လမ်းပေါ်က အသံတိတ်လူသတ်သမား (သို့မဟုတ်) လေထုညစ်ညမ်းမှု

လမ်းပေါ်က အသံတိတ်လူသတ်သမား (သို့မဟုတ်) လေထုညစ်ညမ်းမှု
ရန်ကုန်မြို့ရှိ စက်ရုံအလုပ်ရုံအချို့မှ ထုတ်လွှတ်သည့် မီးခိုးငွေ့များကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်ရုံအလုပ်ရုံအချို့မှ ထုတ်လွှတ်သည့် မီးခိုးငွေ့များကို တွေ့ရစဉ်
Published 2 February 2025

လမ်းမထက်တွင် အသံတိတ်လူသတ်သမား ရှိနေသည်။

ခက်သည်က ထိုလူသတ်သမားကို လက်ဆုပ်လက်ကိုင် ပြသ၍ မရသလို သူ့လက်က လွတ်မြောက်နိုင်မည့် နည်းလမ်းလည်း မရှိသေးပေ။

ထိုလူသတ်သမားက အခြားမဟုတ်။ လေထုညစ်ညမ်းမှုပင်ဖြစ်သည်။

ကမ္ဘာ့လူဦးရေ၏ ၉၉ ရာခိုင်နှုန်းအပေါ် သက်ရောက်မှုရှိနေသည့် လေထုညစ်ညမ်းမှု သည် လူသားတို့၏ ကျန်းမာရေးအတွက် စိန် ခေါ်မှုတစ်ရပ် ဖြစ်လာသည်။

လေထုညစ်ညမ်းမှုသည် မိုင်ချီ၍ ရွေ့ လျားသွားနိုင်ပြီး စတင်ဖြစ်ပွားရာ အရင်းအမြစ်မှ ဝေးလံသည့်ဒေသများအထိ သက် ရောက်မှုရှိနိုင်သည်။

ကမ္ဘာ့လူဦးရေ ၉၉ ရာခိုင်နှုန်းက အရည် အသွေး ညံ့ဖျင်းသည့် လေကို ရှူနေရခြင်း ဖြစ်ပြီး ဝင်ငွေနည်း သို့မဟုတ် ဝင်ငွေ အလယ် အလတ်တန်းရှိသည့် နိုင်ငံများတွင် ထိုပြဿ နာကို အများဆုံးရင်ဆိုင်နေရကြောင်း ကမ္ဘာ့ ကျန်း မာရေးအဖွဲ့ ( WHO ) က ပြောကြားထား သည်။

        ထိုသို့ လေထုညစ်ညမ်းမှုကို ခံစားနေ ရသည့် ကမ္ဘာ့နိုင်ငံများထဲတွင် မြန်မာနိုင်ငံ လည်း အပါအဝင်ဖြစ်သည်။

 

မြန်မာနိုင်ငံရဲ့ လေထုညစ်ညမ်းမှု

ဘယ်လိုရှိသလဲ

        မြန်မာနိုင်ငံသည် အရှေ့တောင် အာရှ တွင် တည်ရှိပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ကဲ့သို့သော နိုင်ငံများ နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံဖြစ် သည်။

        ထို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့လေ ထုညစ်ညမ်းမှုအများဆုံးနိုင်ငံများစာရင်း တွင် အဆင့်သတ်မှတ်ခံရသော အိမ်နီးချင်းနိုင်ငံများစွာရှိသဖြင့် ကမ္ဘာ့တည်နေရာ အနေ အထားအရ နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့ များ ပျံ့လွင့်မှုကြောင့် လေထုညစ်ညမ်းမှု အဆင့် သို့ မြင့်မားလာနိုင်သည်ဟု  IQ  AIR က ထုတ် ပြန်ထားသည်။

မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှုဆိုင် ရာ အရင်းအမြစ်များစွာရှိကြောင်း  IQ  AIR  က ဆိုသည်။

လေထုညစ်ညမ်းမှုအတွက် ပိုမိုထင်ရှား သည့်အချက်မှာ မြန်မာနိုင်ငံတစ်ဝန်းရှိ လမ်း အများအပြားတွင် ပျံ့နှံ့နေသည့် မော်တော် ယာဉ်အမျိုးမျိုးမှ မီးခိုးငွေ့များ ထုတ်လွှတ် နေခြင်းပင်ဖြစ်သည်။

လေထုညစ်ညမ်းမှု အခြေအနေများကို ပြသပေးနေသည့် IQ  AIR  ၏ ပြီးခဲ့သည့်ရက် ပိုင်းအတွင်း တိုင်းတာချက်များအရ လေထု ညစ်ညမ်းမှု ထိပ်ဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံ က ပါဝင်ခဲ့သည်။

လေထုညစ်ညမ်းမှု အခြေအနေများကို ပြသပေးနေသည့် IQ  AIR  ၏ တိုင်းတာချက် များအရ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့သည် ဇန်ဝါရီ ၂၆ ရက်တွင် ကမ္ဘာ့ လေထုညစ်ညမ်းမှု အဆင့် (၄) နေရာတွင် လည်းကောင်း၊ ဇန်နဝါရီ ၂၈ ရက်တွင် ကမ္ဘာ့ လေထုညစ်ညမ်းမှု အဆင့် (၈) နေရာတွင် လည်းကောင်း ရှိခဲ့သည်။

IQ  AIR ၏ ဇန်နဝါရီ ၂၆ ရက် နေ့လယ် ပိုင်း တိုင်းတာချက်အရ ရန်ကုန်မြို့ရှိ ကမာရွတ် မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ လှည်းကူးမြို့နယ် တို့တွင် လေထုညစ်ညမ်းမှုသည် လူအများ၏ ကျန်းမာရေးကို ထိခိုက်စေသော လိမ္မော်ရောင် အဆင့်နှင့် အနီရောင်အဆင့်တို့တွင် ရှိနေသည် ကို တွေ့ရသည်။

သို့သော် ဇန်နဝါရီ ၂၈ ရက်တွင် တိုင်း တာချက်များအရ ရန်ကုန်မြို့သည့် ကမ္ဘာ့လေ ထုညစ်ညမ်းမှု အဆင့် (၃၉) နေရာသို့ ပြန် လည်ကျဆင်းသွားခဲ့သည်။

ဇန်နဝါရီ ၂၈ ရက်တွင် IQ  AIR  ၏ တိုင်း တာချက်အရ လေထုအညစ်ညမ်းဆုံး ၁၀ နိုင်ငံ တွင် ပါဝင်သည့် နိုင်ငံနှင့် မြို့များမှာ ပါကစ္စ တန်နိုင်ငံ ကရာချိနှင့် လာဟိုးမြို့မှာ အဆင့် (၁) နှင့် အဆင့် (၂ ) နေရာတွင် ရောက်ရှိနေပြီး အိန္ဒိယနိုင်ငံ ဒေလီ၊ မွမ်ဘိုင်းနှင့် ကိုလ်ကတ္တား၊ ယူဂန္ဒနိုင်ငံမှ ကမ်ပါလာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ၊ ဥဇဘက်ကစ္စတန်နိုင်ငံ tashknet မြို့၊ နီပေါနိုင်ငံ ခတ္တမဒ္ဒူ မြို့ အစရှိသည့် မြို့များ ပါဝင်သည်ကို တွေ့ရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကမ္ဘာ့လေထုညစ် ညမ်းမှုအမြင့်ဆုံးမြို့များတွင် ပါဝင်ခဲ့သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာလည်း အဆင့် (၂၈) သို့ ပြန်လည်ကျဆင်းခဲ့သည်ကို တွေ့ရ သည်။

       

လေထုညစ်ညမ်းမှုဆိုတာ ဘာလဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO) ၏ထုတ်ပြန်မှုအရ ညစ်ညမ်းသောလေထုထဲတွင် အ စိုင်အခဲအမှုန်လေးများ၊ ရေစက်ရေပြောက် လေးများနှင့် ဓာတ်ငွေ့များ ပါဝင်နေသည့် လေ ထုကို ဆိုလိုသည်။        

လူသားတို့၏ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးကို ထိခိုက် စေသည့် လေထုကို ညစ်ညမ်းစေသောအရာ များထဲတွင် PM ၂.၅၊ PM ၁၀၊ မြေပြင်အိုဇုန်း လွှာ၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်၊ ဆာလဖာ ဒိုင်အောက်ဆိုဒ် စသည်တို့ ပါဝင်သည်။

အမှုန်အမွှား PM အပေါ် မူတည်တိုင်း တာပြီး PM ၂.၅ နှင့် အောက်သေးငယ်သည့် အမှုန်များက လူသားတို့၏ ကျန်းမာရေးကို ခြိမ်းခြောက်နိုင်သည်။

ရုပ်ကြွင်း လောင်စာများမှ လျှပ်စစ်ထုတ် ယူခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် အိမ်တွင်း ညစ်ညမ်းမှုများသည် အမှုန်အမွှားများလာရာ အရင်းအမြစ်များလည်း ဖြစ်သည်။ 

ထိုမျှသေးငယ်သည့် အမှုန်ပါသောလေကို ရှူရှိုက်မိလျှင် ထိုအမှုန်ငယ်များသည် သွေး ကြောမှတစ်ဆင့် နှလုံး၊ ဦးနှောက်နှင့် အခြား သော ကိုယ်တွင်းအင်္ဂါများသို့ ရောက်ရှိသွား ပြီး ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်စေ နိုင်သည်။

မြို့ပြဒေသများတွင် လူနေထူထပ်လာခြင်း၊ စွမ်းအင်များ အမြောက်အမြား အသုံးပြု ခြင်း၊ လေအေးပေးစက်၊ အနွေးပေးစက်များ အသုံးပြုမှု၊ ဇီဝရုပ်ကြွင်း လောင်စာ အသုံးပြု မှု၊ တောမီးလောင်မှု၊ စက်ရုံအလုပ်ရုံများက ထွက်ရှိလာသည့် အခိုးအငွေ့များကြောင့် လေထုညစ်ညမ်းမှုက တစ်နေ့တခြား ပိုမိုဆိုး ရွားလာသည်။

လေထုညစ်ညမ်းမှုကို ဘယ်လိုတိုင်းတာသလဲ

လေထဲတွင် လေထုညစ်ညမ်းစေသည့် အရာ အဓိကငါးခု၏ ပါဝင်မှုကို နိုင်ငံတကာ လေထုအရည်အသွေးညွှန်းကိန်း (Air Quality Index - AQI) အဆင့်များနှင့် တိုင်းတာ ခြင်းဖြစ်သည်။ 

AQI ညွှန်းကိန်း သုညအဆင့်(ကောင်းမွန်သည့်လေ)မှ ညွှန်းကိန်းအဆင့် ၅၀၀ (အများပြည်သူ ကျန်းမာရေးကိုချက်ချင်းအန္တ ရာယ်ပေးနိုင်) သည့် အဆင့်အထိ စုစုပေါင်း ခြောက်ဆင့်ခွဲခြားထားသည်။

ညွှန်းကိန်းအဆင့်သုညမှ ၅၀ အထိ (အစိမ်းရောင်- ကောင်းမွန်အဆင့်)၊ ညွှန်းကိန်း ၅၁ မှ ၁၀၀ အထိ (ပန်း‌ရောင်ဖျော့-အလယ်အ လတ်အဆင့်)၊ ညွှန်းကိန်း ၁၀၁ မှ ၁၅၀ အထိ (ပန်းရောင်ရင့်- ထိခိုက်လွယ်သူများအတွက် မကောင်းသည့်အဆင့်)၊ ညွှန်းကိန်း ၁၅၁ မှ ၂၀၀ အထိ (အနီဖျော့- ကျန်းမာရေးအတွက် မကောင်းသည့်အဆင့်)၊ ညွှန်းကိန်း ၂၀၁ မှ ၃၀၀ အထိ (အနီရင့်-ကျန်းမာရေးထိခိုက်စေ သည့်အဆင့်)၊ ညွှန်းကိန်း ၃၀၁ နှင့်အထက် (အနီ‌ရောင်-ကျန်းမာရေးကို အန္တရာယ်ပေး သည့်အဆင့်) ဟူ၍သတ်မှတ်ထားသည်။

AQI ညွှန်းကိန်း ၁၅၀ ကျော်သည့်အဆင့် သို့ ‌ရောက်ရှိလာပါက ပါးစပ်နှင့် နှာ‌ခေါင်း စည်း (mask) များ ဝတ်ဆင်ရန်လိုအပ်ကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးထား သည်။

ထို AQI ညွှန်းကိန်း အဆင့်များကို ကြည့် ၍ လေမည်မျှသန့်သည်။  မည်မျှညစ်ညမ်းနေ သည်ကို သိနိုင်ပြီး အထူးသဖြင့် ညစ်ညမ်းလေ ထုနှင့် နေထိုင်ရသည်မှာ မည်မျှကြာနေသည် ကို သိကာ ကျန်းမာရေး မည်မျှထိခိုက်နိုင် ကြောင်းကို တွက်ဆနိုင်သည်။

ကုလသမဂ္ဂ  သဘာဝပတ်ဝန်းကျင်အစီ အစဉ် (United Nations Environment Pro -gramme - UNEP)

) ၏ အဆိုအရ အစိုးရ၊ အဖွဲ့အစည်း အရင်းအမြစ်၊ ဂြိုဟ်တုက စောင့် ကြည့်မှု စသည်များမှ စုပေါင်းရရှိသည့် အချက် အလက်များကို လေထုအရည်အသွေး ဒေတာ ဘဏ်က သုံးသပ်ပြီး AQI ညွှန်းကိန်းတွေကို ထုတ်လုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

       

လေထုညစ်ညမ်းမှုပြဿနာ ဘယ်လောက်ကြီးမားလဲ

    ကုလသမဂ္ဂ သဘာဝ ပတ်ဝန်းကျင် အစီ အစဉ် (United Nations Environment Pro -gramme - UNEP)

 က လေထုညစ်ညမ်းမှုကို “ကမ္ဘာတစ်ဝန်း ပြည်သူ့ကျန်းမာရေးအတွက် အကြီးမားဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှု” ဟု ခေါ်ဆိုထားသည်။

လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူဦး ရေ ခုနစ်သန်းခန့်သည် အချိန်အခါမသင့်သေး ဘဲ သေဆုံးနေကြရကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) က ဆိုထားသည်။

လေထုညစ်ညမ်းမှုသည် လူ့အသက်များ သာမက ကမ္ဘာ့ဘဏ်၏ တွက်ချက်မှုအရ ၂၀၁၉ ခုနှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာ နှင့် လေထုညစ်ညမ်းမှုကြောင့် ဖြစ်ရသည့် ကျန်းမာရေးပြဿနာများအတွက် အသုံး            စရိတ် ၈ ဒသမ ၁ ထရီလီယံ ကုန်ကျခဲ့ကြောင်း သိရသည်။

 

လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ

ကမ္ဘာကြီး တိုးတက်လာသည်နှင့်အမျှ ကမ္ဘာကြီး၏ ကျန်းမာရေးနှင့် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်မှုများ ရှိလာသည်။

မော်တော်ယာဉ်များ၊ စက်ရုံများ တိုးတက် လာသဖြင့် နေ့စဉ် အသက်ရှင်ရပ်တည်ရာ တွင် မဖြစ်မနေလိုအပ်သည့် လေသည်လည်း ညစ်ညမ်းလာရသည်။

လေထု၏ အရည်အသွေးသည် လူသား တို့၏ ကျန်းမာရေးအပေါ် သက်ရောက်မှု အ တော်ကြီးမားသည်။  လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်သည်။

လေထုညစ်ညမ်းမှုကြောင့် ပထမဆုံး ခံစားရမည့် လက္ခဏာများမှာ အသက်ရှူ ကျပ်ခြင်း၊ အသက်ရှူလမ်းကြောင်းတွင် မအီ မသာဖြစ်ခြင်း၊ မျက်လုံးများ ကျိန်းစပ်ခြင်း၊ အသားအရေ ခြောက်သွေ့ခြင်း စသည်တို့့ကို ခံစားရနိုင်ကြောင်း ကျန်းမာရေးပညာရှင်များ က ပြောကြားထားသည်။

လေထုညစ်ညမ်းမှုကြောင့် ကြုံတွေ့ရနိုင် သည့် ကျန်းမာရေးပြဿနာများမှာ နှလုံးသွေး ကြောဆိုင်ရာရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ ခေါင်းကိုက်ခြင်း၊ စိတ်ဖိစီးခြင်း၊

လည်ချောင်းစပ်ခြင်း၊ အဆုတ်ထိခိုက်ခြင်း၊ မော ပန်းလွယ်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အသက် ရှူလမ်းကြောင်းတစ်လျှောက်ရှိ ဆဲလ်များ ပျက်စီးခြင်းတို့ ဖြစ်နိုင်ကြောင်း ဆရာဝန်များ က သတိပေးထားသည်။

ထို့ပြင်လေထုညစ်ညမ်းမှုကို ကာလရှည် ကြာထိတွေ့မယ်ဆိုပါက အဆုတ်ကောင်း ကောင်း အလုပ်မလုပ်နိုင်ခြင်းမျိုး ဖြစ်နိုင်ခြင်း၊  အဆုတ်ရောင်ရောဂါ ခံစားရနိုင်ခြင်း၊ ပန်းနာ ရင်ကျပ်ရောဂါ ခံစားရနိုင်ခြင်း၊ လေပြွန်ရောင် သည့်ဝေဒနာ ခံစားရနိုင်ခြင်း၊ အဆုတ်ကင်ဆာ ခံစားရနိုင်ခြင်း၊ အရွယ်မတိုင်မီ သေဆုံး ခြင်းမျိုး ဖြစ်နိုင်ခြင်း၊ နှလုံးထိခိုက်နိုင်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါ ခံစားရနိုင် ခြင်း၊ အသည်းထိခိုက်မှု ခံစားရနိုင်ခြင်း၊ ပန်ကရိ ယ ထိခိုက်နိုင်ခြင်း၊  သွေးတွင်းညစ်ညမ်းသော အရာများ ဝင်ရောက်နိုင်ခြင်း၊ အာရုံကြောစနစ် ထိခိုက်နိုင်ခြင်း၊ ကိုယ်ခံအားနည်းခြင်းကြောင့် ရောဂါဝင်လွယ်ခြင်း စသည့်ရောဂါများ ခံစား ရနိုင်ကြောင်း ဆရာဝန်များထံမှ သိရသည်။

ထို့ပြင် နှလုံးရောဂါ ရှိသူများ၊ ဆီးချိုရှိသူများ၊ ပန်းနာရင်ကျပ်ရောဂါ ရှိသူများ၊ အဆုတ်ရောဂါ ရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင် များ၊ ပြင်ပ ၌  အလုပ်လုပ်ရသူများ၊ အသက်အရွယ်ကြီးရင့်သူများ၊ ကလေးငယ်များ၊ အားက စားသမားများအနေဖြင့် လေထုညစ်ညမ်းမှု ဒဏ်ကို အခြားသူများထက် ပိုခံစားရနိုင်ကြောင်း လည်း ဆရာဝန်များက ဆိုထားသည်။

 

Most Read

Most Recent