နောက်ဆုံးလက်ကျန်ပွဲမှာ မဖြစ်မနေအနိုင်ရမှသာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆက်ပြီးလျှောက်လှမ်းခွင့်ရမယ့်အသင်းတွေရဲ့ ပွဲစဉ်တွေကတော့ ရင်ခုန်စရာအကောင်းဆုံးဖြစ်နေနိုင်ပါတယ်။ ဒီအသင်းတွေထဲမှာ ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးလည်း ပါဝင်နေပါတယ်။ မန်စီးတီး၊ ဒိုင်နမိုဇာဂရက် နဲ့ ရှက်တာဒိုးနက်တို့က နိုင်ပွဲရှာဖွေရမယ့်အသင်းတွေဖြစ်ပြီး မန်စီးတီးက အိမ်ကွင်းမှာ ကလပ်ဘရုဂေးနဲ့ ယှဉ်ပြိုင်ရမှာပါ။ မန်စီးတီးက (၈)မှတ်သာရရှိ ပြီး အဆင့်(၂၅)နေရာ ရောက်နေတာကြောင့် မျှော်လင့်ချက်က အဆင့်(၁၇)ကနေ အဆင့်(၂၄)အတွင်းဝင်နိုင်ဖို့ပဲ ရှိပါတော့တယ်။ ကိုယ်က အနိုင်ကစားနိုင်ရုံသာမက ပြိုင်ဘက်တွေရဲ့ အခြေအနေကို စောင့်ကြည့်ရဖို့လည်း ရှိနေပါသေးတယ်။ ဒါကြောင့် မန်စီးတီးအသင်းက မျှော်လင့်ချက်ယဲ့ယဲ့သာ ရှိတော့သလိုလည်း ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် အမှားအယွင်းများတဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရခြင်းဖြစ်တာကြောင့် နောက်ဆုံးပွဲစဉ်အထိ မျှော်လင့်ချက်ရှိနေသေးတာကိုပဲ အဆိုးထဲက အကောင်းအဖြစ် သတ်မှတ်ရမှာပါပဲ။ နောက်ဆုံးပွဲစဉ်မှာ ကိုယ်လုပ်နိုင်သမျှ အကောင်းဆုံးလုပ်ဆောင်ပြီး မျှော်လင့်ချက်ကို အသက်ဆက်နိုင်အောင် ကြိုးစားကြရမှာပါပဲ။
နောက်ဆုံးပွဲစဉ် ရောက်သည်အထိ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















