အစားအစာနှင့်ဖော်မလင်

အစားအစာနှင့်ဖော်မလင်
Published 25 February 2024
 (ဒေါက်တာလွင်သန့်)

ဖော်မလင်ဆိုတာ အရောင်အဆင်းမရှိ၊ အနံ့ပြင်းတဲ့ဓာတုပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဖော်မယ်ဒီဟိုက်၊ မက်သနော၊ ရေ စုပေါင်းထားတဲ့ အရောအနှောတစ်ခုဖြစ်ပြီး ဖော်မလင်အရည်မှာ ဖော်မယ်ဒီဟိုက် ၃၇ ရာခိုင်နှုန်း ပါဝင်ပါတယ်။

ဖော်မလင်ကို သဘာဝအနေနဲ့ လူသေတွေတာရှည်ခံအောင်စိမ်တဲ့နေရာမှာ သုံးပါတယ်။ ပိုးသတ်ရာမှာ သုံးပါတယ်။ ကြမ်းခင်းတွေ၊ အဝတ်အစားတွေ၊ သင်္ဘောနဲ့သိုလှောင်ရုံတွေ သန့်ရှင်းရေးပြုလုပ်ရာမှာ သုံးပါတယ်။ အင်းဆက်ပိုးတွေ၊ ယင်ကောင်တွေနှိမ်နင်းရာမှာ သုံးပါတယ်။ ပိုးထည်၊ ပိုးချည်၊ ဆိုးဆေး၊ မှန်နဲ့ဖောက်ကွဲပစ္စည်းတွေပြုလုပ်ရာမှာ သုံးပါတယ်။ ဓာတ်မြေသြဇာနဲ ့ရေမွှေးပြုလုပ်ရာမှာ သုံးပါတယ်။ အလှကုန်ပစ္စည်းတွေ တာရှည်ခံအောင်ပြုလုပ်ရာမှာ သုံးပါတယ်။ လျှပ်ကာပစ္စည်းပြုလုပ်ရာမှာ သုံးပါတယ်။ အထပ်သားတွေ ကပ်ရာမှာ သုံးပါတယ်။ အစားအသောက်တွေ တာရှည်ခံအောင်သုံးနေကြပါတယ်။

ဖော်မလင်ကို တာရှည်ခံပစ္စည်းအဖြစ်လွဲမှားစွာအသုံးပြုတဲ့ အစားအသောက်တွေက အသား၊ ငါး၊ ပင်လယ်စာ၊ ဟင်းသီးဟင်းရွက်များ၊ ပန်းသီး၊ လိမ္မော်သီး၊ သရက်သီး စတဲ့အသီးအနှံတွေ၊ တို့ဟူး၊ ပဲပြား၊ ပဲသွေး၊ မုန့်ဟင်းခါးဖတ်တွေဖြစ်ပါတယ်။

 ဖော်မလင်ပါတဲ့အစားအသောက်တွေစားသုံးမိရင်ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း၊ သတိလစ်မေ့မြောခြင်း၊ အခန့်မသင့်ပါက သေဆုံးခြင်းအထိဖြစ်နိုင်ပါတယ်။

ဖော်မလင်ပါတဲ့ အစားအသောက်ကို ရေရှည်စားသုံးမိတာကြောင့် ကျောက်ကပ်၊ အသည်း၊ အစာအိမ်၊ အဆုတ်တို့ ပျက်စီးခြင်း၊ နောက်တစ်ချိန်မှာ ကင်ဆာရောဂါဖြစ်ပွားခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ၊ သွေးအားနည်းခြင်း၊ သွေးကင်ဆာတို့ဖြစ်စေပြီး ကိုယ်ဝန်ဆောင်နဲ ့မွေးကင်းစတွေမှာ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

    ဖော်မလင်ပြဿနာကမြန်မာနိုင်ငံသာမက တရုတ်၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဟောင်ကောင် စတဲ့နိုင်ငံတွေမှာလည်း ရှိနေတဲ့အတွက်ဥပဒေထုတ်ပြန်ပြီး အရေးယူကြတာ တွေ့ရပါတယ်။ အစားအစာမှာ ဖော်မလင်ပါ၊ မပါဘယ်လိုသိနိုင်မလဲဆိုတော့ ငါးဆိုရင်ဖော်မလင်ပါတဲ့အခါ အသားက ရော်ဘာလိုမာမာတောင့်တောင့်ဖြစ်နေမယ်။ အကြေးခွံကမာနေမယ်။ ငါးညှီနံ့မရဘူး။ ယင်မနားဘူး။ ပင်လယ်စာဆိုရင် ရော်ဘာလိုမာနေပြီး ဖြူနေမယ်။ အနံ့မရှိဘူး။ ကင်းမွန်ဆိုရင်အရမ်းမာပြီး ဓားနဲ့ဖြတ်မှပြတ်နိုင်ပါတယ်။

    တို့ဟူးပဲပြားဆိုရင် ပျော့မနေဘဲ မာမာတင်းတင်းဖြစ်နေမယ်။ ၂၄ နာရီကျော်လည်း မပျက်စီးပါဘူး။ မုန့်ဟင်းခါးဖတ်ဆိုရင်ပျော့ပျောင်းမနေဘဲ အီလက်စတစ်လိုဖြစ်နေမယ်။ ရေနွေးထဲထည့်ရင်ဆေးရုံနံ့လိုလို ပြာနံ့လိုလို ရနေနိုင်ပါတယ်။

   မော်မယ်ဒီဟိုက်ကေ ရမှာပျော်ဝင်ပြီး အပူပေးရင်အငွေ့ပြန်ပျောက်ကွယ်နိုင်တာကြောင့် အသီးတွေကိုမစားခင် ဆစ်နာရီခန့်ရေစိမ်ထားသင့်တယ်။ အသီးအရွက်၊အသား၊ ငါးတို့မချက်ပြုတ်ခင်ဆားရေထဲတစ်နာရီစိမ်ထားရင်ဖော်မလင် ၉၀ ရာခိုင်နှုန်း ဖယ်ရှားနိုင်ပါတယ်။ ရှာလကာရည် ၉၀ ရာခိုင်နှုန်း ပါတဲ့ရေထဲမှာစိမ်ရင်တော့ဖော်မလင်ကို ၁၀၀ ရာခိုင်နှုန်း ဖယ်ရှားနိုင်တယ်လို့ဆိုပါတယ်။

    ဖော်မလင်ဓာတုဆေးဝါးကို အသား၊ ငါး၊ နို့နဲ ့နို့ထွက်ပစ္စည်းတွေ၊ လူသေကောင်မပုပ်သိုးစေဖို့ အသုံးပြုရာကနေေ နာက်ပိုင်း မုန့်တီ၊ မုန့်ဖတ်နဲ့ပဲပြားတွေမှာပါ အသုံးပြုတာတွေ့လာရပါတယ်။ ၁၉၇၂ ပြည်သူ့ကျန်းမာရေးဥပဒေ၊ ၁၉၉၇ ခုနှစ်အမျိုးသားအစားအသောက်ဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေသုံးရပ်ပါသတ်မှတ်တဲ့အတိုင်း ထောင်ဒဏ်(၃-၅) နှစ်အထိ ချမှတ်နိုင်ကြောင်း သိရပါတယ်။

    ဖော်မလင်ဟာလူသားတွေကင်ဆာဖြစ်စေတဲ့ပစ္စည်းလို့အမေရိကန်နိုင်ငံအမျိုးသားအဆိပ်အတောက်အစီအစဉ်ကသတ်မှတ်ထားပေမယ့်မြန်မာနိုင်ငံနဲ့အချို့နိုင်ငံတွေမှာစျေးပေါပြီးအလွယ်တကူရနိုင်တဲ့၊ဖော်မလင်ကိုသုံးစွဲနေကြတယ်လို့ဆိုတယ်။တရုတ်၊ဗီယက်နမ်၊ထိုင်း၊အင်ဒိုနီးရှားတွေမှာ၊ခေါက်ဆွဲ၊တို့ဟူး၊ကြက်သား၊ဘီယာတွေမှာထည့်သွင်းအသုံးပြုကြောင်းသိရပါတယ်။ဖော်မလင်ရဲ့ဆိုးကျိုးတွေနဲ့ပတ်သက်ပြီးအမေရိကန်၊ဗြိတိန်နဲ့ဥရောပနိုင်ငံတွေမှာအသုံးပြုခွင့်လုံးဝပိတ်ပင်ထားပါတယ်။မြန်မာ၊တရုတ်အရှေ့တိုင်းနိုင်ငံတွေမှာတော့ဆက်လက်သုံးစွဲနေကြတယ်။မြန်မာနိုင်ငံမှာစားသုံးသူအခွင့်အရေးဌာနနဲ့အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဌာနတို့ပူးပေါင်းပြီးဈေးကွက်ထဲမှဖော်မလင်သုံးပစ္စည်းများဖယ်ရှားနိုင်ဖို့ကြိုးပမ်းအားထုတ်လာကြပါတယ်။

     ဖော်မလင်ဟာ မက်သနောနဲ ့ရေတို ့ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ဓာတ်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဖော်မလင်ဟာ အရည်၊ အစိုင်အခဲ၊ ဓာတ်ငွေ့အသွင်ဆောင်နိုင်တဲ့ပစ္စည်းတစ်ခုဖြစ်ပါယ်။ ဖော်မလင်ကို သေဆုံးပြီးလူများနဲ ့သေဆုံးပြီးသတ္တဝါတို့ ပုပ်ပွမှုမရှိစေရေး၊ ရေရှည်ခံနိုင်ရေး စိမ်တဲ့နေရာမှာအသုံးပြုပါတယ်။ ဒါ့အပြင်ဖော်မလင်ကို ပိုးသတ်ရာမှာလည်းကောင်း၊ အလှကုန်များ တာရှည်ခံအောင်ပြုလုပ်ရာမှာလည်းကောင်း၊ ကုန်လှောင်ရုံသန့်ရှင်းရာမှာ လည်းကောင်း၊ ပိုးချည်ဆိုးဆေးမှန်များပြုလုပ်ရာမှာ လည်းကောင်း အသုံးပြုကြပါတယ်။

    ယခုအခါ ဖော်မလင်ကို ပဲသွေး၊ ပဲပြား၊ မုန့်ဖတ်နဲ့ အသား၊ ငါးစတဲ့စားသောက်ကုန်များမှာ တာရှည်ခံဖို့တရားမဝင်အသုံးပြုမှုများရှိလာပါတယ်။ ဖော်မလင်စားသောက်မိတာကြောင့်အစာအိမ်၊ အူသိမ်စတဲ့အစာအိမ်အူလမ်းကြောင်းဆိုင်ရာတို့ကို ထိခိုက်စေနိုင်ပါတယ်။ အစာအိမ်ရောင်ခြင်း၊ အူသိမ်ရောင်ခြင်း စတာတွေဖြစ်ပေါ်တာကြောင့ ်ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ အဆိပ်သင့်ခြင်း ဝေဒနာများ ခံစားရနိုင်ပါတယ်။

    ဖော်မလင်ဟာ အရေပြားနဲ့ထိတွေ့မိရင် အရေပြားရောင်ရမ်းခြင်း၊ အရေပြားဓာတ်မတည့်ခြင်းများဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဖော်မလေင်ရှိရင်ခန္ဓာကိုယ်ထဲရှိ ကလီစာများကိုထိခိုက်စေပြီး ခန္ဓာကိုယ်အပြင်ဘက်ကိုပြန်ထွက်လာပါက ကျောက်ကပ်ကိုထိခိုက်စေပါတယ်။ ဖော်မလင်းဟာ ကလေးငယ်နဲ့ကိုယ်ဝန်ဆောင်မိခင်များကို ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။ ဖော်မလင်ပါတဲ့ အစားအစာဟာ လူရဲ့ကျန်းမာရေး ထိခိုက်စေနိုင်လို့ သတိပြုရှောင်ရှားသင့်ပါတယ်။

    ပုပ်သိုးလွယ်တဲ့ငါး  ၊ကြက်သားတို့ကို အချိန်အတော်ကြာလတ်ဆတ်နေအောင်ငါးရောင်းတဲ့သူ၊ကြက်သားရောင်းတဲ့သူတွေကဖော်မလင်ထဲထည့်စိမ်ထားလေ့ရှိတယ်။ ဒါ့အပြင်အ သီးတွေကိုလည်းခဏလေးနဲ့မပုပ်သိုးအောင်စွဲဆောင်မှုရှိအောင် ဖော်မလင်ကိုအသုံးပြုကြတယ်။ လမ်းဘေးဝယ်စားမိတဲ့ အစားအစာတွေမှာဖော်မလင်တွေပါတယ်။ ဖော်မလင်ထိဖူးပြီး အစားအသောက်တွေကေ နဖော်မလင်အပြီးဖယ်လို့မရတော့ပါဘူး။ ရှိနေတဲ့ဖော်မလင်ပမာဏကိုသာ လျော့အောင်လုပ်လို့ရပါတယ်။ 

    ဖော်မလင်ဟာ ဓာတုပစ္စည်းဖြစ်တာကြောင့်ကိုယ်တွင်းဝင်သွားလို့မသင့်တော်ပါဘူး။ မသိလိုက်မိလို့ အစားအသောက်ကတစ်ဆင့်ကိုယ်တွင်းဝင်သွားတဲ့ဖော်မလင်ဟာ ကိုယ့်ကိုကင်ဆာဖြစ်စေတတ်ပါတယ်။ လေ့လာမှုအရဖော်မလင်ပမာဏ (၁၅ ppm) လောက်ကို နှစ်နှစ်လောက်အထိ မသိလိုက်ဘဲ စားမိတဲ့သူတွေမှာ ကင်ဆာရောဂါ၊ သွေးကင်ဆာ၊ အသည်းခြောက်တာ၊ ကျောက်ကပ်ပျက်စီးတာ ဖြစ်နိုင်ပါတယ်။

    ဖော်မလင်ပါတဲ့ အစားအသောက်တွေ စျေးကွက်ထဲမှာ သိနိုင်ပါတယ်။ ငါးကလှုပ်ရှားမှုမရှိဘဲ သည်အတိုင်းတောင့်တောင့်ကြီးဖြစ်နေမယ်။ ကိုင်လိုက်ရင်အသားတွေကပျော့ပျောင်းမနေဘဲ အကြေးခွံတွေကမာနေမယ်။ ပါးဟက်ကလည်း နီနေမယ်။ ပြည်ကြီးငါးဆိုရင်ကိုင်လိုက်တာနဲ့နူးညံ့မနေဘဲ ရော်ဘာတုံးကြီးကိုင်ရသလိုမာမာကြီးဖြစ်နေမယ်။ သာမန်ပြည်ကြီးငါးတွေကို လက်နဲ့ဖျစ်လိုက်ရုံနဲ့အသားတွေကွဲသွားပေမဲ့ ဖော်မလင်ထိုးထားတော့ပြည်ကြီးငါးတွေက ဓားနဲ့လှီးဖြတ်မှပြတ်တယ်။

   ဖော်မလင်ထည့်ထားတဲ့ ငါးခြောက်တွေဟာ အမြဲတမ်းတောင့်နေတာကြောင့် ရောင်းရတာ မျက်နှာပန်းလှတဲ့အတွက်စီးပွားရေးသမားတွေက သုံးကြပါတယ်။ ကြော်ကြော်ချက်ချက်ပြုတ်ပြုတ် တောင့်မြဲတောင့်ဆဲဖြစ်တယ်။ ဖော်မလင်ထည့်ထားတဲ့တို့ဖူးဟာ ပုံမှန်ထက်ပိုပြီးမာတောင့်တောင့်ဖြစ်နေတတ်ပြီး ၂၄ နာရီအတွင်းသိုးမသွားပါဘူး။

    ဖော်မလင်ပါတဲ့ ငါး၊ ဟင်းသီးဟင်းရွက်၊ကြက်သားတွေဆားရေနဲ့ တစ်နာရီကြာထည့်စိမ်သင့်ပါတယ်။ ဆန်ဆေးရည်နဲ့ငါးတွေအသီးအနှံတွေကိုဆေးပြီး ရေသန့်နဲ့ပြန်ဆေးသင့်ပါတယ်။ ဖော်မလင် ၇၀ ရာခိုင်နှုန်းလောက်ထွက်သွားပါမယ်။ ရှာလာကာရည်တစ်ခွက်နဲ ့ရေတစ်လီတာကိုရောပြီး (၁၅-၂၀) မိနစ်လောက်စိမ်ထားကာရေစင်စင်ဆေးကြောလိုက်ရင်ဖော်မလင် ၉၀ ရာခိုင်နှုန်း ထွက်သွားနိုင်ပါတယ်။ ဖြစ်နိုင်ရင်ပင်လယ်စာကိုအရှင်ဝယ်သင့်တယ်။ ငါးဝယ်ချိန်ပါးဟက်နီ၊ မနီ သေချာစစ်သင့်တယ်။ ငါးညှီနဲ့ပျောက်တဲ့ငါး မဝယ်သင့်ပါဘူး။ ငါးခြောက်တွေ တတ်နိုင်သမျှေ ရှာင်သင့်ပါတယ်။ အရမ်းအရောင်တောက်ပြီး လတ်ဆတ်လွန်းတဲ့အသီးအရွက်တွေသာ ရောင်းဝယ်သင့်ပါတယ်။ တို့ဟူး၊ ပဲပြား ဝယ်တော့မယ်ဆိုရင်အရမ်းကြီးမာနေလား တစ်ချက်ကိုင်ကြည့်ပြီးမှဝယ်သင့်တယ်။ ဂျပန်တို့ဖူးလို့ခေါ်တဲ့ကြက်ဥတို့ဖူးက အကောင်းဆုံးဖြစ်ပါတယ်။ ဖော်မလင်ပါတဲ့ သား၊ ငါး၊ ဟင်းသီးဟင်းရွက်ကိုဆားရေထဲ တစ်နာရီစိမ်ရင် ၉၀ ရာခိုင်နှုန်းဖယ်ရှားနိုင်တယ်။ ဖော်မလင်ပါတဲ့ ပစ္စည်းဈေးကွက်မှာတွေ့ရှိရင်စားသုံးသူရေးရာကိုတိုင်ကြားသင့်ပါတယ်။