တောင်ကိုရီးယားတွင် ဆောက်လက်စ တံတားပြိုကျမှုကြောင့် နိုင်ငံခြားသားနှစ်ဦးအပါအဝင် လေးဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာရ

တောင်ကိုရီးယားတွင် ဆောက်လက်စ တံတားပြိုကျမှုကြောင့် နိုင်ငံခြားသားနှစ်ဦးအပါအဝင် လေးဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာရ
Published 25 February 2025

တောင်ကိုရီးယားနိုင်ငံတွင် ဆောက်လုပ်လက်စ တံတားတစ်နေရာပြိုကျခဲ့သဖြင့် နိုင်ငံခြားသားနှစ်ဦးအပါအဝင် သေဆုံးသူလေးဦးရှိပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်ဟု အာဏာပိုင်များက ထုတ်ပြန်ကြေညာထားသည်။ ဖေဖော်ဝါရီ ၂၅ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြိုကျခဲ့သည့် တံတားအစိတ်အပိုင်းမြင်ကွင်းကို ပြည်တွင်းမီဒီယာများက ပြသခဲ့ကြသည်။

မီးသတ်ဌာနအဆိုအရ ငါးဦးက ဒဏ်ရာပြင်းထန်ပြီး တစ်ဦးကဒဏ်ရာအသေး အဖွဲရခဲ့သည်။ AFP သတင်းဌာနကို ပြည်ထဲရေးဝန်ကြီး အရာရှိတစ်ဦးဖွင့်ဟချက်အရ သေဆုံးသူလေးဦးတွင် တရုတ်နိုင်ငံသားနှစ်ဦး ပါပြီးကျန်နှစ်ဦးက တောင်ကိုရီးယားနိုင်ငံသားများဖြစ်သည်။ တံတားတည်ရှိရာနေရာက မြို့တော်ဆိုးလ်၏တောင်ဘက် မိုင် ၄၀ ခန့်အကွာ အန်ဆောင်မြို့တွင်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ ရက် မနက် ၉ နာရီ မိနစ် ၅၀ ဝန်းကျင်တွင် ပြိုကျခဲ့ခြင်းဖြစ်သည်။

တံတားဆောက်လုပ် ရေးအတွက် အဓိကတာဝန်ယူထားသည့် ကန်ထရိုက်တာက Hyundia Enginnering ကုမ္ပဏီဖြစ်ပြီး ယခုမတော်တဆမှုအတွက်အလေး အနက်တောင်းပန်ကြောင်းနှင့် ဖြစ်ပွားသည့် အကြောင်းရင်းကို ဖော်ထုတ်ရန်သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကြေညာထားသည်။ တောင်ကိုရီးယားတွင် ၂၀၂၀ မှ ၂၀၂၃ ခုနှစ်အတွင်း လုပ်ငန်းခွင်အတွင်း သေဆုံးသူ ၈,၀၀၀ ကျော် ရှိခဲ့သည်။                                      

Ref: AFP

Most Read

Most Recent