အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က မန္တလေး-ချင်းမိုင်တိုက်ရိုက်ခရီးစဉ်သစ် စတင်ပျံသန်းခြင်း အခမ်းအနားအား ဖေဖော်ဝါရီ ၁၀ ရက်က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကျင်းပခဲ့ကြောင်း သ တင်းရရှိသည်။
ယခု မန္တလေး-ချင်းမိုင်ခရီးစဉ်သစ်သည် (MAI) က ပျံသန်းနေသည့် နိုင်ငံတကာခရီးစဉ်ကွန်ယက်တွင် ၂၀၂၅ ခုနှစ်အတွင်း အသစ် တိုးချဲ့ပျံသန်းသည့် ပထမဆုံးခရီးစဉ်ဖြစ် ပြီး၊ (MAI) က မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပျံသန်းနေသည့်လေးခု မြောက် ခရီးစဉ်တစ်ခုလည်းဖြစ်သည်။
အဆိုပါခရီးစဉ်စတင်ပျံသန်းသည့် အထိမ်းအမှတ်အဖြစ် မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် ချင်းမိုင်လေဆိပ်သို့ ဆိုက် ရောက်လာသည့်လေယာဉ်အား ရေပက် ဖြန်း ကာ ကြိုဆိုခဲ့ပြီး ခရီးစဉ်အတွင်း လိုက်ပါ စီး နင်းလာကြသည့် ခရီးသည်များအား အမှတ် တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
(MAI) လေကြောင်းလိုင်းက ဖေဖော်ဝါရီ၁ဝရက်မှ စတင်ကာ မန္တလေး-ချင်းမိုင် ခရီးစဉ်အသစ်အားအပတ်စဉ် တနင်္လာနှင ့် သောကြာနေ့တိုင်း ပျံသန်းမည် ဖြစ်သည်။
(MAI) က ကမ္ဘာ့လေကြောင်းပို့ဆောင်ရေး ကဏ္ဍတွင် အမြင့့်ဆုံးသတ်မှတ်ချက်ဖြစ်သည့် IATA ၏ ( IOSA ) လက်မှတ်သက်တမ်း တိုး ခြင်းပြီးစီးခဲ့ပြီး ခရီးသည်များ ဘေးအန္တ ရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့် လုပ် ဆောင်လျက်ရှိသည်။
(MAI) လေကြောင်းလိုင်းသည် အပြည် ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအဖွဲ့ IATA ၏ လုပ်ငန်းဆိုင်ရာအရည်အသွေးစစ်ဆေးမှုအစီအစဉ် (IOSA) လက်မှတ်အား ၂၀၁၂ ခုနှစ်ကတည်းကပင် ရရှိထားခြင်းဖြစ်ပြီး ယခုသက်တမ်းတိုးဆောင်ရွက်မှုသည် (MAI) ၏ အထူးကောင်းမွန်သည့် ပျံသန်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်နှင့် ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အား ထုတ်ကြိုးပမ်းမှုများထဲမှ တစ်ခုဖြစ်သည်။
IOSA Program သည် ၎င်း၏ လေကြောင်းပို့ဆောင်ရေး ဘေးအန္တရာယ်ကင်းရှင်း လုံခြုံမှုဆိုင်ရာ တင်းကျပ်သည့် စစ်ဆေးအကဲ ဖြတ်မှုများကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှ အသိအမှတ်ပြုထားသည့် program တစ်ခုဖြစ် သည်။
IOSA သည် လေကြောင်းလိုင်းတစ်ခု ၏ ပျံ သန်း မှုဆိုင်ရာလုပ်ငန်းကဏ္ဍအားလုံးအ ပေါ်တွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲ မှုစနစ်၊ အရည်အသွေးထိန်းသိမ်းမှုနှင့် လုပ်ငန်း လည်ပတ်ခြင်းဆိုင်ရာစီမံခန့်ခွဲမှုတို့ ကို စစ်ဆေး အကဲဖြတ်ရန် ပုံစံရေးဆွဲထားသည့် ကမ္ဘာလုံးဆိုင် ရာ လုပ်ငန်းစံနှုန်းတစ်ခုလည်း ဖြစ်သည်။ မည်သည့်လေကြောင်းလိုင်းအ တွက်မဆို အခက်ခဲဆုံးဖြစ်သည့် ဤအကဲဖြတ် စစ်ဆေးမှုကို ကျော် ဖြတ်နိုင်ခြင်းသည် ထူး ကဲလှသောလုပ်ငန်း ဆိုင်ရာ အောင် မြင်မှုတစ် ခုပင် ဖြစ်သည်။
IATA အဖွဲ့ဝင်လေကြောင်း လိုင်းအားလုံးသည် ၎င်းင်းတို့၏ မြို့ပြလေ ကြောင်းဆိုင်ရာအမြင့်ဆုံး စံသတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်နေကြောင်း စစ်ဆေး အကဲဖြတ်မှုကို နှစ်နှစ်လျှင် တစ်ကြိမ် ခံယူကြရ မည်ဖြစ်သည်။ အဆိုပါသတ် မှတ် ချက်သည် အဖွဲ့ဝင်တိုင်းအတွက် မဖြစ်မနေ လိုက်နာရ မည့်အချက် ဖြစ်သည်။















