မြန်မာ့ငလျင်နှင့်ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက် ထုတ်ပြန်

မြန်မာ့ငလျင်နှင့်ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက် ထုတ်ပြန်
Published 28 March 2025

မြန်မာ့ငလျင်နှင့်ပတ်သက်ပြီး ကမ္ဘာကျော် ဘောလုံးအသင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက်က ကြေညာချက် ထုတ်ပြန်လိုက်သည်။

" မန်ချက်စတာယူနိုက်တက်အသင်းရှိ လူတိုင်း၏ နှလုံးသားသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် ငလျင်ကြောင့် သက်သာခြင်းမရှိသော အခြေအနေတွင်ရှိကြသူများနှင့်အတူရှိပါသည်။အားလုံးကို ချစ်ခြင်းမေတ္တာနှင့် ခွန်အားပေးလွှတ်လိုက်ပါတယ်" ဟု မန်ချက်စတာယူနိုက်တက်က ထုတ်ပြန်သည်။

မြန်မာဘောလုံးပရိတ်သတ် အခိုင်အမာရရှိထားသည့် မန်ချက်စတာယူနိုက်တက်မှာ မြန်မာ့ငလျင်နှင့် ပတ်သက်ပြီး ပထမဆုံးထုတ်ပြန်သည့် ဘောလုံးကလပ်အသင်းလည်း ဖြစ်သည်။

မတ် ၂၈ ရက်တွင် အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် အစရှိသည့်ဒေသများတွင် အဆောက်အအုံများ ပြိုကျခဲ့ပြီး လူသေဆုံးမှုများလည်း ရှိနေသည်။

Most Read

Most Recent