မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ ၁၀၈၂ ဦးရှိပြီး ယမန်နှစ်ထက် ပိုများလာကြောင်း Unicef Myanmar ထုတ်ပြန် 

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ ၁၀၈၂ ဦးရှိပြီး ယမန်နှစ်ထက် ပိုများလာကြောင်း Unicef Myanmar ထုတ်ပြန် 
Published 4 March 2025

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ် ကျန်လက်နက်ပစ္စည်းများကြောင့် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ထိခိုက်သေဆုံးသူ ၁၀၈၂ ဦးရှိပြီး ယမန်နှစ်ထက် ပိုများလာ ကြောင်း Unicef Myanmar ၏ ထုတ်ပြန် သော အစီရင်ခံစာအရ သိရသည်။

၂၀၂၃ ခုနှစ်တွင် မြေမြှုပ်မိုင်းနှင့် ပေါက် ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်း များကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိခိုက်သေဆုံးသူ ၁၀၅၂ ဦးရှိသော်လည်း ၂၀၂၄ ခုနှစ်တွင် ၁၀၈၂ ဦး ရှိသည့်အတွက် လူဦးရေ ၃၀ ထိခိုက်သေဆုံးမှု ပိုများလာခြင်း ဖြစ်သည်။

Unicef Myanmar ၏ ထုတ်ပြန်သော အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ် မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက် နက်ပစ္စည်းများ ပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ရပ် စုစုပေါင်း ၆၅၁ ခု ရှိခဲ့ပြီး အရပ်သား ၁၆၅ ဦး သေဆုံးကာ ၉၁၇ ဦး ဒဏ်ရာရရှိခဲ့သည်။

အရပ်သားထိခိုက်သေဆုံးမှုတွင် အမျိုး သား ၈၁ ဦးနှင့် အမျိုးသမီး ၂၅ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၄၆၁ ဦးနှင့် အမျိုးသမီး ၂၀၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့ပြင် ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်း နှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက် နက်ပစ္စည်းများကြောင့် ကလေးသူငယ် ၅၉ ဦး သေဆုံးပြီး ၂၅၅ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက် ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ ၁၀၈၂ ဦးရှိသည့်အနက် ကလေးသူငယ် ၃၁၄ ဦး ပါ ဝင်ပြီး ထိခိုက်သေဆုံးသူ စုစုပေါင်း၏၂၉ ရာ ခိုင်နှုန်းရှိကြောင်း Unicef Myanmar ၏ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထား သည်။

၂၀၂၃ ခုနှစ်တွင် မြေမြှုပ်မိုင်းနှင့် ပေါက် ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်း များကြောင့် ထိခိုက်သေဆုံးသည့် ကလေးသူ ငယ် ဦးရေ ၂၂၆ ဦးသာရှိသော်လည်း ၂၀၂၄ ခုနှစ်တွင် ၃၁၄ ဦးရှိသည့်အတွက် ကလေး သူငယ် ထိခိုက်သေဆုံးမှုမှာလည်း မြင့်တက် လာခဲ့သည်။

Unicef Myanmar ၏ ထုတ်ပြန်သော အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ် မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန် လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံး သူ အများဆုံးမှာ ရှမ်းပြည်နယ်ဖြစ်ပြီး စစ်ကိုင်း တိုင်းဒေသကြီးက ဒုတိယနှင့် ရခိုင်ပြည်နယ် က တတိယနေရာတွင် ရှိနေသည်။

          ရှမ်းပြည်နယ်တွင် ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများကြောင့် အရပ် သား ၃၁ သေဆုံးပြီး ၂၂၅ ဦး ဒဏ်ရာရရှိခဲ့ သည့်အတွက် ထိခိုက်သေဆုံးသူ စုစုပေါင်း၏ ၂၄ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ့ြှုဃင်္န က ဆို သည်။

          စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲ စေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများ ကြောင့် အရပ်သား ၃၀ သေဆုံးပြီး ၁၅၆ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ထိခိုက်သေဆုံးသူ စုစု ပေါင်း၏ ၁၇ ရာခိုင်နှုန်း ရှိခဲ့သည်။

          ထို့ပြင် ရခိုင်ပြည်နယ်တွင် ၂၀၂၄ ခုနှစ် အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ် သော စစ်ကျန်လက်နက်ပစ္စည်းများကြောင့် အရပ်သား ၂၆ ဦး သေဆုံးပြီး ၁၀၄ ဦး ဒဏ်ရာ ရရှိခဲ့သဖြင့် ထိခိုက်သေဆုံးသူ စုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း ့ြှုဃင်္န က ထုတ် ပြန်သည်။

          ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေ သကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေ သကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေ တတ်သော စစ်ကျန်လက်နက်ပစ္စည်းများ ပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ရပ် စုစုပေါင်း ၂၉၅ ခု ရှိခဲ့ပြီး ထိခိုက်သေဆုံးသူ ၅၁၀ ရှိကာ ထိခိုက် သေဆုံးသူ စုစုပေါင်း၏ ၄၇ ရာခိုင်နှုန်းရှိခဲ့ ကြောင်း ့ြှုဃင်္န က ဆိုသည်။

          တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေမြှုပ် မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ၏ ပေါက်ကွဲမှုများကြောင့် ထိခိုက်သေဆုံးသူ စုစုပေါင်း၏ ၂၉ ရာခိုင်နှုန်းသည် ကလေးသူ ငယ်များလည်း ဖြစ်ကြောင်း ့ြှုဃင်္န က ထုတ် ပြန်သည်။

          ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း မြေ မြှုပ်မိုင်းများကြောင့် မြန်မာနိုင်ငံတွင် ထိခိုက် သေဆုံးသူ အများဆုံးဖြစ်ခဲ့ကြောင်း မြေမြှုပ် မိုင်းနှင့် ကလပ်စတာဗုံး လေ့လာစောင့်ကြည့် ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

          အဆိုပါအချက်အလက်သည် မြေမြှုပ် မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံးနေ ရာတွင် သုံးနှစ်ဆက် ရပ်တည်ခဲ့သည့် ဆီးရီး ယားနိုင်ငံကို မြန်မာနိုင်ငံက ကျော်လွန်၍ ထိပ် ဆုံးသို့ ရောက်လာခြင်းလည်းဖြစ်သည်။

          ပြီးခဲ့သည့်နှစ်က မြေမြှုပ်မိုင်းများနှင့် အခြားပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူ ၅၇၀၀ ကျော်ရှိခဲ့ရာတွင် မြန်မာနိုင်ငံမှ ထိခိုက် သေဆုံးသူ ၁၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း ယင်းအဖွဲ့က ဆိုသည်။

          ပြီးခဲ့သည့်နှစ်က နိုင်ငံပေါင်း ၅၃ နိုင်ငံ တွင် မြေမြှုပ်မိုင်းများနှင့်ဖောက်ခွဲရေးပစ္စည်း များကြောင့် လူပေါင်း ၁၉၈၈ ဦး သေဆုံးခဲ့ပြီး ၃၆၆၃ ဦး ဒဏ်ရာရရှိကာ ထိုအရေအတွက် သည် ၂၀၂၂ ခုနှစ်ကထက် ထိခိုက်သေဆုံးသူ ၁၀၀၀ ခန့် ပိုမိုမြင့်တက်ခဲ့ခြင်းလည်း ဖြစ် သည်။

          ထိခိုက်သေဆုံးသူစုစုပေါင်း၏ ၈၄ ရာ ခိုင်နှုန်းမှာ အရပ်သားများဖြစ်ပြီး ၃၇ ရာခိုင် နှုန်းမှာ ကလေးသူငယ်များဖြစ်ကြောင်း ယင်း အဖွဲ့က ထုတ်ပြန်ထားသည်။

          မြေမြှုပ်မိုင်းများနှင့် ဆက်နွှယ်သည့် ထိ ခိုက်၊ သေဆုံးသူအားလုံးကို မှတ်တမ်းတင်နိုင် ခဲ့ခြင်းမရှိသဖြင့် အမှန်တကယ် ထိခိုက်သေ ဆုံးသူအရေအတွက်သည် ပိုမိုများပြားနိုင် ကြောင်း မြေမြှုပ်မိုင်းနှင့် ကလပ်စတာဗုံး လေ့ လာစောင့်ကြည်ရေးအဖွဲ့က ပြောကြားထား သည်။

Most Read

Most Recent