မာဆေးလ် - လိုင်လီ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၄ ရက် ည ၁၀:၃၀ နာရီ)
နည်းပြ ဒီဇယ်ဘီရဲ့ မာဆေးလ်က အတော်လေးပြန်တည်ငြိမ်လာပြီး တိုက်စစ်ကစားသမား ဂရင်းဝုဒ်လည်း ဂိုးပြန်မြူးလာတယ်။ လိုင်လီကို ခက်ခက်ခဲခဲ ရင်ဆိုင်ရမှာဖြစ်ပေမဲ့ မာဆေးလ်ဘက်က ရပ်တည်သင့်တယ်။
အော်ဇေး - လန်းစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် နံနက် ၀၀:၃၀ နာရီ)
အော်ဇေးက တန်းတက်အသင်းတွေထဲမှာ အားအကောင်းဆုံးဖြစ်ပြီး သူတို့ရဲ့ အိမ်ကွင်းရလဒ်ပိုင်းကလည်း ချီးကျူးဖို့အရမ်းကောင်းတယ်။ လန်းစ်က အသင်းကောင်းဆိုပေမဲ့ အော်ဇေးကို ရွေးချယ်ချင်တယ်။
Reims - မိုနာကို (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် နံနက် ၂:၃၀ နာရီ)
Reims က လီဂူးနောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပေမဲ့ ပွဲကျပ်တွေကို ကစားခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ မိုနာကိုကတော့ အဝေးကွင်းဆို အနည်းငယ် ရုန်းကန်ရတတ်တယ်။ Reims နဲ့ စွန့်စားသင့်ပါတယ်။















