■ FA ဖလား ပဥ္စမအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ FA ဖလား ပဥ္စမအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Man City
Photo: Man City
Published 28 February 2025

ပရက်စတန် - ဘန်လေ (မြန်မာစံတော်ချိန် မတ်လ ၁ ရက် ည ၆:၄၅ နာရီ)

ဒီပွဲက လိဂ်ချန်ပီယံရှစ် အသင်းနှစ်သင်းထိပ်တိုက်တွေ့တဲ့ ပွဲစဉ်ဖြစ်ပြီး ပရက်စတန်က အဆင့် (၁၅)၊ ဘန်လေက အဆင့် (၃) နေရာမှာ အသီးသီးရပ်တည်နေတယ်။ ဒီရာသီ ထိပ်တိုက်တွေ့ခဲတဲ့ နှစ်ကြိမ်စလုံး ဂိုးမရှိသရေဆိုတဲ့ ရလဒ်တွေထွက်ခဲ့တယ်။ ဘန်လေက ပိုကောင်းပေမယ့် ပရက်စတန်အိမ်ကွင်းဖြစ်နေလို့ ပရက်စတန်ကို ကြိုက်တယ်။ 



ခရစ္စတယ်ပဲလေ့စ် - မီဝေါလ် (မြန်မာစံတော်ချိန် မတ်လ ၁ ရက် ည ၆:၄၅ နာရီ)

တောက်လျှောက်ခြေစွမ်းပြပြီး အကောင်းဆုံးပုံစံပြသနေတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းက အခုပွဲမှာလည်း လိဂ်ချန်ပီယံရှစ်အသင်းဖြစ်တဲ့ မီဝေါလ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ကစားရမှာဖြစ်တယ်။ ပဲလေ့စ်ရဲ့ လက်ရှိ ခြေစွမ်းနဲ့ Rhythm ကို မီဝေါလ် ဘယ်လိုမှ  တားဆီးနိုင်မယ်မထင်ဘူး။ ပဲလေ့စ်အသင်းပဲ အနိုင် ရလိမ့်မယ်။ 



ဘုန်းမောက် - ဝုလ်ဗ် (မြန်မာစံတော်ချိန် မတ်လ ၁ ရက် ည ၉:၃၀ နာရီ)

ဘုန်းမောက်နဲ့ ဝုလ်ဗ်တို့က မကြာသေးခင်ကမှ ပရီးမီးယားလိဂ်မှာ ထိပ်တိုက်ဆုံတွေ့ထားတဲ့အသင်းတွေဖြစ်ပြီး အဲ့ဒီပွဲတုန်းကတော့ ရေပန်းစားနေတဲ့ ဘုန်းမောက်ကို ဝုလ်ဗ်အသင်းက မထင်မှတ်ဘဲ အနိုင်ရခဲ့တယ်။ အဲ့ဒီပွဲတုန်းက ဘုန်းမောက်က ကစားသမားတစ်ဦး အထုတ်ခံခဲ့ရပြီး ပွဲချိန် (၃၆) မိနစ်မှာ သွင်းယူခဲ့တဲ့ ကူညာရဲ့သွင်းဂိုးတစ်ဂိုးတည်းနဲ့ ဝုလ်ဗ်အသင်းအနိုင်ရခဲ့ခြင်းလည်းဖြစ်တယ်။ ဒါပေမဲ့ ဝုလ်ဗ်အသင်းအ တွက် ပွဲတိုင်းကြိုးစား ရုန်းကန်ရင်း ကူညာက ပွဲပန်းလာတဲ့ အရိပ်အယောင်တွေမြင်နေရတယ်။ FA ဖလားပြိုင်ပွဲမှာ ဆီမန်ညို၊ ဂျက်ဘီဆန်၊ အော်တာရာတို့က ခြေစွမ်းပြနေကြပြီး ဒီပွဲကတော့ ပရီးမီးယားလိဂ်ရဲ့အဓိကကစားသမားတွေ ပြန်ပွဲထွက်လာနိုင်တယ်။ ဘုန်းမောက်ကို ကြိုက်တယ်။



မန်စီးတီး - ပလိုင်းမောက် (မြန်မာစံတော်ချိန် မတ်လ ၂ ရက် နံနက် ၀၀:၁၅ နာရီ)

ပလိုင်းမောက်အသင်းက လီဗာပူးလ်ကို စိတ်ဓာတ်ကောင်းကောင်းနဲ့ ကျော်ဖြတ်လာပြီး ဒီအဆင့်အထိ တက်လာချိန်မှာ နောက်ထပ် ရေပန်းအစားဆုံးအသင်းတစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ ဆုံတွေ့နေခြင်းဖြစ်တယ်။ ဒီပွဲအတွက်လည်း အစွမ်းကုန်ကြိုးစားမှာသေချာပေမဲ့ လီဗာပူးလ်နဲ့ပွဲကလို မှော်ဆန်ဆန်အလုပ်မျိုးက နှစ်ပွဲဆက်တော့ အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဒါ့အပြင် အိမ်ကွင်းမှာ ကစားခွင့်ရရင်တောင် ကြိုးစားမှုနဲ့အတူ မျှော်လင့်ချက် အနည်းငယ်ရှိနိုင်ပေမဲ့ အစ်တီဟတ်ကွင်းမှာ ဒီနှစ်သင်းကြား ကွာဟချက်က အရမ်းကြီးမားလွန်းပါတယ်။ မန် စီးတီးအသင်းရဲ့ အဓိက ကစားသမားအချို့ကိုအနားပေးထား မယ်ဆိုရင်တောင် မန်စီးတီးပဲ ဂိုးပြတ်အနိုင်ရမယ့် ပွဲဖြစ်ပြီး ဂိုးဘယ်လောက်သွင်းမလဲ စောင့်ကြည့်ရမယ်။ 

Most Read

Most Recent