■ ၀ိန်းရွန်နီက ရိုးသားသူ

■ ၀ိန်းရွန်နီက ရိုးသားသူ
Photo: Sky Sports
Photo: Sky Sports
Published 9 January 2025
AK

ဝိန်းရွန်နီအကြောင်း ပြောရရင် ရိုးသားသူဆိုတာ ပထမဆုံးပြောရလိမ့်မယ်။ မူယာမာယာ မများတတ်ဘူး၊ စိတ်ခံစားချက်ပြင်းထန်တယ်၊ ပေါက်ကွဲလွယ်တယ်။ သူ ကျင်လည်ရာနယ်ပယ်အတွက် အစွမ်းကုန်ပေးဆပ်တတ်တယ်။ သူ့ ရဲ့တစ်ကိုယ် ရေစာကျော်ကြားမှုထက် အသင်းကောင်းစားရေးကို ဦးစားပေးခဲ့သူ ဝိန်းရွန်နီပါပဲ။ သူက ယူနိုက်တက်ရဲ့အသင်းခေါင်းဆောင်၊ ထာဝရအကြီးမြတ်ဆုံး အသင်းခေါင်းဆောင်လည်း ဖြစ်တယ်။ အဲဒီအဆိုကို ကန့်ကွက်မဲပေးမယ့်သူ သိပ်မရှိဘူးထင်ပါရဲ့။ ကျွန်တော် ရင်းနှီးကျွမ်းဖူးသမျှ ယူနိုက်တက်အသင်းခေါင်းဆောင်တွေထဲ ကန်တိုနာ (တိုက်ရိုက်ခံစားခွင့်မရ၊ ရုပ်သံဟောင်းတွေကနေသာတစ်ဆင့် ခံစားခွင့်ရသူဖြစ်ပေမဲ့) ရဲ့ ဟိတ်ဟန်နဲ့ ခံယူချက်၊ လူနေမှုဘဝကို သိပ်ပြီးသဘောကျမိတယ်၊ သူ့ကို လှောင်ပြောင်တဲ့ ခရစ္စတယ်ပဲလေ့စ်ပရိသတ်ကို ကွန်ဖူးကစ်နဲ့ ကန်လိုက်တဲ့လုပ်ရပ်ဆိုရင် သိပ်သဘောကျစရာကောင်းတယ်။ ဟန်ဆောင်လူကြီးလူကောင်းတွေနဲ့ လည်ပတ်နေတဲ့ခေတ်ပေါ်ကမ္ဘာထဲ ကန်တိုနာလို ကိုယ့်ကို စော်ကားသူတွေအတွက် အရိုင်းဆန်ဆန်တုံ့ပြန်လိုက်တာ သိပ်လှပတဲ့ လောကသဘာဝပဲ။  ရိုးသားတဲ့ အရိုင်းဆန်မှုဟာ ကောက်ကျစ်တဲ့ အပြုံးထက် ဖြူစင်ပါတယ်။ 

 

Most Read

Most Recent