■အင်ဒိုနီးရှားက iPhone 16 နှင့်အတူ Google Pixel ဖုန်းများကို ရောင်းချခွင့် တားမြစ်ပိတ်ပင်

■အင်ဒိုနီးရှားက iPhone 16 နှင့်အတူ Google Pixel ဖုန်းများကို ရောင်းချခွင့် တားမြစ်ပိတ်ပင်
■Photo : Reuters
■Photo : Reuters
Published 2 November 2024

အင်ဒိုနီးရှားတွင် Apple ကုမ္ပဏီ၏ iPhone 16 ရောင်းချမှုကို တားမြစ်ပိတ်ပင်ပြီးနောက် ရက်ပိုင်းအကြာတွင် နည်းပညာကုမ္ပဏီကြီးများ၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာစည်းမျဉ်းများကို လိုက်နာရန်ပျက်ကွက်မှုကြောင့် Google Pixel ဖုန်းများကို ရောင်းချခွင့် ထပ်မံတားမြစ်ပိတ်ပင်ခဲ့ကြောင်း စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အင်ဒိုနီးရှားအစိုးရက ပြည်ပနည်းပညာကုမ္ပဏီများထံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရန် ကြိုးပမ်းသည့်အနေဖြင့် ဖုန်းအစိတ်အပိုင်းများ၏ ၄၀ရာခိုင်နှုန်းကို အင်ဒိုနီးရှားတွင် ထုတ်လုပ်ရန် လိုအပ်သည့် စည်းမျဉ်းများကို ပြဋ္ဌာန်းခဲ့သည်။

"ဒီထုတ်ကုန်တွေဟာ ကျွန်တော်တို့ ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းတွေနဲ့ ပြည့်မီမှု မရှိတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံမှာ ရောင်းချခွင့် ပိတ်ပင်လိုက်တာဖြစ်ပါတယ်" ဟုစက်မှုဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖီဘရီဟင်ဒရီအန်တိုနီအရစ်ဖ်က အေအက်ဖ်ပီသတင်းကို ပြောပြခဲ့သည်။

"Google Pixel ဖုန်းတွေအတွက်ဆိုရင် သူတို့ဆီမှာ TKDN တရားဝင်လက်မှတ် မရှိပါဘူး"ဟု ၎င်းက ၄၀ ရာခိုင်နှုန်းစည်းမျဉ်းကိုချမှတ်သည့် စီမံကိန်း၏ အတိုကောက်ကို ရည်ညွှန်းပြောကြားခဲ့သည်။

ယခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံကို ဝင်ရောက်လာသည့် Google Pixel ဖုန်းအလုံးရေ ၂၂၀၀၀ ဝန်းကျင်ရှိသည်ဟု စက်မှုဝန်ကြီးဌာန အချက်အလက်တွင် ဖော်ပြထားသည်။

iPhone 16 ဖုန်းများသည်လည်း  ၄၀ ရာခိုင်နှုန်းစည်းမျဉ်းနှင့် ပြည့်မီခြင်းမရှိဟု ၎င်းကဆိုသည်။

■Ref : AFP

Most Read

Most Recent