အဲဗာတန် - အာဆင်နယ် (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် ညနေ ၆:၀၀ နာရီ)
အာဆင်နယ်အသင်းက မျှော်လင့်ချက်ငွေ့ငွေ့ကျန်ရင်တောင် ကျန်သလောက် လိုက်ကစားနေဦးမယ့် သဘောမှာ ရှိတယ်။ အာတေတာရဲ့အသင်းက ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း အိမ်ကွင်းမှာ ဖူလ်ဟမ်ကို အနိုင်ကစားခဲ့ပြီး တိုက်စစ်ပိုင်းမှာလည်း ဘူကာယိုဆာကာက ဒဏ်ရာက ပြန်သက်သာလာပြီးနောက် လူစားဝင်ကစားခဲ့တဲ့ပွဲမှာပဲ ဂိုးသွင်းနိုင်ခဲ့တယ်။ မီခေးလ်မာရီနိုကလည်း တိုက်စစ်မှာအံမဝင်ပေမယ့် ဂိုးတွေရနေတာ တွေ့ရတယ်။ အာဆင်နယ် ကပ်နိုင်မှာပါ။
ခရစ္စတယ်ပဲလေ့စ် - ဘရိုက်တန် (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် ည ၈:၃၀ နာရီ)
ခရစ္စတယ်ပဲလေ့စ်က အံ့ဩစရာ ပြေးလမ်းကို ပြေးပြနေတယ်။ ရလဒ်ပိုင်းရော၊ ခြေစွမ်းပို်င်းရော အရမ်းအားရစရာကောင်း တာတွေ့ရတယ်။ ဘရိုက်တန်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ပြီး အစွမ်းကုန်အားထုတ်ရင်တောင် ပွဲကျပ်မှာသေချာပါတယ်။ ပဲလေ့စ်ကို ကြိုက်တယ်။
အစ်ဝစ်ချ် - ဝုလ်ဗ် (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် ည ၈:၃၀ နာရီ)
ပုံမှန်အားဖြင့်ဆိုရင် ဒီအချိန်မှာ အဆင့် (၁၉) နဲ့ အဆင့် (၁၇) က အသင်းတွေရဲ့ထိပ်တိုက်တွေ့ဆုံမှုက တန်းဆင်းဇုန်တိုက်ပွဲ ဖြစ်သင့်ပေမယ့် ဝုလ်ဗ် ရလဒ်ကောင်းတွေနဲ့ လွတ်လွတ်ကျွတ်ကျွတ်ကို ရုန်းထွက်သွားပါပြီ။ ဒီပွဲမှာသာ ထပ်နိုင်ရင် (၁ဝဝ) ရာခိုင်နှုန်း သေချာပြီ။ ဝုလ်ဗ်ပဲ ကြိုက်တယ်။
ဝက်စ်ဟမ်း - ဘုန်းမောက် (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် ည ၈:၃၀ နာရီ)
ဘုန်းမောက်က အဆင့် ၁၀ ရောက်နေပေမယ့် အဆင့် ၄၊ ၅ က အသင်းတွေနဲ့ လက်တစ်ကမ်းအကွာမှာပဲ ရှိနေတယ်။ အမှားမခံဘူး။ နိုင်ပွဲရအောင် ယူဖို့ ကြိုးစားလိမ့်မယ်။ ဝက်စ်ဟမ်းထက်လည်း ခြေစွမ်းရော၊ စုဖွဲ့မှုပါ ပိုအားကောင်းတယ်။ ဘုန်းမောက်ကိုပဲ ကြိုက်တယ်။
အက်စတွန်ဗီလာ - နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် ည ၁၁:၀၀ နာရီ)
အက်စတွန်ဗီလာနဲ့ နော်တင်ဟမ်တို့က ဒီရာသီပရီးမီးယားလိဂ်ရဲ့ လှပတဲ့ ဇာတ်ကောင်တွေဖြစ်တယ်။ တစ်သင်းက ပရီးမီးယားလိဂ်မှာ အဆင့် (၄) ဝင်ခွင့်ရရေးမျှော်နိုင်သလို၊ ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်ရောက်နေပြီး၊ နောက်တစ်သင်းကလည်း လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာနေတဲ့အ နေအထားဖြစ်နေပါပြီ။ နှစ်သင်းစလုံးအင်အားတောင့်ပြီး မာကျောပါတယ်။ သရေကျဖို့ များတယ်။















