♦ အာဆင်နယ် နှင့် ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် ဧပြီလ ၂၄ ရက် နံနက် ၁:၃၀ နာရီ)
အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက် မရှိသလောက်ဖြစ်နေတဲ့ အခြေအနေမှာတောင် အာရုံစိုက်ကစားနေတုန်းဆိုတာ တွေ့ရတယ်။ အဓိက ကစားသမားတွေလည်း ကွင်းထဲမှာ အများကြီး မြင်နေရသလို နိုင်ပွဲတွေကိုလည်း ဆာလောင်စိတ်အပြည့်နဲ့ ယူနေတယ်။ ဖြစ်နိုင်တာက ဒဏ်ရာပြဿနာ စိုးရိမ်စိတ်ထက် အသင်းရဲ့ Rhythm မပျက်စီးဖို့က ပိုအရေးကြီးတယ်ဆိုတဲ့ဘက်ကို အာတီတာ တွေးလိုက်သလိုပဲ။ ဒါပေမဲ့ ဒီပွဲကတော့ အာတီတာအနေနဲ့ အဓိကကစားသမားတချို့ကို အနားပေးဖို့ရှိပါတယ်။ ပဲလေ့စ်ကတော့ ဒီဇင်ဘာကတည်းက အဝေးကွင်းမှာ ဆက်တိုက်နိုင်ပွဲတွေ ယူလာရကနေ နောက်ဆုံးအဝေးကွင်း ၃ ပွဲမှာ အရှိန်ပြန်ကျသွားတယ်။ ဆောက်သမ်တန်ကို သရေကျပြီး၊ မန်စီးတီးနဲ့ နယူးကာဆယ်တို့ကို ပြတ်ပြတ်သားသား ရှုံးပွဲတွေ့ခဲ့တယ်။ လက်ရှိ ခြေစွမ်း၊ စိတ်ဓာတ်၊ Form နဲ့ ဆိုရင်တော့ ပွဲထွက်လူစာရင်းမှာ ကစားသမားမစုံရင်တောင် အာဆင်နယ် နိုင်ဦးမှာပဲ။
■ အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်အိမ်ကွင်းနောက်ဆုံး (၁၉)ပွဲတွင် (၁)ပွဲသာ ရှုံးနိမ့်ခဲ့ပြီး (၁၃)ပွဲအနိုင်ရရှိခဲ့သလို၊ (၂)ဂိုးနှင့်အထက် သွင်းနိုင်သည့်ပွဲမှာလည်း (၁၃)ပွဲရှိခဲ့သည်။
■ ပဲလေ့စ်အသင်းသည် အာဆင်နယ်နှင့်တွေ့ဆုံသည့် ပြိုင်ပွဲစုံနောက်ဆုံး (၆)ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး ဂိုးမသွင်းနိုင်သည့်ပွဲမှာလည်း (၃)ပွဲရှိခဲ့သည်။