
ဘိလပ်မြေစက်ရုံ (မြိုင်ကလေး) နှင့် (ပြည်ညောင်)တို့မှ စက်ရုံအထိုင်ဈေးဖြင့် ငလျင်ဘေးဒဏ်သင့်ဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်းနှင့် ပဲခူးတိုင်း အစိုးရအဖွဲ့များသို့ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လိုအပ်သောဘိလပ်မြေများအား ဘိလပ်မြေစက်ရုံ (မြိုင်ကလေး) နှင့် ဘိလပ်မြေစက်ရုံ (ပြည်ညောင်)တို့မှ စက်ရုံအထိုင်ဈေးဖြင့် ငလျင်ဘေးဒဏ်သင့်ဒေသများဖြစ်သော မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ ရောင်းချပေးမည်ဖြစ်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့များက မှာယူသည့် ဘိလပ်မြေတန်ချိန် ၅၁၀၀ ကျော်ကို ဧပြီ ၈ ရက်မှစတင်ပြီး သက်ဆိုင်ရာဘိလပ်မြေစက်ရုံများမှ အထူးအစီအစဉ်ဖြင့် ပို့ဆောင်လျက်ရှိကြောင်းနှင့် အလားတူပြည်တွင်းရှိ အခြားဘိလပ်မြေစက်ရုံများမှလည်း ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မတ် ၂၈ ရက် ဒေသစံတော်ချိန်မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ၌ အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ အများအပြားဖြစ်ပေါ်ခဲ့ရသည်။