ဒုတိယအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ရန် ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ် (၄)စီး ရန်ကုန်မြို့သို့ ရောက်ရှိ

ဒုတိယအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ရန် ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ် (၄)စီး ရန်ကုန်မြို့သို့ ရောက်ရှိ
ပုံစာ- ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သည့်မြန်မာ-ရုရှား ရေတပ် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဖွင့်ပွဲအခမ်းအနား
ပုံစာ- ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သည့်မြန်မာ-ရုရှား ရေတပ် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဖွင့်ပွဲအခမ်းအနား
Published 21 October 2024

ဒုတိယအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ရန် ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ် (၄)စီး ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

ရုရှားရေတပ် Russian Pacific Fleet မှ ကော်ဗက်စစ်ရေယာဉ်များဖြစ်ကြသည့် စစ်ရေယာဉ် Gromky ၊ စစ်ရေယာဉ် Rezky နှင့် စစ်ရေယာဉ် Tsydenzhapov၊ ထောက်ပံ့ရေး ရေယာဉ် Pechenga တို့သည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် ယနေ့(အောက်တိုဘာ ၂၀ ရက်) နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာရာ တပ်မတော်(ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။

အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Russian Pacific Fleet မှ Captain 1st Rank Antsiferov Alexey Vitalievich ဦးစီးသည့် စစ်သည်များလိုက်ပါလာပြီး ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက် လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲများပြုလုပ်ခြင်း၊ ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း(Harbour Phase)များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent