■ အင်္ဂလန်အသင်းသည် ယူရို-၂၀၂၄ ၌ ရှုံးနိမ့်မည်ကို ကြောက်ရွံ့နေခဲ့သည်ဟု တူဟယ်လ် ဆို     

■ အင်္ဂလန်အသင်းသည် ယူရို-၂၀၂၄ ၌ ရှုံးနိမ့်မည်ကို ကြောက်ရွံ့နေခဲ့သည်ဟု တူဟယ်လ် ဆို     
Photo: Getty Images
Photo: Getty Images
Published 21 March 2025

အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်းပြသစ်ဖြစ်သူ သောမတ်စ်တူဟယ်လ်က အင်္ဂလန်အသင်းသည် ပြီးခဲ့သည့် ယူရို-၂၀၂၄ ပြိုင်ပွဲ၌ ရှုံးနိမ့်မည်ကို ကြောက်ရွံ့နေခဲ့သည်ဟု သုံးသပ်ပြောကြားခဲ့သည်။ 

အင်္ဂလန်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲ၌ ဗိုလ်စွဲရန် ရေပန်းစားသည့်အသင်းဖြစ်ခဲ့ပြီး ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့သော်လည်း စပိန်အသင်းကို ရှုံးနိမ့်ပြီး ဒုတိယနေရာသာ ရရှိခဲ့သည်။ 

ယင်းအတွက် တူဟယ်လ်က "အင်္ဂလန်အသင်းက အောင်ပွဲကို ဆာလောင်စိတ်မရှိဘဲ ရှုံးနိမ့်မှာ ကြောက်နေတာကြောင့် ယူရို-၂၀၂၄ မှာ ချန်ပီယံဆုနဲ့ လွဲခဲ့တာပါ။ ကျွန်တော်ကတော့ ဆာလောင်စိတ်နဲ့ ကစားတဲ့အသင်းကို လိုချင်ပါတယ်။ ရှုံးနိမ့်မှာကို ကြောက်နေစရာမလိုပါဘူး"ဟု ပြောကြားခဲ့သည်။

တူဟယ်လ်သည် အင်္ဂလန်နည်းပြဘဝ ပထမဆုံးပွဲစဉ်အဖြစ် ယနေ့ညကစားမည့် အယ်လ်ဘေးနီးယားနှင့်ပွဲတွင် စတင်ကိုင်တွယ်မည်ဖြစ်သည်။ 

တူဟယ်လ်သည် အင်္ဂလန်နည်းပြအဖြစ် (၁၈) လစာချုပ်ဖြင့် ခန့်အပ်ခံထားရခြင်းဖြစ်ပြီး ၎င်း၏ရည်မှန်းချက်မှာ အင်္ဂလန်အသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဖြစ်အောင် ကူညီပေးရေးဖြစ်ကြောင်း ပြောကြားထားသည်။ 

အင်္ဂလန်အသင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၁၉၆၆ ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲပြီးနောက်ပိုင်း အဓိကအောင်မြင်မှုများနှင့် ဝေးကွာနေဆဲသည်မှာ လာမည့် ၂၀၂၆ ခုနှစ်ဆိုလျှင် နှစ်ပေါင်း (၇၀) ရှိတော့မည်ဖြစ်သည်။ 

Most Read

Most Recent