၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲကြိုသုံးသပ်ချက်

၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 15 June 2025

ဘိုင်ယန်မြူးနစ် နှင့် အော့ကလန်စီးတီး (မြန်မာစံတော်ချိန် တနင်္ဂနွေည ၁ဝး၃၀ နာရီ)

ဘိုင်ယန်မြူးနစ်က ဒီပြိုင်ပွဲမှာ ချန်ပီယံဆုရရှိဖို့ ရေပန်းအစားဆုံးစာရင်းထဲ ပါဝင်နေပါတယ်။ ဒီပြိုင်ပွဲအမီ ကစားသမားအားဖြည့်မှုတွေလည်း ပြုလုပ်ထားပါတယ်။ အုပ်စုတွင်းမှာ ဘိုကာဂျူနီယာနဲ့ ဘင်ဖီကာတို့ ပါဝင်နေတာကြောင့် အုပ်စုကျပ်တယ်လို့ ဆိုနိုင်ပြီး အင်အားအနည်းဆုံးဖြစ်တဲ့ အော့ကလန်စီးတီးကို အနိုင်ယူထားနိုင်ဖို့ လိုအပ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း ဂိုးပြတ်အနိုင်ရဖို့ အလားအလာများပါတယ်။

PSG နှင့် အက်သလက်တီကို (မြန်မာစံတော်ချိန် တနင်္လာနံနက် ၁း၃၀ နာရီ)

ဖလားသုံးလုံးအောင်ပွဲကို ပူပူနွေးနွေးရယူထားတဲ့ PSG အသင်းအနေနဲ့ ဒီပြိုင်ပွဲမှာ ဂုဏ်သိက္ခာမထိခိုက်အောင် ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်ပါတယ်။ လက်ရှိအချိန်မှာတော့ ရီးယဲလ်မက်ဒရစ်ရဲ့နောက် ဒုတိယရေပန်းအစားဆုံးဖြစ်နေပါတယ်။ အုပ်စုတွင်း တခြားပြိုင်ဘက်တွေက ဘိုတာဖိုဂိုနဲ့ ဆီယက်တယဆောင်းဒါးစ်တို့ဖြစ်တာကြောင့် နောက်တစ်ဆင့်တက်ဖို့တော့ အခက်အခဲမရှိနိုင်ပါဘူး။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် League Phase မှာ ဆုံတွေ့တုန်းက အက်သလက်တီကိုအသင်းက အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာတော့ အမှတ်ခွဲယူကြလိမ့်မယ် ထင်ပါတယ်။

ပါးလ်မီးရပ်စ် နှင့် ပေါ်တို (မြန်မာစံတော်ချိန် တနင်္လာနံနက် ၄း၃၀ နာရီ)

ဒီနှစ်သင်းက အင်တာမိုင်ယာမီ၊ အယ်လ်အာလီတို့နဲ့အတူ အုပ်စု(A)မှာ ကျရောက်နေတာပါ။ အဖွင့်ပွဲအဖြစ် ကစားခဲ့တဲ့ အယ်လ်အာလီ- အင်တာမိုင်ယာမီပွဲက ဂိုးမရှိသရေရလဒ်နဲ့ အဆုံးသတ်ခဲ့တာကြောင့် ဒီနှစ်သင်းအတွက် အားသာချက်ပိုရှိသွားပါတယ်။ နှစ်သင်းစလုံး အနိုင်ရဖို့ အခွင့်အရေးဆတူရှိတဲ့ ပြိုင်ဘက်တွေလို့ ဆိုရမှာဖြစ်ပြီး ပေါ်တိုအသင်းကို ပိုကြိုက်ပါတယ်။

ဘိုတာဖိုဂို နှင့် ဆီယက်တယ်ဆောင်းဒါးစ် (မြန်မာစံတော်ချိန် တနင်္လာနံနက် ၈း၃၀ နာရီ)

ဥရောပထိပ်သီးတွေဖြစ်တဲ့ PSG၊ အက်သလက်တီကိုတို့နဲ့ အုပ်စုတူ ကျရောက်ခဲ့တာကြောင့် ဒီနှစ်သင်းက အိမ်ဖြည့်တွေလို ဖြစ်နေပါတယ်။ နောက်တစ်ဆင့်တက်ဖို့ အခွင့်အလမ်းနည်းပါးပေမဲ့ ဂုဏ်သိက္ခာအတွက်တော့ တိုက်ပွဲဝင်ကြမှာပါပဲ။ ဘရာဇီးလ်ကလပ် ဘိုတာဖိုဂိုအသင်းကို ရွေးချယ်ချင်ပါတယ်။

Most Read

Most Recent