ရာသီသစ်စတင်ရန် (၁၄)ရက်သာ လိုတော့သည်

ရာသီသစ်စတင်ရန် (၁၄)ရက်သာ လိုတော့သည်
Photo : X
Photo : X
Published 1 August 2024
Wai Yan Aung

သြဂုတ်လကို ရောက်ရှိလာပြီဖြစ်တာကြောင့် ရာသီသစ်ရဲ့ ရနံ့ကို ပိုပြီးရရှိလာခဲ့ပါပြီ။ ဥရောပရဲ့ ထိပ်တန်းလိဂ်(၅)ခုစလုံးက သြဂုတ်လအတွင်း ရာသီသစ် စတင်မှာဖြစ်တာကြောင့်ပါ။ အများစုက သြဂုတ်တတိယပတ်မှာ ရာသီသစ်စတင်ဖို့ စီစဉ်ထားကြပြီး ပရီးမီးယားလိဂ်က သြဂုတ် (၁၆)သောကြာနေ့မှာ စတင်မှာပါ။ ဒါကြောင့် ပရီးမီးယားလိဂ်ရာသီသစ်စတင်ဖို့ (၁၄)ရက်သာ လိုတော့တဲ့ အနေအထားပါ။ နွေရာသီအပြောင်းအရွှေ့ ဈေးကွက်ကို သြဂုတ်(၃၀)မှ ပိတ်သိမ်းမှာဖြစ်တာကြောင့် ပြိုင်ပွဲဝင်ကလပ်အသင်းတွေရဲ့ ပြင်ဆင်မှုတွေကတော့ ပြိုင်ပွဲစတင်ပြီးမှ အဆုံးသတ်ရမှာပါ။ ဘာပဲဖြစ်ဖြစ် လာမယ့်ရက်သတ္တပတ် နှစ်ပတ်အတွင်းမှာ ရာသီသစ်ကို အစပြုရတော့မှာဖြစ်လို့ လက်ရှိအခြေအနေနဲ့ ကွာခြားမှုသိပ်မရှိတဲ့ အသင်းတွေကိုသာ မြင်တွေ့ရဖို့ အလားအလာများပါတယ်။

 

Most Read

Most Recent