အိန္ဒိယကို နောက်ထပ်တိုက်ခိုက်မှု လုပ် ဆောင်လာခဲ့ပါက ပြင်းပြင်းထန်ထန်တုံ့ပြန် သွားမည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီ က မေ ၁၂ ရက်မိန့်ခွန်းတွင် ပါကစ္စတန်ကို သတိပေးပြောကြားလိုက်သည်။
အိမ်နီးချင်းပါကစ္စတန်နှင့် အပြန်အလှန် တိုက်ခိုက်မှု လေးရက်ကြာဖြစ်ပွားပြီးနောက် ဝန်ကြီးချုပ်မိုဒီက ပထမဆုံးအကြိမ် နိုင်ငံ တော်မိန့်ခွန်းပြောကြားမှုတွင် ယင်းသို့သတိ ပေးလိုက်ခြင်းဖြစ်သည်။
“ဒါဟာ စစ်ပွဲခေတ်မဟုတ်သလို ၊ အကြမ်းဖက်တဲ့ခေတ်လည်း မဟုတ်ပါ” ဟု မိုဒီက ပြောသွားသည်။ အမေရိကန်၏ ကြား ဝင်စေ့စပ်ပေးမှုဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုလည်း ရထားပြီဖြစ်သည်။သို့သော် သတိဝီရိယဖြင့် ရှိနေသည်ဟု နှစ်နိုင်ငံစလုံးကပြောသည်။
မိန့်ခွန်းထဲတွင် မိုဒီက “ အကြမ်းဖက်မှု နဲ့ ကုန်သွယ်ရေးဆွေးနွေးမှုဆိုတာ အတူမဖြစ် နိုင်ပါဘူး” ဟု ပြောသွားသည်။ဒေါ်နယ်ထရန့် က အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံကြားတိုက်ပွဲ ရပ်မှသာ ၎င်းတို့နှစ်နိုင်ငံနှင့် ကုန်သွယ်မှုပြု လုပ်မည်ဟု ပြောဆိုထားသည်ကို မိုဒီက ရည် ညွှန်းပြောခဲ့ခြင်းဖြစ်သည်။
ဆက်လက်ပြီးဝန်ကြီးချုပ်မိုဒီက “ရေနဲ့ သွေး အတူစီးလို့မဖြစ်ဘူး” ဟုလည်း ဆိုခဲ့ သည်။ အိန္ဒိယနှင့်ပါကစ္စတန်ကြား မြစ်ရေ သဘောတူညီမှု ရပ်ဆိုင်းလိုက်ခြင်းကို ရည် ညွှန်းပြောခြင်းဖြစ်သည်။
မိုဒီမိန့်ခွန်းမပြောမီ တစ်ရက်အလို မေ ၁၁ ရက်တွင် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ် ရှာရစ်ဖ်က “ငါတို့ရဲ့သိက္ခာ ၊ ငါတို့ရဲ့ကိုယ့် ကိုယ်ကိုယ်လေးစားမှုဟာ ငါတို့ရဲ့အသက် တွေထက် ပိုတန်ဖိုးရှိတယ်” ဟု ပြောကြား ခဲ့သည်။
သို့သော် အိန္ဒိယနှင့်ရေပြဿနာကို ပြေလည်သည့်ညှိနှိုင်းမှုများဖြင့် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ပါကစ္စတန်ဝန်ကြီးချုပ်ကပြောသည်။
မေ ၁၂ ရက်အစောပိုင်းတွင် အိန္ဒိယနှင့် ပါကစ္စတန် ထိပ်ပိုုင်းစစ်တပ်အရာရှိများက အပစ်အခတ်ရပ်စဲရေး သဘောတူထားသည့် ကိစ္စ အသေးစိတ်ကို ဆွေးနွေးခဲ့ကြသည်။
နယ်စပ်ဒေသမှ တပ်ဖွဲ့များလျှော့ချရေး ကို ချက်ချင်းလုပ်ဆောင်ရန် နှစ်ဖက်သဘော တူခဲ့သည်ဟုလည်း အိန္ဒိယစစ်တပ်က ထုတ် ပြန်ကြေညာထားသည်။ အရပ်သားများ၏ လုံခြုံရေးအတွက် ပိတ်ထားသည့် လေဆိပ် ၃၂ ခုကို ပြန်လည်ဖွင့်မည်ဟုလည်း အိန္ဒိယ ဘက်က ကြေညာသည်။
ဧပြီ ၂၂ ရက်က ကက်ရှ်မီးယားတွင်ဖြစ် ပွားခဲ့သည့် တိုက်ခိုက်မှုကြောင့် တိုးရစ် အများစုအပါအဝင် လူ ၂၆ ဦးသေဆုံး ခဲ့ပြီးနောက် နှစ်နိုင်ငံ ယခုအခြေအနေအထိ တင်းမာလာခဲ့ခြင်းဖြစ်သည်။ယင်းတိုက်ခိုက် မှုအပြီး ကက်ရှ်မီးယားစစ်သွေးကြွများကို ပါကစ္စတန်က အားပေးနေသည်ဟု အိန္ဒိယ ဘက်က စွပ်စွဲလာခဲ့သည်။ကက်ရှ်မီးယား သည် ၎င်းင်းတို့နှစ်နိုင်ငံစလုံးက သူပိုင်ငါပိုင် ပြောဆိုထားသည့်နေရာ၊ စစ်ပွဲနှစ်ခုကိုဖြစ် စေခဲ့သည့် နေရာဖြစ်သည်။
ကက်ရှ်မီးယားဖြစ်ရပ်အပြီး မြစ်ရေမျှေ ပေးသည့် Indus Waters Treaty အရေးကြီး သဘောတူညီချက်ကို အိန္ဒိယဘက်က ဆိုင်း ငံ့ခဲ့သည်။လူပေါင်း ၁၆၆ ဦးကျော်သေဆုံး စေခဲ့သည့် ၂၀၀၈ မွမ်ဘိုင်းတိုက်ခိုက်မှုများ ဖြစ်ခဲ့စဉ်ကလည်း ကျူး လွန်သူစစ် သွေးကြွ များကို ပါကစ္စတန်က ထောက်ခံအားပေး ခဲ့သည်ဟု အိန္ဒိယဘက်က ပြောဆိုခဲ့ကာ ပါကစ္စတန်ဘက်က ငြင်းခဲ့သည်။
Ref;BBC















