လားရှိုးမြို့နယ်တွင် ကျပ်သိန်း ၁၇၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်များ ဖမ်းဆီးရမိ

လားရှိုးမြို့နယ်တွင် ကျပ်သိန်း ၁၇၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်များ ဖမ်းဆီးရမိ
Published 23 April 2024

လားရှိုးမြို့နယ်တွင် ကျပ်သိန်း ၁၇၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်များ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ဧပြီ ၂၁ ရက် နံနက် ၈ နာရီခန့်တွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့နယ်၊ ဟိုနားပန်ကျမ်းကျေးရွာနေ ရန်လူ၏ တောင်ယာတဲအား ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ၎င်းနှင့်အတူ မပါးရီး(ခ)မရင်ကော့အား တွေ့ရှိပြီး တဲအတွင်းမှ ကျပ် ၈၈ ဒသမ ၅ သိန်းခန့်တန််ဖိုးရှိ ဘိန်းဖြူအလေးချိန် သုည ဒသမ ၅၉ ကီလို၊ ကျပ်သိန်း ၁၅၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ပြား၊ ကျပ် ၂၄ သိန်းခန့်တန်ဖိုးရှိ ဘိန်းစိမ်းအလေးချိန် ၃ ကီလို၊ လက်လုပ်သေနတ် လေးလက်နှင့် မြန်မာငွေကျပ် ၇၈ သိန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သတ်၍ ဖမ်းဆီးရမိသူများအား ရန်လူ(၅၃)နှစ်နှင့် မပါးရီး(ခ)မရင်ကော့(၅၃)နှစ်တို့အား လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent