အားလုံးအတွက် မက်စရာကောင်းနေတဲ့ လိဂ်ဖလား

အားလုံးအတွက် မက်စရာကောင်းနေတဲ့ လိဂ်ဖလား
Photo : X
Photo : X
Published 16 December 2024
Wai Yan Aung

လိဂ်ဖလားက များသောအားဖြင့် ဖေဖော်ဝါရီလအတွင်း အဆုံးသတ်လေ့ရှိပေမဲ့ ဒီရာသီမှာတော့ မတ်လမှ အဆုံးသတ်မှာပါ။ ဒါပေမဲ့ အင်္ဂလန်ပြည်တွင်းပြိုင်ပွဲတွေထဲမှာတော့ အစောဆုံးအဖြေထွက်မယ့်ပြိုင်ပွဲဖြစ်ပါတယ်။ လိဂ်ဖလားဗိုလ်လုပွဲကို မတ် ၁၆ မှာ ကျင်းပမှာဖြစ်ပြီး FA ဖလား ဗိုလ်လုပွဲကိုတော့ မေ ၁၇ မှ ကျင်းပမှာပါ။ ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးပွဲစဉ်ကိုလည်း မေ ၂၅ မှာမှ ယှဉ်ပြိုင်မှာဖြစ်တာကြောင့် လိဂ်ဖလားက ဒီရာသီမှာ အစောဆုံးပြီးဆုံးမယ့်ပြိုင်ပွဲ ဖြစ်နေတာပါ။ လက်ရှိအချိန်မှာ လိဂ်ဖလားပြိုင်ပွဲက ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေပါပြီ။

 

Most Read

Most Recent