တောင်ကိုရီးယား အစိုးရရှေ့နေများက စွပ်စွဲပြစ်တင်ခံထားရသည့် သမ္မတယွန်းဆော့ယိုကို ပုန်ကန်မှုတစ်ခုအား ဦးဆောင်မှုအတွက် ဇန်နဝါရီ ၂၇ ရက်တွင် စွဲချက်တင်ခဲ့ပြီး ယွန်းကို ဆက်လက်ထိန်းသိမ်းထားရန် အမိန့် ထုတ်ပြန်ခဲ့သည်။
ယွန်းသည် ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေး အမိန့်ကြေညာခဲ့ပြီး လွှတ်တော်ကို စစ်သားများ စေလွှတ်ခဲ့သည်။
သို့သော် လွှတ်တော်က ယွန်း၏ စစ်အုပ်ချုပ်ရေး အမိန့်ကြေညာမှုကို မဲခွဲပြီး ပယ်ချခဲ့သည်။ ထို့နောက် ယွန်းသည် နာရီပိုင်းအကြာတွင် ၎င်း၏ စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
ရက်ပိုင်းအကြာမှာပင် ယွန်းက လွှတ်တော်က စွပ်စွဲပြစ်တင်ခဲ့ပြီး ယခုလအတွင်း ယွန်းသည် ရာထူးလက်ဝယ်ရှိနေချိန်တွင် ဖမ်းဆီးခံခဲ့ရသည့် ပထမဆုံး တောင်ကိုရီးယား သမ္မတဖြစ်လာခဲ့သည်။
ယွန်းဆော့ယိုအား ပုန်ကန်မှုတစ်ခုကို ခေါင်းဆောင်တစ်ဦးအဖြစ် ဦးဆောင်ခဲ့သည့် စွဲချက်များဖြင့် ယနေ့တွင် စွဲချက်တင်ပြီး ထိန်းသိမ်းထားကြောင်း အစိုးရရှေ့နေများက ထုတ်ပြန်ခဲ့သည်။
ယွန်းသည် ဖမ်းဆီးခံခဲ့ရချိန်ကတည်းက ဆိုးလ်ထိန်းသိမ်းရေး စင်တာတွင် ထိန်းသိမ်းခံထားရခြင်းဖြစ်ကာ ယခု တရားဝင် စွဲချက်တင်ခံရမှုကြောင်း တရားရုံးတွင် တရားမစီရင်ခင် အချိန်အထိ သံတိုင်များနောက်တွင် ဆက် နေရမည်ဖြစ်သည်။ ထိုတရားစီရင်မှုသည် ခြောက်လအတွင်း အပြီးသတ် လုပ်ဆောင်ရမည် ဖြစ်သည်။
ယွန်းအား ထုတ်ထားသည့် ဖမ်းဝရမ်းကို သက်တမ်းတိုးရန် အစိုးရရှေ့နေများ၏ တောင်းဆိုချက်ကို တရားရုံးက ငြင်းပယ်ခဲ့ပြီးနောက် စွဲချက်တင်ခံရမည့် အခြေအနေအတွက် ကျယ်ကျယ်ပြန့်ပြန့် ယူဆခံခဲ့ရသည်။
စုုံစမ်းစစ်ဆေးမှု ကာလအတွင်း ရရှိခဲ့သည့် သက်သေအထောက်အထားများကို ပြည့်စုံစွာ စိစစ်ခဲ့ပြီးနောက် အစိုးရရှေ့နေများက ယွန်းအားစွဲချက်တင်ခြင်းသည် တစ်ခုတည်းသော သင့်လျှော်သည့် နည်လမ်းဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယွန်းသည် သက်သေအထောက်အထားများကို ဖျက်ဆီးပစ်မည့်အရေးကို ထောက်ရှုပြီး ၎င်းအား ဆက်လက်ထိန်းသိမ်းထားခြင်းသည် တရားမျှတမှုရှိကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။
ပုန်ကန်မှုအား ခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့သည်ဆိုသည့် စွဲချက်သည် သမ္မတဆိုင်ရာ ကင်းလွတ်ခွင့်အတွင်း ပါဝင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယွန်း၏ ရှေ့နေများကမူ အစိုးရရှေ့နေများ၏ ပုန်ကန်မှု စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး တရားရုံးတွင် ခုခံချေပသွားမည်ဟု ပြောကြားခဲ့သည်။
ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုကို ပုန်ကန်မှုအဖြစ် အသိအမှတ်မပြုနိုင်ကြောင်း၊ တရားရုံးတွင် အမှန်တရားကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ၎င်း၏ ရှေ့နေများက ပြောကြားခဲ့သည်။
ယွန်းသည် သီးခြားအမှုအနေဖြင့် ၎င်းအား လွှတ်တော်က စွပ်စွဲပြစ်တင်မှုဖြင့် အခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် ကြားနာစစ်ဆေးမှု ခံယူနေရသည်။
Ref:AFP















