ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမား(၁၄)ဦးအထိ ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့သည့်အတွက် ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်သွားရန် စီစဉ်နေသလို၊ ကွန်းဖရန့်လိဂ်ချန်ပီယံဆု ရရှိခဲ့သည့်အတွက် နည်းပြ မာရက်စကာကို အားဖြည့်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် မာရက်စကာ အလိုရှိသည့် ကစားသမားသစ်များ ခေါ်ယူနိုင်ရန်အတွက် လက်ရှိအသင်းမှ ကစားသမားများကို ရောင်းထုတ်ရမည်ဖြစ်ရာ အရောင်းစာရင်းတွင် ကစားသမား(၁၄) ဦးအထိ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကစားသမားများထဲ၌ ဂျော်အိုဖေးလစ်၊ မာဒူအေကေ၊ အန်ကွန်ကူ စသည့် ကစားသမားများလည်း ပါဝင်မည်ဖြစ်ကြောင်း The Guardian က ဖော်ပြခဲ့သည်။
ချယ်လ်ဆီးနည်းပြ မာရက်စကာသည် အသင်း၏ တိုက်စစ်ပိုင်းကို အဓိကပြင်ဆင်ရန် စီစဉ်နေသည့်အတွက် လက်ရှိအသင်းမှ တိုက်စစ်ကစားသမားအများစုကို အရောင်းစာရင်းတင်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
ချယ်လ်ဆီးအသင်းသည် အစ်ဝစ်ချ်တိုက်စစ်မှူး ဒီလပ်ကို ခေါ်ယူရန် အဓိကပစ်မှတ်ထားနေပြီး အက်ကီတီကီ၊ ရှက်ရှကို၊ ယိုကယ်ရက်စ်တို့ကိုလည်း ချိန်ရွယ်နေကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် မတ်လအတွင်းက ပေါင်(၁၈.၅)သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိထားသည့် စပို့တင်းလစ္စဘွန်းအသင်းမှ ပေါ်တူဂီကွင်းလယ်ကစားသမား အက်ဆူဂိုကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။















