အာရှကလပ်အသင်းများပြိုင်ပွဲ အဆင့်သတ်မှတ်ချက်တွင် MNL ပြိုင်ပွဲ အဆင့် ၃၂ သို့ရောက်ရှိ

အာရှကလပ်အသင်းများပြိုင်ပွဲ အဆင့်သတ်မှတ်ချက်တွင် MNL ပြိုင်ပွဲ အဆင့် ၃၂ သို့ရောက်ရှိ
Photo: MNL
Photo: MNL
Published 26 February 2024

အာရှဘောလုံးအဖွဲ့ချုပ်(AFC) သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်က ၂၀၂၃- ၂၀၂၄ ရာသီအတွက် အာရှကလပ်အသင်းများပြိုင်ပွဲ အဆင့်သတ်မှတ်ချက်(AFC Club Competitions Ranking) ကို ထုတ်ပြန်လိုက်ရာ မြန်မာနိုင်ငံကိုယ်စားပြု MNL ပြိုင်ပွဲမှာ အဆင့် ၃၂ သို့ရောက်ရှိခဲ့ကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်(AFC) သည် အာရှကလပ်အသင်းများပြိုင်ပွဲ အဆင့်သတ်မှတ်ချက်(AFC Club Competitions Ranking) ကို နှစ်အလိုက် သတ်မှတ်ထုတ်ပြန်လေ့ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံကိုယ်စားပြု မြန်မာနေရှင်နယ်လိဂ်(MNL) ပြိုင်ပွဲမှာ ပြီးခဲ့သည့် ၂၀၂၂- ၂၀၂၃ ရာသီတွင် အာရှအဆင့်၌ အဆင့်၃၀ ရပ်တည်ခဲ့သော်လည်း ယခုရာသီတွင်မူ နှစ်ဆင့်ထပ်မံလျော့ကျခဲ့ပြီး အဆင့် ၃၂ သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ ၂၀၂၃- ၂၀၂၄ ရာသီအတွက် အာရှကလပ်အသင်းများပြိုင်ပွဲ အဆင့်သတ်မှတ်ချက်တွင် မော်လ်ဒိုက်နိုင်ငံကိုယ်စားပြု Dhivehi League ပြိုင်ပွဲမှာ အဆင့် ၃၁၊ ကမ္ဘောဒီးယားနိုင်ငံကိုယ်စားပြု ကမ္ဘောဒီးယား ပရီးမီးယားလိဂ်မှာ အဆင့် ၃၀ နေရာတို့တွင်  ရပ်တည်ခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်(MNL) ပြိုင်ပွဲ၏ အပေါ်တွင် နေရာအသီးသီးယူနိုင်ခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent