မန္တလေးနှင့် ကူမင်းမြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး မြေနေရာငှားရမ်းခြင်းစာချုပ်အပါအဝင် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ်ခုနစ်ခု လဲလှယ်

မန္တလေးနှင့် ကူမင်းမြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး မြေနေရာငှားရမ်းခြင်းစာချုပ်အပါအဝင် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ်ခုနစ်ခု လဲလှယ်
Published 7 November 2024

မန္တလေးနှင့် ကူမင်းမြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး မြေနေရာငှားရမ်းခြင်းစာချုပ်အပါအဝင် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ်ခုနစ်ခု လဲလှယ်ခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ထိပ်သီးအစည်းအဝေး များတက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ရောက်ရှိနေသည့်  နစကဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီချန်တို့ နိုဝင်ဘာ ၆ ရက်က ကူမင်းမြို့ရှိ Haigeng Garden Hotel၌ တွေ့ဆုံမှုတွင် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ်များကို လဲလှယ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နားလည်မှု စာချွန်လွှာနှင့်သဘောတူစာချုပ် လဲလှယ်ခြင်းအခမ်းအနားတွင် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့နှင့် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး မန္တလေးတို့အကြား မြေနေရာငှားရမ်းခြင်းစာချုပ်လဲလှယ်ခြင်း၊သင်တန်းကျောင်းများ အဆင့်မြှင့်တင်ခြင်း စီမံ ကိန်းများ၊စိုက်ပျိုးရေးထွက်ကုန်များအတွက် ဓာတုဆိုင်ရာလိုအပ်ချက်များနှင့်အပင်ပိုးမွှား ရောဂါကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက်၊ တိကျစွာတိုင်း တာခြင်းနည်းပညာပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန်အတွက် နားလည်မှုစာချွန်လွှာ၊ တရုတ်နိုင်ငံ၏စံချိန်စံညွှန်း သတ်မှတ်ရေးဆိုင်ရာ စီမံခန့်ခွဲ ရေးဌာန(SAC)နှင့် မြန်မာနိုင်ငံသုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန(DRI)တို့အကြား နားလည်မှု စာချွန်လွှာ၊အားကစား ကဏ္ဍမြှင့်တင်ရေးနားလည်မှုစာချွန်လွှာ စသည်တို့အပါအဝင် နားလည်မှုစာချွန်လွှာ နှင့်သဘောတူစာချုပ်ခုနစ်ခုကို နစကဥက္ကဋ္ဌနှင့် တရုတ်ဝန်ကြီးချုပ်တို့ ရှေ့မှောက်၌နှစ်နိုင်ငံ တာဝန်ရှိသူများက လဲလှယ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent