လူမှုမီဒီယာများ

လူမှုမီဒီယာများ
Published 17 June 2024

          “လူမှုမီဒီယာကို လက်နက်ကိရိယာအဖြစ် အသုံးပြုလာရတဲ့ ခေတ်တစ်ခေတ်ထဲမှာ ကျွန်မ တို့ နေထိုင်လာရတယ်”

ဂီဂီဟာဒစ် (၁၉၉၅ ဖွား) အမေရိကန်မော်ဒယ်

လူမှုမီဒီယာများသည် ယနေ့ခေတ်တွင် လူငယ်များ၏ ဘဝအစိတ်အပိုင်းများစွာကို နေရာယူ၍လာသည်။ လူအများစုသည် ရပ်တန့်စဉ်းစားမှုပင် မပြုတော့ဘဲ လူမှုမီဒီယာ စာမျက်နှာများပေါ် မရပ်မနားပြေးလွှား၍သာ နေကြတော့၏။ လူမှုမီဒီယာများနှင့် ဒီဂျစ် တယ်နည်းပညာများ ထွန်းကားလာမှုက လူငယ်များအား အခွင့်အလမ်းများစွာ ပေးနိုင် သကဲ့သို့ အန္တရာယ်များစွာလည်း ပေးနိုင်သည်ကို တွေ့မြင်နေရသည်။ နေ့စဉ်ဘဝ၌ အမှန် တကယ်တွေ့နိုင်သည့် မိတ်ဆွေသူငယ်ချင်းများပမာဏထက် အဆပေါင်းများစွာပိုသော ပမာဏကို နေ့စဉ် င်္FACEBOOK ပေါ်တွင် တွေ့နေသော လူ့အဖွဲ့အစည်းတစ်ရပ်အတွက် ရေရှည်တွင် မည်သို့သော သက်ရောက်မှုများ ရှိလာမည်နည်း။

ပညာရေးတွင် Facebook ၏ ကောင်းကျိုးများကိုကြည့်လျှင် ဆရာများသည် တပည့် များနှင့်ဖြစ်စေ၊ ဆရာအချင်းချင်းဖြစ်စေ အလွယ်တကူဆက်သွယ်ကာ ပူးပေါင်းဆောင်ရွက် နိုင်ခြင်းနှင့် ကျောင်းသားများအနေဖြင့်လည်း လေ့လာသင်ယူရန် ရင်းမြစ်များကို အွန်လိုင်း မှနေ၍ အခမဲ့ အလွယ်တကူ ရယူနိုင်ခြင်းတို့ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံရေး၌လည်း  FACEBOOK က နိုင်ငံရေး အပြောင်းအလဲအတွက် အထောက်အကူပြုခြင်း၊ လူမှုရေးလှုပ်ရှား မှုများ ပြုလုပ်ရာ၌ စည်းရုံးလှုပ်ရှားရန် လွယ်ကူခြင်းနှင့် အချက်အလက်များ ဖြန့်ချိရာ၌ အကုန်အကျသက်သာကာ လွယ်ကူခြင်း အစရှိသည်တို့ကို တွေ့ရမည်ဖြစ်သည်။ လူမှုရေး အကျိုးကျေးဇူးများအဖြစ် မိတ်ဆွေသူငယ်ချင်းများနှင့် ဆက်သွယ်ရန် လွယ်ကူခြင်းနှင့် မိတ်ဆွေသစ်များ တိုးပွားခြင်းတို့ရှိသည်။ ၎င်းင်းအပြင် အလုပ်အကိုင်ရှာဖွေရန်နှင့် အလုပ် ခန့်ထားရန်ကိစ္စများအတွက်လည်း အသုံးပြုနိုင်သေးသည်။

သို့သော် လူမှုမီဒီယာများ၏ ဆိုးကျိုးတို့သည်လည်း များပြားလှသည်။ ပညာရေးတွင် ဥပမာအားဖြင့် ကိုယ်တိုင်လုပ်ရန် ပေးလိုက်သည့် လေ့ကျင့်ခန်းများကို အွန်လိုင်းမှ အလွယ် တကူကူးယူသောကြောင့် မိမိ၏ အစွမ်းအစကို အားကိုးသည့် အလေ့အထ ပျောက်ကွယ် သွားရသည်။ FACEBOOK ၌သာ အချိန်ဖြုန်းနေသောကြောင့် ပညာရေးကို စိတ်မဝင်စားနိုင် ဖြစ်လာရသည်။ စစ်တမ်းတစ်ရပ်အရ အသက် ၂၅ နှစ်မှ ၃၄ နှစ်ရှိသူတို့၏ ၅၁ ရာခိုင်နှုန်း သည် အလုပ်ထဲ၌ လူမှုမီဒီယာများကို သုံးစွဲနေကြောင်း တွေ့ရှိရသည်။ ယင်းကိုကြည့်လျှင် လူမှုမီဒီယာများက ကုန်ထုတ်စွမ်းအားကို မည်မျှထိခိုက်စေသည်ကို ခန့်မှန်းကြည့်နိုင်သည်။ ၎င်းင်းအပြင် အလုပ်ရှင်များနှင့် အလုပ်ခန့်ထားမည့်သူများက မိမိဝန်ထမ်းများနှင့် မိမိအလုပ် ခန့်ထားမည့်သူများ၏ အကောင့်များကို စောင့်ကြည့်စစ်ဆေးတတ်သည်။ ဘာသာရေးစော် ကားမှု၊ စာလုံးပေါင်းနှင့် သဒ္ဒါညံ့ဖျင်းမှု၊ လူမျိုးရေးခွဲခြားမှု၊ လိင်ခွဲခြားဆက်ဆံမှု၊ ကျန်းမာ ရေး ညံ့ဖျင်းမှု၊ အရက် သို့မဟုတ် မူးယစ်ဆေးဝါးနှင့်ပတ်သက်မှု၊ လိင်ကိစ္စနှင့် ဘာသာရေး ဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ မတော်တရော်ရေးသားမှု အစရှိသည့် မနှစ် မြို့ဖွယ်ကိစ္စများကို ရှာဖွေတွေ့ရှိပါက မိမိ၏ အလုပ်အတွက် ထိခိုက်နစ်နာမှုများ ဖြစ်တတ် သည်။

အထူးသဖြင့် ငယ်ရွယ်သူများသည် ဓာတ်ပုံများအပါအဝင် မိမိတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို FACEBOOK သို့ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း တင်တတ်ကြ သည်။ ယင်းတို့က တစ်ခါတစ်ရံတွင် အခြားသူများအတွက် အသုံးချစရာဖြစ်သွားပြီး ပုဂ္ဂိုလ် ရေးလုံခြုံမှု ထိခိုက်တတ်သည်။ လူမှုမီဒီယာများတွင် အမုန်းတရားကို သွေးထိုးလှုံ့ဆော် သည့်အဖွဲ့များနှင့် အစွန်းရောက်အဖွဲ့များက အဖွဲ့ဝင်သစ်များ စုဆောင်းခြင်း၊ ၀ါဒဖြန့်ချိမှု ပြုလုပ်ခြင်းတို့လည်းရှိပြီး လူငယ်များသည် ၎င်းင်းတို့၏ သားကောင်ဘဝသို့ ကျရောက်သွား နိုင်သည်။ မိမိတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်အမှန်ကို အကောင့်၌ တင်ထားသည့် အခါ ငိနညအငအပ ကို ခိုးယူအယောင်ဆောင်မှုများလည်း ဖြစ်ပွားနိုင်သည်။ သူခိုးက မိမိအား မည်သည့်အချိန်၊ မည်သည့်နေရာ၌ ရှိသည်ကို င်္FACEBOOK မှတစ်ဆင့်သိရှိကာ နေအိမ်ကို ဖောက်ထွင်းခိုးယူခြင်းကဲ့သို့သော ရာဇဝတ်မှုကျူးလွန်သူများက FACEBOOK ကို အသုံးချ တတ်ခြင်းမျိုးလည်း ရှိသည်။ လိင်မှုကိစ္စ ကျူးလွန်မည့်သူများကလည်း  FACEBOOK မှတစ် ဆင့် သားကောင်ရှာဖွေကာ ဖြားယောင်းသွေးဆောင်မှုများ ပြုလုပ်နိုင်သည်။ လူမှုမီဒီယာ များမှတစ်ဆင့် ခြိမ်းခြောက်စာများ ပေးပို့ခြင်းကိုလည်း အွန်လိုင်း၌ အတွေ့များသည်။ ယင်းသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုကို ဖြစ်စေပြီး တစ်ခါတစ်ရံတွင် မိမိကိုယ်မိမိ သေကြောင်းကြံစည်မှုများအထိပင် ဖြစ်စေသည်။

မှားယွင်းသော ကောလာဟလများနှင့် သတင်းအမှားများကို ဖြန့်ချိမှုများကိုလည်း လူမှုမီဒီယာများ၌ တွေ့ရှိရသည်။ စစ်တမ်းတစ်ရပ်အရ လူမှုမီဒီယာများကို အသုံးပြုသူ များ၏ ၄၉ ဒသမ ၁ ရာခိုင်နှုန်းသည် ယင်းကဲ့သို့သော သတင်းအမှားများကို ဖတ်ရှုရသည်ဟု ဆိုသည်။ (တတ်ကျွမ်းသူများမဟုတ်ဘဲ) မှားယွင်းသော အကြံဉာဏ်များနှင့် ကုထုံးများ ပေးခြင်းသည် အသက်အန္တရာယ် ဖြစ်စေသည်အထိ အန္တရာယ်ကြီးမားနိုင်သည်။ ကုန် ပစ္စည်း ကြော်ငြာသူများအတွက် မိမိတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို င်္FACEBOOK မှတစ်ဆင့် ရယူကာ သွေးဆောင်ဖြားယောင်းနိုင်သောကြောင့် မလိုအပ်ဘဲ ငွေ ကြေးအကုန်အကျများမှုကိုလည်း ဖြစ်စေသည်။ လူမှုမီဒီယာများကို အလွန်အကျွံအသုံးပြု သူများအတွက် အဆိုးရွားဆုံးမှာ မိမိတို့၏တန်ဖိုးရှိသော အချိန်များ အလဟဿ ဆုံးရှုံးရ ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် လူမှုမီဒီယာများကို အသုံးပြုရာတွင် အသိဉာဏ်နှင့်ယှဉ်၍ မိမိအတွက် အကျိုးရှိစေသော သုံးစွဲမှုမျိုးဖြစ်ရန် လိုအပ်ပါကြောင်း  The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။

 

■ ဇွန်  ၁၈  ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent