပြန်ကြေညာချက် တစ်ရပ်ကို ထုတ်ခဲ့သည်။ ၎င်းင်းတို့သည်ဒီမိုက ရေစီကို ထောက်ခံအားပေးနေကြောင်းနှင့် ထိုင်းနိုင်ငံသားများအားလုံးအနေဖြင့် နိုင်ငံ ၏ အချုပ်အခြာကို ကာကွယ်ကြရန်တိုက် တွန်းခဲ့သည်။
နောက်ကွယ်မှ အကြောင်းအရင်း
ပေတုန်တန်၏အစိုးရသည် လပေါင်း များစွာ ဖိအားများနှင့်ရင်ဆိုင်နေရသည်။
နိုင်ငံ၏စီးပွားရေး အားနည်းနေပြီးအမေ ရိကန်၏ ကုန်သွယ်မှုစည်းကြပ်ခွန်များကို ရပ်တန့်နိုင်ရန် လုပ်ဆောင်နိုင်ခြင်းမရှိသေး ပေ။ အခြားနိုင်ငံရေးအဖွဲ့များနှင့် ဆက်ဆံရေး မှာလည်း ပိုမိုဆိုးရွားလာခဲ့သည်။
လွန်ခဲ့သည့်သီတင်းပတ်က တင်းမာမှု များ ပိုမိုဆိုးရွားလာခဲ့သည်။ ဖျူထိုင်းပါတီ(ပေ တုန်တန်၏ပါတီ)သည် Bhumjaithai ပါတီ ၏ ခေါင်းဆောင် အနူတင်ချန်ဗီရာကူထံမှ ပြည်ထဲရေးဝန်ကြီးရာထူးမှ ဖယ်ရှားရန် ကြိုး ပမ်းခဲ့သည်။
ပေတုန်တန်သည် အတွေ့အကြုံမရှိသူ ဖြစ်ကြောင်း ဝေဖန်သူများက သုံးသပ်ထား သည်။ ပေတုန်တန်သည် ၂၀၂၄ ခုနှစ်သြဂုတ် လက ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။သူသည် ကမ္ဘောဒီးယားနယ်စပ်အကျပ်အတည်းတွင် ခေါင်းဆောင်မှုအတွေ့အကြုံအားနည်း ကြောင်း ပြသနေသည်ဟု အချို့က သုံးသပ် ထားကြသည်။
၎င်း၏ညွန့်ပေါင်းအစိုးရသည် အမြဲလို လိုမတည်မငြိမ်ဖြစ်ခဲ့သည်။ ယင်းအစိုးရသည် သက်ဆင်၊ ၎င်းင်း၏မိသားစုနှင့် ၎င်းင်းတို့၏ပါတီ များကို ကာလကြာရှည် ဆန့်ကျင်နေသည့် စစ်တပ်လိုလားသော ပါတီများကို မှီခိုအား ထားနေရသည်။
လက်ရှိတွင် အသက် ၇၅ နှစ်အရွယ်ရှိ ပြီဖြစ်သည့် သက်ဆင်သည် ကျေးလက်နေ ပြည်သူများအကြားတွင် ရေပန်းစားလျက်ရှိ သည်။သို့သော် သြဇာအာဏာရှိသည့် ထိုင်း လူကုံထံများကမူ ၎င်းင်းကို မနှစ်သက်ပေ။၎င်းင်း တို့က သက်ဆင်ကို အကျင့်ပျက်ခြစားသူ၊ဆွေ မျိုးကောင်းစားရေးဝါဒကို အားပေးသူဖြစ် သည့်အပြင် နိုင်ငံ၏လူမှုစည်းလုံးညီညွတ်ရေး ကို ခြိမ်းခြောက်နေသူတစ်ဦးဟု ရှုမြင်ထား သည်။
သက်ဆင်သည် ၂၀၂၃ ခုနှစ်တွင်ပြည် နှင်ဒဏ်မှ ထိုင်းနိုင်ငံသို့ ပြန်လာခဲ့သည်။ယင်း နောက်ပိုင်းတွင် သူသည် မကြာခဏလူမြင် ကွင်းတွင် ထွက်ပေါ်ခဲ့သည်။ထို့ကြောင့်သူ သည် အစိုးရကို လျှို့ဝှက်စွာ ထိန်းချုပ်နေမည့် အခြေအနေအပေါ် ဝေဖန်သူများက စိုးရိမ် နေကြသည်။
နောင်ဖြစ်လာနိုင်မည့်အခြေအနေ
အဓိကညွန့်ပေါင်းပါတီနှစ်ခုသည်အ ကျပ်အတည်းကို ဆွေးနွေးရန် ဇွန် ၁၉ ရက် တွင် တွေ့ဆုံခဲ့သည်။
တစ်ပါတီ သို့မဟုတ် ပါတီနှစ်ရပ်လုံးက မဟာမိတ်အဖွဲ့မှ နုတ်ထွက်သွားမည်ဆိုလျှင် ပေတုန်တန်၏ အစိုးရသည် ကျိန်းသေပြိုကွဲ လုနီးပါး ဖြစ်လာလိမ့်မည်။
ယင်းအခြေအနေပေါ်ပေါက်လာလျှင် ပေတုန်တန်သည် ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အသစ်တစ်ရပ်ပြုလုပ်ရန် တောင်းဆိုနိုင်သည်။ရွေးကောက်ပွဲသည်ရက် ၆၀ အတွင်း ပြုလုပ်ရမည်ဖြစ်သည်။
ပေတုန်တန်အတွက် နောက်ထပ်ရွေး ချယ်မှုတစ်ခုမှ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက် ခြင်းဖြစ်သည်။ယင်းနောက် အခြားပါတီများ သည် ညွန့်ပေါင်းအစိုးရသစ်တစ်ရပ်ကိုဖွဲ့ စည်းရန် ကြိုးပမ်းနိုင်သည်။
သို့သော် ယင်းအခြေအနေဖြစ်လာရန် ပင် မလွယ်ကူပေ။ပါလီမန်တွင် မည်သည့် နိုင်ငံရေးပါတီညွန့်ပေါင်းအဖွဲ့ မျှ အစိုးရတစ် ရပ်ဖွဲ့စည်းနိုင်ရန် မလွယ်ကူပေ။
ထို့ပြင် လွန်ခဲ့သည့်နှစ်ပေါင်း ၁ဝဝအ တွင်း စစ်တပ်အာဏာသိမ်းမှု ၁၂ ကြိမ်ဖြစ် ပွားခဲ့သည့် ထိုင်းနိုင်ငံအတွက် နောက်ထပ် စစ်တပ်ကြားဝင်မှုအခြေအနေသည် ထပ်မံ ဖြစ်လာနိုင်သည့် အခြေအနေအဖြစ်ထည့် သွင်းစဉ်းစားရမည့်အချက်ဖြစ်သည်။
Ref;AFP















