■ ကမ္ဘာ့ ရုပ်သံနှင့် ဖျော်ဖြေရေး ထိပ်သီး တွေ့ဆုံပွဲ WAVES 2025 အိန္ဒိယနိုင်ငံ မွမ်ဘိုင်းတွင် ကျင်းပ

■ ကမ္ဘာ့ ရုပ်သံနှင့် ဖျော်ဖြေရေး ထိပ်သီး တွေ့ဆုံပွဲ WAVES 2025 အိန္ဒိယနိုင်ငံ မွမ်ဘိုင်းတွင် ကျင်းပ
Published 1 May 2025

■ Eleven Media Group ၏ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း တက်ရောက် 

ကမ္ဘာ့ ရုပ်သံနှင့် ဖျော်ဖြေရေး ထိပ်သီး တွေ့ဆုံပွဲ World Audio Visual & Entertainment Summit (WAVES 2025) ကို အိန္ဒိယနိုင်ငံ မွမ်ဘိုင်းတွင် (ယနေ့) မေ ၁ ရက်မှ စတင် ကျင်းပလျက်ရှိကြောင်းသိရသည်။

ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် အဆိုပါ WAVES 2025 Summit သို့ အိန္ဒိယအစိုးရနှင့် WAVES ၏ ဖိတ်ကြားမှုအရ Eleven Media Group ၏ အယ်ဒီတာချုပ် ကိုကျော်ဇောလင်းလည်း တက်ရောက်လျက်ရှိကြောင်း သိရသည်။ 

ကမ္ဘာ့ ရုပ်/သံနှင့် ဖျော်ဖြေရေး ထိပ်သီးတွေ့ဆုံပွဲ World Audio Visual & Entertainment Summit ကို မွမ်ဘိုင်းမြို့ရှိ Jio World Centre တွင် ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး နိုင်ငံတကာမှ ဖိတ်ကြားထားသူများ အိန္ဒိယနိုင်ငံအစိုးရ တာဝန်ရှိသူများ ဘောလီဝုဒ်မှ နာမည်ကြီး အနုပညာရှင်များ တက်ရောက်နေကြခြင်း ဖြစ်သည်။ 

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် မေ ၁ ရက်က မွန်ဘိုင်းမြို့တွင်ပြုလုပ်သည့် အဆိုပါ World Audio Visual and Entertainment Summit (WAVES) ဆွေးနွေးပွဲကို တက်ရောက်ဖွင့်လှစ်‌ပေးခဲ့သည်။

ထို့ပြင် မေ ၁ ရက် နံနက်ပိုင်း၌ ကမ္ဘာ့ ရုပ်/သံနှင့် ဖျော်ဖြေရေး ထိပ်သီး တွေ့ဆုံပွဲ ဖွင့်ပွဲအစီအစဉ်တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပွဲနှင့်ပတ်သက်၍ ၎င်း၏ ရည်ရွယ်‌မျှော်မှန်းမှုများကိုလည်း  မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ 

လူငယ်မျိုးဆက်များကို လူသားမျိုးနွယ်အားဆန့်ကျင်သည့် အတွေးအခေါ်များ မဝင်ရောက်စေရန်အတွက် မိမိတို့က ထိန်းကျောင်းပေးဖို့လိုအပ်ကြောင်း၊ လက်ရှိအချိန်၌ အိန္ဒိယအတွက် ဖန်တီးမှု၊ ကမ္ဘာအတွက်ဖန်တီးမှုများပြုလုပ်ရန် အချိန်ကောင်းဖြစ်ကြောင်း မိုဒီက ပြောကြားခဲ့သည်။ 

အိန္ဒိယတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၁၂ နှစ်ဖြစ်သည့် ၁၉၁၃ ခုနှစ် မေ ၃ ရက်က Raja Harishchandra အမည်ရှိ ပထမဆုံးရုပ်ရှင်ကားကို ပြသခဲ့ကြောင်း၊ထိုအချိန်မှစပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀ အတွင်း အိန္ဒိယရုပ်ရှင်များသည် နိုင်ငံတကာက အသိအမှတ်ပြုမှုကို ရရှိခဲ့ကြောင်းလည်း မိုဒီက ၎င်း၏မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားခဲ့သည်။ 

WAVES 2025 ပွဲသည် အိန္ဒိယတွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် အခမ်းအနားဖြစ်ပြီး "အကြောင်းအရာဖန်တီးသူများအကြား ချိတ်ဆက်ခြင်း၊ နိုင်ငံများကြား ချိတ်ဆက်ခြင်း" ဟူသည့် ဆောင်ပုဒ်နှင့်အတူ ကိုယ်စားလှယ်ပေါင်း ၁၀၀၀၀ ကျော်၊ အကြောင်းအရာဖန်တီးသူ ၁၀၀၀၊ ကုမ္ပဏီ ၃၀၀ ကျော်နှင့် တည်ထောင်စကုမ္ပဏီ ၃၅၀ ကျော်နှင့်အတူ နိုင်ငံပေါင်း ၉၀ ကျော်မှ လူအများအပြား တက်ရောက်နေကြခြင်းလည်း ဖြစ်သည်။ 

ထိုပွဲတွင် ရုပ်သံထုတ်လွှင့်မှု၊ သတင်းနှင့်ဖျော်ဖြေရေး၊ အန်နီမေးရှင်း၊ Visual Effects၊ ဗီဒီယိုဂိမ်း၊ ရုပ်ပြစာအုပ် နှင့် Extended Reality များအကြောင်းကို ဆွေးနွေးမည်ဖြစ်သည်။ 

မိုဒီသည် content creator များကို ရည်မှန်းချက်ကြီးကြီးထားရန်နှင့် ထိုရည်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ရန် မိမိတို့ ခွန်အားရှိသမျှ ကြိုးပမ်းလုပ်ဆောင်ကြရန် WAVE 2025 အခမ်းအနားတွင် တိုက်တွန်းခဲ့သည်။ 

content creator များသည် အိန္ဒိယ၏ တီထွင်ဖန်တီးမှုအတွက် လှိုင်းအသစ်တစ်ခုဖြစ်ကြောင်းလည်း မိုဒီက ပြောကြားခဲ့သည်။ ယခု ပြလုပ်လျှက်ရှိသည့် ကမ္ဘာ့ ရုပ်သံ နှင့် ဖျော်ဖြေရေး ထိပ်သီး တွေ့ဆုံပွဲကို မေ ၁ ရက်မှ မေ ၄ ရက်ထိ မွမ်ဘိုင်းမြို့တွင် ပြုလုပ်နေခြင်းဖြစ်သည်။

 

Most Read

Most Recent