ပါတီညီလာခံတွင် ဒီမိုကရက်တစ်ပါတီက ရွေးချယ်သော သမ္မတလောင်းအဖြစ် အဆိုပြုမှုကိုကာမလာဟဲရစ် လက်ခံလိုက်ပြီး ရွေးကောက်ပွဲအနိုင်ရမည်ဆိုပါက ရှေ့သို့သွားမည့်လမ်းသစ်ကို ဖောက်မည်ဟု ပြောကြား

ပါတီညီလာခံတွင် ဒီမိုကရက်တစ်ပါတီက ရွေးချယ်သော သမ္မတလောင်းအဖြစ် အဆိုပြုမှုကိုကာမလာဟဲရစ် လက်ခံလိုက်ပြီး ရွေးကောက်ပွဲအနိုင်ရမည်ဆိုပါက ရှေ့သို့သွားမည့်လမ်းသစ်ကို ဖောက်မည်ဟု ပြောကြား
ဒီမိုကရက်တစ်အမျိုးသား ညီလာခံ နောက်ဆုံးနေ့(စတုတ္ထမြောက်နေ့)တွင် ဒုတိယသမ္မတလောင်းကာ မလာဟဲရစ် မိန့်ခွန်းပြောကြားနေပုံကို သြဂုတ် ၂၂ ရက်တွင် တွေ့ရစဉ်(Photo:AFP)
ဒီမိုကရက်တစ်အမျိုးသား ညီလာခံ နောက်ဆုံးနေ့(စတုတ္ထမြောက်နေ့)တွင် ဒုတိယသမ္မတလောင်းကာ မလာဟဲရစ် မိန့်ခွန်းပြောကြားနေပုံကို သြဂုတ် ၂၂ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 23 August 2024

ကာမလာဟဲရစ်သည်  ချီကာဂိုမြို့၌ ကျင်းပသော ဒီမိုကရက်တစ်ပါတီ ညီလာခံတွင် ဒီမိုကရက်တစ်ပါတီက ရွေးချယ်သော သမ္မတလောင်းအဖြစ်အဆိုပြုခြင်းကို သြဂုတ် ၂၂ ရက်တွင် လက်ခံလိုက်ပြီး နိုဝင်ဘာရွေး ကောက်ပွဲတွင် ပြိုင်ဘက်ဒေါ်နယ်ထရန့်ကို အနိုင်ရမည်ဆိုပါက ရှေ့သို့သွားမည့်လမ်းသစ်ကို ဖောက်မည်ဟု ကတိပေးခဲ့သည်။

“ကမ္ဘာပေါ်က ထူးကဲသာလွန်မှုအရှိဆုံး နိုင်ငံမှာကိုယ့်အကြောင်းကို ရေးနိုင်တဲ့သူ တွေအားလုံးရဲ့ကိုယ်စား အမေရိကန်ပြည်ထောင်စုရဲ့သမ္မတဖြစ်လာဖို့ ပါတီရဲ့ရွေးချယ်မှုကို ကျွန်မလက်ခံပါတယ်”ဟု အသက် ၅၉ နှစ်အရွယ် ဟဲရစ်က ပြောကြားခဲ့ရာ ပရိတ်သတ်က သြဘာပေးခဲ့သည်။

“ကျွန်မဟာ အပြင်းပြဆုံး ရည်မှန်းချက်တွေနဲ့ စည်းလုံးစေမယ့် သမ္မတဖြစ်လာပါလိမ့်မယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ ၎င်းသည် အမေရိကန်ပြည်သူအားလုံးအတွက် သမ္မတဖြစ်လာလိမ့်မည်ဟု ဟဲရစ်က ဆက်လက် ပြောကြားခဲ့သည်။

နိုဝင်ဘာရွေးကောက်ပွဲနှင့်အတူ အမေရိကန်ပြည်သူများသည် အတိတ်၏ခါးသီးမှု၊ အတ္တဆန်မှု၊ သွေးကွဲမှု တိုက်ပွဲတို့ကို ကျော်လွှားရန် တဒင်္ဂအခွင့်အလမ်းရှိနေပြီး ရှေ့ဆက်မည့်လမ်းသစ်ကို ဖောက်ရန် အခွင့်အ ရေးရှိနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

ဟဲရစ်က ၎င်း၏အကြောင်းကိုပြောကြားခဲ့ရာ၌ အလုပ်လုပ်သော single mother ၏  သားသမီးအဖြစ် လည်းကောင်း၊ အစိုးရရှေ့နေအဖြစ် အသက်မွေးခဲ့ရပုံကိုလည်းကောင်း ပြောပြခဲ့သည်။ ကိုယ့်အတွက်နှင့်မိတ်ဆွေ ဘီလျံနာများအတွက်သာ အလုပ်လုပ်သော ဒေါ်နယ်ထရန့်ကဲ့သို့မဟုတ်ဘဲ ၎င်းသည် နိုင်ငံ့အကျိုးကို ထမ်းရွက်ရန် ကျောထောက်နောက်ခံနှင့် အတွေ့အကြုံတို့ရှိနေသည်ဟု ဟဲရစ်က ဆက်လက် ပြောကြားခဲ့သည်။

အမေရိကန်ပါတီကြီးတစ်ခု၏ ပထမဆုံး လူမည်းအမျိုးသမီး သမ္မတလောင်းဖြစ်လာသော ဟဲရစ်သည် လူထုသဘောထားစစ်တမ်းများတွင် သမ္မတဟောင်းဒေါ်နယ်ထရန့်ကို ကျော်တက်သွားခဲ့ပြီး များပြားလှသောပြည် သူတို့ကို ဆွဲဆောင်ခဲ့ကာ စံချိန်တင် ရန်ပုံငွေများ ရရှိခဲ့သည်။

ယခုအချိန်တွင် ၎င်း၏စိန်ခေါ်မှုမှာ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်း အသစ်နှင့်ကျင့်သားရနေဆဲဖြစ်သော နိုင်ငံအား သူ့ကိုယ်သူမိတ်ဆက်ခြင်းပင်ဖြစ်သည်။

“နိုင်ငံရေး အမြင်အသီးသီးရှိတဲ့သူတွေ ဒီညမှာ ကြည့်နေကြတယ်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မဟာ အမေရိကန်ပြည်သူ အားလုံးအတွက် သမ္မတဖြစ်ဖို့ကတိပေးတဲ့အကြောင်း ပြည်သူတွေကို အသိပေးချင်ပါတယ်”ဟု ဟဲရစ်က ပြောကြားခဲ့သည်။

အလုပ်အကိုင်ရှိသော single mother ၏လက်တွင်ကြီးပြင်းခဲ့ရသူ ဖြစ်သောကြောင့် ငွေကြေးဖောင်းပွမှု ထိုးနှက်ခံရသော မိသားစုများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို နားလည်ကြောင်း ဟဲရစ်က ပြောကြားခဲ့သည်။

မီးရှူးမီးတိုင်ကို ကာမလာဟဲရစ်ထံ လွှဲပြောင်းပေးလိုက်ပြီဖြစ်၍ အမေရိကန်ပြည်ထောင်စုသည် ဟဲရစ် သမ္မတဖြစ်လာရန် အဆင်သင့်ဖြစ်နေပြီဟု အောက်တိုဘာ ၂၀ ရက်တွင် ဘာရက်အိုဘားမားက ချီကာဂိုမြို့၌ ဒီမိုကရက်တစ်ပါတီဝင်များကို ပြောကြားခဲ့သည်။

ရွေးကောက်ပွဲတွင် ကာမလာဟဲရစ်ကို ထောက်ခံကြရန်ပြည်သူများကို သမ္မတ ဂျိုးဘိုင်ဒင်က တိုက်တွန်းထားသည်။

Ref:AFP

 

Most Read

Most Recent