ကာတာနိုင်ငံတွင်ကျင်းပသည့် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲအဖွဲ့(အေစီဒီ) ထိပ်သီးအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးတက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပရေး ဆောင်ရွက်နေမှုအပါအဝင် နိုင်ငံ့အခြေအနေများကို ရှင်းလင်းပြောကြား

ကာတာနိုင်ငံတွင်ကျင်းပသည့် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲအဖွဲ့(အေစီဒီ) ထိပ်သီးအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးတက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပရေး ဆောင်ရွက်နေမှုအပါအဝင် နိုင်ငံ့အခြေအနေများကို ရှင်းလင်းပြောကြား
Published 4 October 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်း ဆွေသည် အောက်တိုဘာ ၃ ရက်တွင် ကာ တာနိုင်ငံ၊ ဒိုဟာမြို့ရှိ ရစ်ကာလ်တန်ဟိုတယ် ၌ ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲအဖွဲ့(အေစီဒီ) ၏ ထိပ်သီးအစည်းအ ဝေးသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

တတိယအကြိမ်မြောက် အေစီဒီ ထိပ် သီးအစည်းအဝေး၌ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်‌ထောင်စု ဝန် ကြီး ဦးသန်းဆွေသည် အောက်တိုဘာ ၃ ရက် တွင် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့ကြောင်း သိရသည်။

 ပြည်‌ထောင်စုဝန်ကြီးက တတိယအ ကြိမ်မြောက် အေစီဒီ ထိပ်သီးအစည်းအဝေး အား အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးသည့် ကာတာနိုင်ငံအား ကျေးဇူးတင်ရှိပါကြောင်း၊ အေစီဒီလက်ရှိဥက္ကဋ္ဌ အီရန်နိုင်ငံ၏ ခေါင်း ဆောင်မှုကို အသိအမှတ်ပြုကြောင်းနှင့် ပြီးခဲ့ သည့် ၂၀၂၄ ခုနှစ် ဇွန်လက တီဟီရန်မြို့၌ (၁၉) ကြိမ်မြောက် အေစီဒီ နိုင်ငံခြားရေးဝန် ကြီးများအစည်းအဝေးကို အောင်မြင်စွာကျင်း ပနိုင်ခဲ့ပြီး၊ တီဟီရန် ကြေညာချက်အား အဖွဲ့ ဝင်နိုင်ငံများအားလုံးက တူညီဆန္ဒဖြင့်အ တည်ပြုနိုင်ခဲ့သည်ကို ပြန်ပြောင်းသတိရ ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၂၅ ခုနှစ် အေစီဒီ ဥက္ကဋ္ဌသစ် အဖြစ် လွှဲပြောင်းတာဝန်ယူဆောင်ရွက်မည့် ထိုင်းနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ကြို ဆိုပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ထိုင်း နိုင်ငံအား အပြည့်အဝ ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးသည် အစည်းအဝေးအတွင်း နိုင်ငံ တော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက် ရေး၊ ဒီမိုကရေစီဖော်ဆောင်ရေးနှင့် အထွေ ထွေ ရွေးကောက်ပွဲကျင်းပရေးအတွက် ကြိုး ပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက်မှု အခြေအနေ များ ကို အေစီဒီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါ တတိယအကြိမ်မြောက် အေစီ ဒီထိပ်သီးအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံ များမှ နိုင်ငံအကြီးအကဲ^ အစိုးရအဖွဲ့အကြီး အကဲများ၊ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ် စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်းသိ ရသည်။

ယင်းအစည်းအဝေး၌ အေစီဒီအဖွဲ့ဝင် နိုင်ငံများက အေစီဒီ ထိပ်သီးအစည်းအဝေး အား အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ကာ တာနိုင်ငံက သတ်မှတ်ထားသည့် ဘာသာရပ် ခေါင်းစဉ်ဖြစ်သည့် အားကစား ရေးရာ သံတ မန်ဆက်ဆံရေး အပေါ် ကြိုဆိုခဲ့ကာ၊ ကိုယ် စားလှယ်အဖွဲ့အသီးသီးက သက်ဆိုင်ရာ နိုင် ငံအလိုက် မိန့်ခွန်းများ ပါဝင်ပြောကြားခဲ့ ကြောင်းသိရသည်။

ထို့ပြင် တတိယအကြိမ်မြောက် အေစီဒီ ထိပ်သီးအစည်းအဝေးအတွင်း ကိုယ်စား လှယ်အဖွဲ့ ခေါင်းဆောင်များသည် အေစီ ဒီပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းနှင့်ကမ္ဘာ့ရေးရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင် ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းသိရသည်။          

အေစီဒီအဖွဲ့ဝင်နိုင်ငံများသည် ၎င်းင်းတို့ ၏ သက်ဆိုင်ရာနိုင်ငံအလိုက် ဖြစ်ပေါ်တိုး တက်မှုများကိုလည်း ထည့်သွင်းဆွေးနွေး ပြောကြားခဲ့ပြီး အစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံ များက အေစီဒီအတွင်းရေးမှူးချုပ်အဖြစ် မကြာသေးမီက ခန့်အပ်ခဲ့သည့် ကူဝိတ်နိုင်ငံမှ သံအမတ်ကြီး Nasser Raden Thamer AI နှင့် ဒုတိယအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့သည့် အီရန်နိုင်ငံမှ သံအမတ်ကြီး Mohammed Taghi Hosseini တို့အား ဝမ်းမြောက်ဂုဏ်ယူကြောင်း ထည့်သွင်းပြော ကြားခဲ့ကြောင်းသိရသည်။

ထို့အတူ အစည်းအဝေးရလဒ်အဖြစ် ဒိုဟာ ကြေညာချက်ကို အဖွဲ့ဝင်နိုင်ငံများအား လုံး၏ တူညီဆန္ဒဖြင့် ထုတ်ပြန်နိုင်ခဲ့ကြောင်း သိရသည်။

အိမ်ရှင် ကာတာနိုင်ငံ အကြီးအကဲ ရှိတ်တမင်း(မ်) ဘင်ဟမတ် အယ်တာနီက တတိယအကြိမ်မြောက် အေစီဒီထိပ်သီးအစည်း အဝေးသို့ပါဝင်တက်ရောက်လာသည့် ကိုယ် စားလှယ်အဖွဲ့များကို အောက်တိုဘာ ၃ ရက် နေ့လယ်တွင်  ဒိုဟာမြို့ရှိ ရစ်ကာလ်တန် ဟိုတယ်၌ ဂုဏ်ပြုနေ့လယ်စာစားပွဲဖြင့် တည် ခင်းဧည့်ခံ ခဲ့ကြောင်းသိရသည်။

အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့(အေစီဒီ)ကို ၂၀၀၂ ခုနှစ်၊ ဇွန်လက ထိုင်းနိုင်ငံ၊ ချာအမ်းမြို့၌ စတင်ဖွဲ့ စည်းထူထောင်ခဲ့ပြီး လက်ရှိတွင် အေစီဒီ၌ ဒေသတွင်း အုပ်စုကြီးငါးခုဖြစ်သည့် အရှေ့ တောင်အာရှအုပ်စု၊ တောင်အာရှအုပ်စု၊ အနောက်အာရှအုပ်စု၊ ဗဟိုအာရှအုပ်စုနှင့် အရှေ့အာရှအုပ်စုတို့ကို အသီးသီး ကိုယ်စား ပြုသည့် အဖွဲ့ဝင်နိုင်ငံ (၃၅) နိုင်ငံပါဝင်ကာမြန် မာနိုင်ငံသည် အေစီဒီ စတင်ထူထောင် ရာ တွင်ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

ယေဘုယျအားဖြင့် အာရှနိုင်ငံများ အ ကြား အပြန်အလှန် အမှီသဟဲပြုရေးကို မြှင့် တင်သွားရန်နှင့် အာရှတိုက်မှ အာရှအသိုက် အဝန်းအဖြစ်သို့ ပြောင်းလဲရန် ရည်ရွယ်လျက် အေစီဒီကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး အေစီဒီ အတွင်းရေးမှူးရုံးကို ကူဝိတ်မြို့၌ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ဖွင့်လှစ်ခဲ့ကာ လက်ရှိတွင် အေစီဒီအဖွဲ့ဝင်နိုင်ငံများအကြား ကုလသမဂ္ဂ၏ ၂၀၃၀ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နှင့် ကိုက်ညီ သည့် အဓိကမဏ္ဍိုင်ကြီးခြောက်ခု၌ ဦးစားပေး ပူးပေါင်းဆောင်ရွက်သွားရန်သဘောတူညီ ထားကြောင်း၊ အဆိုပါ အဓိကမဏ္ဍိုင်ကြီး ခြောက်ခုမှာ (က) ပေါင်းစည်းဆက်နွှယ်မှု (ခ) သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု၊ (ဂ) ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ (ဃ) စားနပ်ရိက္ခာ၊ စွမ်းအင် နှင့် ရေဖူလုံရေး၊ (င) ယဉ်ကျေးမှုနှင့် ခရီးသွား လုပ်ငန်း (စ) အားလုံးပါဝင်ရေးနှင့် ရေရှည်စဉ် ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ် ကြောင်း သိရသည်။

ကာတာနိုင်ငံ၌ ကျင်းပခဲ့သည့် တတိယ အကြိမ်မြောက် အေစီဒီ ထိပ်သီးအစည်းအ ဝေးသို့ အေစီဒီအဖွဲ့ဝင်နိုင်ငံ (၃၂) နိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ ကြောင်း သိရသည်။

Most Read

Most Recent