ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေကို ဖေဖော်ဝါရီ ၁၈ ရက်က ပြဋ္ဌာန်းခဲ့ သည်။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေတွင် အခန်း ၁၃ ခန်း ပါရှိသည်။
ယင်းဥပဒေ အခန်း (၁) တွင် အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း (၂) တွင် ရည် ရွယ်ချက်၊ အခန်း (၃) တွင် ဗဟိုကော်မတီဖွဲ့ စည်းခြင်းနှင့် တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အ ခန်း (၄) တွင် ကြီးကြပ်ကွပ်ကဲရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အခန်း (၅) တွင် လိုင်စင်လျှောက်ထားခြင်း၊ အခန်း (၆) တွင် လိုင်စင်ရရှိသူ၏ တာဝန်နှင့် အခွင့်အရေးများ၊ အခန်း (၇) တွင် ခွင့်ပြုမိန့် လျှောက်ထားခြင်းနှင့် ခွင့်ပြုမိန့်ရရှိသူ၏ တာ ဝန်များ၊ အခန်း (၈) တွင် ပုဂ္ဂလိကလုံခြုံရေးဝန် ထမ်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ အခန်း (၉) တွင် ငြင်းပွားမှုများ ဖြေရှင်းခြင်း၊ အခန်း (၁၀) တွင် စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူ ခြင်း၊ အခန်း (၁၁) တွင် တားမြစ်ချက်များ၊ အ ခန်း (၁၂) တွင် ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ အခန်း (၁၃) တွင် အထွေထွေ စသည်ဖြင့် ဖော်ပြထား သည်။
ယင်းဥပဒေ၏ ရည်ရွယ်ချက်များတွင် လည်း (က) ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု သည် နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အများပြည်သူအေးချမ်းသာယာ ရေးတို့ကို အထောက်အကူပြုစေရန်၊ (ခ) ပုဂ္ဂလိ ကလုံခြုံရေးဝန်ဆောင်မှုအား နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများနှင့် စနစ်တ ကျ ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ (ဂ) ပုဂ္ဂလိ ကလုံခြုံရေးဝန်ဆောင်မှုနှင့်သက်ဆိုင်သော လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် စေပြီး နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကလုံခြုံ ရေးဝန်ဆောင်မှုဖြစ်ထွန်းပေါ်ပေါက်လာစေ ရန်၊ (ဃ) ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုကို လွဲမှားစွာအသုံးပြုခြင်းမရှိစေရေး စနစ်တကျ ကြီးကြပ်နိုင်ရန်၊ ( င ) ပုဂ္ဂလိကလုံခြုံရေးဝန် ဆောင်မှုနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်တို့ ဖြစ် သည်။
ပြည်ထောင်စု အစိုးရအဖွဲ့သည် ပုဂ္ဂလိ က လုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီကို ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ရဲချုပ်၊ အတွင်းရေးမှူးအဖြစ် ပြည်ထဲရေးဝန် ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် နှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဦးစီးအရာ ရှိချုပ်တို့ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် ဝန်ကြီး ဌာန ၁၂ ခုမှ ညွှန်ကြားရေးမှူးချုပ် ၁၂ ဦးဖြင့် ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားသည်။
ဗဟိုကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့် များတွင် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သ ဘောတူညီချက်ဖြင့် မူဝါဒချမှတ်ခြင်းနှင့် ကြီး ကြပ်ခြင်း၊ ကြီးကြပ်ကွပ်ကဲရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် လမ်း ညွှန်ခြင်း၊ ကြီးကြပ်ခြင်းနှင့် အဆုံးအဖြတ် ပေးခြင်း၊လိုင်စင်ရရှိသူက ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရာတွင် လိုအပ် ချက်အရ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့် လျှောက်ထားလာပါက အမျိုးသားကာကွယ် ရေး နှင့်လုံခြုံရေးကောင်စီသို့ တင်ပြ၍ သဘော ထားရယူခြင်း၊ လိုင်စင်ကြေး၊ လိုင်စင်သက် တမ်းတိုးကြေး၊ ဝန်ဆောင်ခ၊ လိုင်စင်စည်း ကမ်းချက်များနှင့် ခွင့်ပြုမိန့်စည်းကမ်းချက် များ သတ်မှတ်ခြင်း၊ လိုင်စင်ပိတ်သိမ်းခြင်း၊ လိုင် စင်ပယ်ဖျက်ခြင်း သို့မဟုတ် ခွင့်ပြုမိန့်ရုပ်သိမ်း ခြင်းဆိုင်ရာ စည်းကမ်းချက်များသတ်မှတ်ခြင်း၊ လိုင်စင်လျှောက်ထားခြင်း သို့မဟုတ် လိုင်စင် သက်တမ်းတိုးလျှောက်ထားခြင်းတို့နှင့်စပ် လျဉ်း၍ကြီးကြပ်ကွပ်ကဲရေးကော်မတီ၏ သဘောထားမှတ်ချက်ဖြင့် တင်ပြမှုအပေါ် စိစစ်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊ ခွင့်ပြု လျှောက်ထားခြင်း သို့မဟုတ် ခွင့်ပြုမိန့်သက်တမ်း တိုး လျှောက်ထားခြင်းတို့နှင့်စပ်လျဉ်း၍ ကြီး ကြပ်ကွပ်ကဲရေးကော်မတီ၏ သဘောထားမှတ် ချက်ဖြင့် တင်ပြမှုအပေါ် စိစစ်ခွင့်ပြုခြင်း သို့မ ဟုတ် ငြင်းပယ်ခြင်း၊ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင် မှုနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာသင်တန်း များ ပေါ်ထွန်းလာစေရန် အားပေးကူညီခြင်း၊ လိုင်စင်ရရှိသူ၏ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း ဖွဲ့စည်းမှုအင်အားကို စိစစ်ခွင့်ပြုခြင်း၊ ပုဂ္ဂလိ ကလုံခြုံရေးဝန်ထမ်း ၏ ဝတ်စုံ၊ တံဆိပ်နှင့် အ ဆင့်တံဆိပ်တို့ကို အတည်ပြုပေးခြင်း၊ ပုဂ္ဂလိ ကလုံခြုံရေးဝန်ဆောင်မှုအတွက် ပေးဆောင် ရမည့်အခကြေးငွေကို အခါအားလျော်စွာ သတ်မှတ်ပေးခြင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့က အခါအားလျော်စွာပေးအပ်သော ပုဂ္ဂ လိကလုံခြုံရေးဝန်ဆောင်မှု ဆိုင်ရာတာဝန် များကို ဆောင်ရွက်ခြင်း စသည့်အချက်များ ပါဝင်သည်။
ထို့ပြင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ် ကြီးကြပ်ကွပ်ကဲရေး ကော်မတီကိုလည်း ဖွဲ့စည်းခွင့်ပေးထားသလို ပြည်ထောင်စုနယ်မြေ ကြီးကြပ်ကွပ်ကဲရေးကော်မတီတွင်လည်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ဥက္ကဋ္ဌတာဝန်ကို ယူမည်ဖြစ်သည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့ မဟုတ် ပြည်ထောင်စုနယ်မြေ ကြီးကြပ်ကွပ် ကဲရေးကော်မတီများ၏ တာဝန်နှင့် လုပ်ပိုင် ခွင့်များကိုလည်း ဥပဒေတွင် ပြဋ္ဌာန်းထား သည်။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ လိုင်စင်လျှောက်ထားရာတွင် လိုင်စင်လျှောက် ထားသူသည် (က)မြန်မာနိုင်ငံကုမ္ပဏီများဥပ ဒေနှင့်အညီ မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ် ရမည်။ (ခ) နိုင်ငံခြားကုမ္ပဏီဖြစ်ပါက မြန်မာ နိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ မှတ်ပုံတင် ခွင့်ရရှိပြီး ဖြစ်ရမည်။ (ဂ) နိုင်ငံတော်၏ လုံခြုံ ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေ သည့် ကျော်စောသတင်းရှိသော ကုမ္ပဏီ မဖြစ် စေရ။ (ဃ) ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းအာ မခံအဖြစ် မြန်မာ့စီးပွားရေးဘဏ်၌ အနည်း ဆုံး ငွေကျပ်သိန်းတစ်ထောင်၊ နိုင်ငံခြားကုမ္ပ ဏီဖြစ်ပါက ငွေကျပ်သိန်းတစ်ထောင်နှင့် ညီမျှသည့် နိုင်ငံခြားသုံးငွေကို စာရင်းသေအပ် ငွေအဖြစ် အပ်နှံထားရှိရမည်ဟု ပြဋ္ဌာန်းထား သည်။
လိုင်စင်လျှောက်ထားလိုသူများအနေ ဖြင့် လိုအပ်သည့် အချက်အလက်များကိုလည်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ထို့ပြင် လိုင်စင်ရရှိသူသည် ပုဂ္ဂလိကလုံ ခြုံရေးဝန်ဆောင်မှုလုပ်ငန်းကို လိုင်စင်စည်း ကမ်းချက်များနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ပြီး ဤဥပဒေအရ ထုတ်ပြန်ထားသည့် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ် ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများနှင့် လုံခြုံရေးပူးပေါင်းဆောင် ရွက်ရသည့်အခါ သက်ဆိုင်ရာကြီးကြပ်ကွပ် ကဲရေးကော်မတီနှင့် နိုင်ငံတော်၏ လုံခြုံရေး ဆိုင်ရာ အဖွဲ့အစည်းများ၏ အစီအမံအတိုင်း စနစ်တကျပူးပေါင်းဆောင်ရွက်ရမည်ဖြစ် ကြောင်း ဥပဒေက ဆိုသည်။
ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းခန့်ထားရာတွင် မြန်မာနိုင်ငံသားဖြစ်ပါက အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ ကျန်းမာရေးကောင်းမွန်ပြီး လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်သူ၊ သက် ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက ထုတ်ပေးသည့် အလုပ်သမားမှတ်ပုံတင်ကတ် ပြား ကိုင်ဆောင်ထားသူ၊ ပြစ်မှုကင်းရှင်းကြောင်း ရက်ပေါင်း ၃၀ အတွင်း ရယူထားသော ထောက်ခံချက်နှင့် ကိုယ်တိုင်ဝန်ခံချက်၊ ဗဟို ကော်မတီက အခါအားလျော်စွာ သတ်မှတ်ထား သည့် အရည်အချင်း ပျက်ယွင်းခြင်းမရှိသူ၊ ခန့်အပ်ရွေးချယ်ထားသူများကို ဗဟိုကော် မတီ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာသင် တန်းသို့ တက်စေခြင်းတို့ ဖြစ်သည်။
ထို့ပြင် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းခန့်ထားရာတွင် နိုင်ငံခြားသားဖြစ်ပါက ( ၁ ) အ လုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထား သော စည်းကမ်းချက်များနှင့် ကိုက်ညီသူ ဖြစ် ရမည်ဖြစ်ကြောင်း၊ (၂) ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာနိုင်ငံ၏ ထောက်ခံချက် ရရှိသူ ဖြစ်ရမည်ဖြစ်ကြောင်း၊ (၃) ပြည်ပနိုင်ငံတစ် ခုခု၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်မဟုတ်သူ ဖြစ်ရမည်ဖြစ်ကြောင်း၊ လိုင်စင်ရရှိသူသည် နိုင်ငံခြားကုမ္ပဏီဖြစ်ပါက ပုဂ္ဂလိကလုံခြုံရေး ဝန်ထမ်းခန့်ထားရာတွင် မြန်မာနိုင်ငံသား အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်ထားရမည်ဖြစ် ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုပေးရန် မဟုတ်ဘဲ ကိုယ်ပိုင်လုပ်ငန်း သို့မဟုတ် လုပ် ငန်းခွဲအတွက် စုစုပေါင်း ၁၀ ဦးထက်ပိုသော လုံခြုံရေးဝန်ထမ်းခန့်ထားလိုသူသည် အချက် အလက်များဖော်ပြ၍ သက်ဆိုင်ရာကြီးကြပ် ကွပ်ကဲရေးကော်မတီသို့ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြုမိန့်၏ သက်တမ်းသည် ခွင့်ပြုမိန့်ထုတ်ပေးသည့်နေ့ရက်မှစ၍ သုံးနှစ် ဖြစ်သည်။
ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း၏ တာဝန် နှင့် လုပ်ပိုင်ခွင့်တွင် ပုဂ္ဂလိကလုံခြုံရေးဝန် ထမ်းသည် သက်ဆိုင်ရာ ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုကုမ္ပဏီ၊ ကိုယ်ပိုင်လုပ်ငန်း သို့မ ဟုတ် လုပ်ငန်းခွဲက တာဝန်ပေးသည့်နေရာ တွင်သာ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကို ဆောင်ရမည်၊ လုပ်ငန်းလိုအပ်ချက်အရ လိုင် စင်ရရှိသူက သတ်မှတ်ချက်များနှင့်အညီ စီ စဉ်ဆောင်ရွက်ပေးသည့် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းကို လက်နက်ဥပဒေ၊ လက်နက် ခဲယမ်းကိုင်ဆောင်ခွင့်မူ၊ တည်ဆဲဥပဒေများနှင့် အညီ ကိုင်ဆောင်ရမည်၊ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆောင်ရွက်နေသည့် နေရာ၊ အ ဆောင်အအုံ သို့မဟုတ် ပရိဝုဏ်အတွင်း ပြစ် မှုကျူးလွန်သူကို ဖမ်းဆီးရန်လိုအပ်ပါက ရာဇ ဝတ်ထုံးဥပဒေနှင့်အညီ ဆောင်ရွက်ပြီး နီးစပ် ရာရဲစခန်းသို့ ချက်ချင်းအကြောင်းကြား အပ်နှံရခြင်း ပြုရမည်၊ ပုဂ္ဂလိကလုံခြုံရေးဝန် ဆောင်မှုပေးနေသည့် လူကိုဖြစ်စေ၊ ပစ္စည်းကို ဖြစ်စေ ဘေးအန္တရာယ်ဖြစ်စေပါက ရာဇသတ် ကြီးနှင့်အညီ ကာကွယ်ခုခံပိုင်ခွင့်ကို ကျင့်သုံး နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ဥပဒေ၏ ပြစ်မှုနှင့် ပြစ်ဒဏ်များတွင် မည်သူမဆို ပုဒ်မ ၃၄ ပုဒ်မခွဲ(က)၊ ပုဒ်မ ၃၅ သို့မဟုတ် ပုဒ်မ ၃၇ ပါ တားမြစ်ချက်တစ်ရပ်ရပ် ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင် ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ် ကျပ်သိန်းတစ်ရာ အထိ ချမှတ်ရမည်ဖြစ်ကြာင်းနှင့် ပြစ်မှုကျူး လွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း ဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း ကို ငွေဒဏ် အနည်းဆုံး ကျပ်သိန်းတစ်ထောင် မှ အများဆုံး ကျပ်သိန်းသုံးထောင်အထိ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ထို့ပြင် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်လျက်ရှိသူသည် ဥပဒေ ပြဋ္ဌာန်းသည့်နေ့မှ ခြောက်လအတွင်း သတ် မှတ်ချက်များနှင့်အညီ လိုင်စင်လျှောက်ထား ရမည်ဖြစ်ကြောင်း၊ ယင်းဥပဒေမပြဋ္ဌာန်းမီက ကိုယ်ပိုင်လုပ်ငန်း သို့မဟုတ် လုပ်ငန်းခွဲအ တွက် ၁၀ ဦးထက် ပိုသော ပုဂ္ဂလိကလုံခြုံရေး ဝန်ထမ်းခန့်ထားသူသည် ဥပဒေပြဋ္ဌာန်းသည့် နေ့မှစ၍ ခြောက်လအတွင်း သတ်မှတ်ချက် များနှင့်အညီ ခွင့်ပြုမိန့်လျှောက်ထားရမည် ဖြစ်ကြောင်း၊ ဥပဒေပါ ပြစ်မှုများကို ရဲအရေး ယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ်သတ်မှတ် ကြောင်းကိုလည်း ဥပဒေတွင် ပြဋ္ဌာန်းထား သည်။
နစကက ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းလိုက်သောကြောင့် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကလုံခြုံရေးကဏ္ဍတွင် အပြောင်းအလဲများ မြင်ရတော့မည်ဖြစ် ကြောင့် နိုင်ငံရေးအကဲခတ်များက သုံးသပ်နေ ကြသည်။
တပ်မတော်နှင့် ရဲတပ်ဖွဲ့သာ တရားဝင် သေနတ်ကိုင်ဆောင်ခွင့်ရှိသည့် မြန်မာနိုင်ငံ တွင် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေအရ အရပ်သားလုံခြုံရေးဝန်ထမ်းများ ပါ သေနတ်ကိုင်ဆောင်ခွင့်ရမည့်အခြေ အနေရှိသည်။
ထိုဥပဒေပြဋ္ဌာန်းချက်အရ ပုဂ္ဂလိကလုံ ခြုံရေးကဏ္ဍကို ပုံစံနှစ်မျိုးနှင့် မြင်တွေ့ရမည် ဖြစ်ပြီး လူတစ်ဦးတစ်ယောက်ချင်းစီမှစ၍ အိမ်၊ လုပ်ငန်း၊ ရုံး၊ ကျောင်း၊ ဆေးရုံ၊ ဘဏ်နှင့် ရွှေဆိုင် စသည့်နေရာများအထိ ပုဂ္ဂလိကလုံခြုံ ရေးကဏ္ဍက သက်ရောက်မှုရှိလာမည်ဖြစ် ကြောင်း သုံးသပ်မှုများရှိနေကြသည်။










