ရုရှားနှင့် ဆက်စပ်နေသော သတင်းမှား စစ်ဆင်ရေးအသစ်က အမေရိကန်ရွေးကောက်ပွဲအတွက် အဆုံးအဖြတ်ပေးသည့် ပြည်နယ်များကို ပစ်မှတ်ထားနေသည်ဟု အမေရိကန်အာဏာပိုင်များက သတိပေး

ရုရှားနှင့် ဆက်စပ်နေသော သတင်းမှား စစ်ဆင်ရေးအသစ်က အမေရိကန်ရွေးကောက်ပွဲအတွက် အဆုံးအဖြတ်ပေးသည့် ပြည်နယ်များကို ပစ်မှတ်ထားနေသည်ဟု အမေရိကန်အာဏာပိုင်များက သတိပေး
မီချီဂန် စည်းရုံးရေးပွဲ၌ ထောက်ခံသူများကို ကြည့်နေသော ဒေါ်နယ်ထရန့်ကို နိုဝင်ဘာ ၅ ရက်တွင် တွေ့ရစဉ်(Photo: AFP)
မီချီဂန် စည်းရုံးရေးပွဲ၌ ထောက်ခံသူများကို ကြည့်နေသော ဒေါ်နယ်ထရန့်ကို နိုဝင်ဘာ ၅ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 5 November 2024

ရုရှားနှင့်ဆက်နွှယ်နေသော သတင်းမှားပစ်မှတ်များက ထူးထူးခြားခြားအကြိတ်အနယ်ဖြစ်နေသော အမေရိကန်ရွေးကောက်ပွဲ၏ရလဒ်ကို ကလိမ်ကကျစ်ကျကျ ယိမ်းသွားစေရန် စီစဉ်ထားသောအဆုံးအဖြတ်ပေးသည့် ပြည်နယ်များရှိတာဝန်ရှိသူများကို မှားယွင်း စွာပြောဆိုမှုများလုပ်ဆောင်ရန်ဖြစ်သည်ဟု ရွေးကောက်ပွဲမစတင်မီနာရီပိုင်းအတွင်းတွင် အာဏာပိုင်များက သတိပေးခဲ့သည်။

အဆုံးအဖြတ်ပေးသော ပြည်နယ်ခုနစ်ခု၌ အနိုင်ရခြင်းသည် ကာမလာဟဲရစ်နှင့် ဒေါ်နယ်ထရန့်တို့အတွက် အိမ်ဖြူတော်ရောက်ရှိရန် အဓိကကျနေပြီး ယင်းပြည်နယ်များသည် ရွေးကောက်ပွဲမသမာမှုများရှိသည် ဟူသော အထောက်အထားမဲ့ပြောဆိုမှုများ  ယခင်ကရှိခဲ့ဖူးသည့် ပြည်နယ်များဖြစ်သည်။

“ရုရှားဟာ အတက်ကြွဆုံးသော ခြိမ်းခြောက်မှုဖြစ်ပါတယ်”ဟု အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၊ အက်ဖ်ဘီအိုင်၊ အခြေခံအဆောက်အအုံ လုံခြုံရေးအေဂျင်စီတို့က နိုဝင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

“အဲဒီကြိုးပမ်းမှုတွေဟာ ရွေးကောက်ပွဲတာဝန်ရှိသူတွေအပါအဝင်အကြမ်းဖက်မှုတွေကို လှုံ့ဆော်ပေးမယ့် အန္တရာယ်ရှိနေပါတယ်”ဟု ၎င်းတို့က ဖြည့်စွက်ပြောကြားခဲ့သည်။  ယင်းသို့ ကြိုးပမ်းအားထုတ်မှုများသည် ရွေးကောက်ပွဲကျင်းပသည့်နေ့မှသည် ရွေးကောက်ပွဲအပြီးနောက်လာမည့် သီတင်းပတ်များအထိ အရှိန်ပြင်းထန်လာမည်ဟု ခန့်မှန်းကြောင်း ဖော်ပြထားသည်။

ယခုသတိပေးချက်သည် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၏ ဆက်တိုက်သတိပေးမှုများထဲက နောက်ဆုံးသတိပေးချက်ဖြစ်သည်။ အထူးသဖြင့် ရုရှားနှင့်အီရန်တို့လို ပြည်ပနိုင်ငံများက ယခုရွေးကောက် ပွဲအတွင်း သတင်းအမှားများဖြန့်ခြင်း၊ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ကွန်ပျူတာဖြင့် hack ခြင်းတို့ လုပ်နိုင်သည်ဟု သတိပေးထားသည်။

ယင်းစွပ်စွဲပြောကြားချက်များကို ရုရှား နှင့်အီရန်တို့က ယခင်က ပယ်ချခဲ့ကြသည်။

အမျိုးသား ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး၏နောက်ဆုံး သတိပေးချက်သည် မကြာသေးမီက ထွက်ပေါ်ခဲ့သောဗီဒီယိုကို ကိုးကားထားသည်။ အရီဇိုးနားပြည်နယ်၌ မဲမသမာမှုဖြစ်သည်ဟု လူတစ်ဦးက ပြောကြားနေသော အင်တာဗျူးကို အဆိုပါဗီဒီယိုတွင် မြင်ရပြီးအခြားနိုင်ငံ၌ မဲပေးနေပုံအတုကို ဖန်တီးထားကာ ဟဲရစ်အသာရစေရေးအတွက် မဲစာရင်းအပြောင်းအလဲလုပ်နေပုံကို လည်းဗီဒီယိုတွင် တွေ့ရသည်။

အရီဇိုးနားပြည်နယ်၏နိုင်ငံခြားရေးဝန်ကြီးက အဆိုပါ ဗီဒီယိုသည် လုံးဝမှားနေပြီး ဗီဒီယိုအတုဖြစ်ကာ ကလိမ်ကကျစ်ကျထားသော ဗီဒီယိုဖြစ်သည်ဟု ပြောကြားခဲ့သည်။

သတင်းမှားများ ဖြန့်ခြင်းဖြင့် အီရန်နှင့် ဆက်နွှယ်နေသော ပစ်မှတ်များက အကြမ်းဖက်မှုကို မီးထိုးပေးမည်ဟု မျှော်လင့်ထားကြောင်း အမေရိကန်အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆုံးအဖြတ်ပေးသည့် ပြည်နယ်တစ်ခုဖြစ်သော ပင်ဆဲလ်ဗေးနီးယားတွင် ထရန့်အတွက် စာတိုက်မဲများ ဖျက်ဆီးခံထားရသော  ဗီဒီယို၏နောက်ကွယ်တွင် ရုရှားနှင့်ဆက်စပ်နေသော ပစ်မှတ်များရှိနေသည်ဟု အောက် တိုဘာလကုန်ပိုင်းတွင် အမေရိကန်တာဝန်ရှိသူများက သတိပေးခဲ့သည်။

Ref: AFP

Most Read