■ ရပ်ရှ်ဖို့ဒ် မုန်တိုင်း    

■ ရပ်ရှ်ဖို့ဒ် မုန်တိုင်း    
Photo: AFP
Photo: AFP
Published 31 January 2025
AK

ရပ်ရှ်ဖို့ဒ်ကို မန်ယူနိုက်တက်အသင်းပရိသတ်တွေ သံယောဇဉ်ရှိနေဦးမယ်ထင်ပါတယ်။ သူက မန်ယူနိုက်တက်နဲ့အတူ လူလားမြောက်လာသလို၊ ထူးချွန်ကစားသမားဖြစ်လာခဲ့တာ မဟုတ်လား။ တစ်ခါတလေတော့လည်း အကြောင်းအရာတွေက ထင်သလောက်မရိုးရှင်းပါဘူး။ ရပ်ရှ်ဖို့ဒ်နဲ့ အာမိုရင်မ် ကိစ္စဆိုလည်း ဒီအတိုင်းပဲ။ ရပ်ရှ်ဖို့ဒ်ရဲ့ကြိုးစားလိုစိတ် သံပတ်လျော့နေတာကို အာမိုရင်မ် မကျေနပ်ဘူး။ ရပ်ရှ်ဖို့ဒ်ကိုယ်တိုင်လည်း သူ့အကြောင်း သူ သိပါလိမ့်မယ်။ မန်ယူနိုက်တက်ပရိသတ်တွေကလည်း ရပ်ရှ်ဖို့ဒ် ခြေစွမ်းကျပြီးရင်းကျသွားတဲ့အတွက် စိတ်ပျက်နေပါလိမ့်မယ်။ ဒါပေမဲ့ လူတစ်ယောက်အတွက် Second Chance ဆိုတာ ရှိပါတယ်။ လူတစ်ယောက်အတွက် မျှော်လင့်ချက်ဆိုတာ နောက်ဆုံး အချိန်အထိရှိပါတယ်။

 

Most Read

Most Recent