မန်ယူနိုက်တက် တန်းဆင်းရနိုင်လား

မန်ယူနိုက်တက် တန်းဆင်းရနိုင်လား
Photos: AFP
Photos: AFP
Published 4 January 2025
AK

လွန်ခဲ့တဲ့အနှစ်ငါးဆယ်က မန်ယူနိုက်တက် တန်းဆင်းဖူးတယ်။ အခုလည်း မန်ယူနိုက်တက် တန်းဆင်းရတော့မလားဆိုပြီး စိုးရိမ်နေရပြီ။ ၁၉၇၃ ၇၄ ရာသီမှာ မန်ယူနိုက်တက်တန်းဆင်းဖူးတာပါ။ အဲဒီရာသီက မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးတိုက်စစ်မှူး ဒင်းနစ်လောက မန်ယူနိုက်တက်ဘက်ကို နောက်ပေါက်နဲ့ဂိုးသွင်းယူပြီး တန်းဆင်းစေခဲ့တာပါ။ မန်ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူး ဒင်းနစ်လောက ဂိုးသွင်းပြီးချိန်မှာအောင်ပွဲမခံခဲ့ပါဘူး။ ဒါပေမဲ့မန်ယူအသင်းကတော့ တန်းဆင်းခဲ့ပြီ။ အဲဒီ အဖြစ်ဆိုးဟာ မန်ယူနို်က်တက်အတွက် အိပ်မက်ဆိုး၊ မန်ယူနိုက်တက်အတွက် ငရဲခန်းပါ။ လက်ရှိရာသီမှာ အဲဒီကြောက်မက်ဖွယ်ရာအိပ်မက်ဆိုး၊ ထိတ်လန့်ဖွယ်ရာ ငရဲခန်းကတစ်ကျော့ပြန်ရောက်လာမလား။

 

Most Read

Most Recent