■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက် 

■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 23 February 2024

အူန်ယွန်းဘာလင် - ဟိုင်းဟိုင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် ည ၉:၀၀ နာရီ)

အူန်ယွန်းဘာလင်အသင်း အိမ်ကွင်း(၄)ပွဲဆက်တိုက် အနိုင်ကစားထားတယ်။ ဒါပေမဲ့ ဟိုင်းဟိုင်အသင်း အဝေးကွင်းမှာ သရေတော့ ခံကစားနိုင်လောက်တယ်။



မိုချန်ဂလာဘတ် - ဘိုဟုမ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် ည ၉:၀၀ နာရီ)

မိုချန်ဂလာဘတ်အသင်း အမှတ်ပေးပွဲ နောက်ဆုံး(၉)ပွဲ မှာ (၁)ပွဲပဲ အနိုင်ရခဲ့တယ်။ ဒီပွဲလည်း အိမ်ကွင်းဖြစ်ပေမဲ့ ဘိုဟုမ်ကို မိုချန် အနိုင်မရနိုင်ဘူး။



၀ါဒါဘရီမင် - ဒမ်းစတက်ဒ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် ည ၉:၀၀ နာရီ)

၀ါဒါဘရီမင်အသင်း ဘိုင်ယန်ကို အနိုင်ရပြီးကတည်းက ရလဒ်တွေကောင်းနေတယ်လို့ ပြောရမယ်။ ၀ါဒါဘရီမင် နိုင်ပွဲထပ်ယူဦးမယ်။



စတုဂတ် - ကိုလုံး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် ည ၉:၀၀ နာရီ)

ကိုလုံးအသင်းက အဝေးကွင်း(၂)ပွဲဆက်တိုက် အမှတ်ယူထားတယ်။ နှစ်သင်းအကြား အဆင့်ချင်းကွာပေမဲ့ ကိုလုံးအသင်း ဂိုးပြတ်မရှုံးလောက်ဘူး။ 



ဘိုင်ယန်မြူးနစ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် ည ၁၂:၀၀ နာရီ)

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ တူဟယ်လ်ကတော့ ရာသီကုန်မှာ အသင်းက ထွက်တော့မယ်။ လက်ရှိအခြေအနေမှာ တူဟယ်လ်ရဲ့ထွက်ခွာမှုက ဘယ်လောက်အထိ သက်ရောက်မလဲ မှန်းဆလို့မရသေးဘူး။ ဒါပေမဲ့ နည်းပြဟောင်း ယက်ဟေး နက်စ်လက်ထက် ရာသီကုန်မှာ ဂွါဒီယိုလာနဲ့ အစားထိုးတော့မယ့်အချိန်မှာ ဖလား(၃)လုံးရရှိခဲ့ဖူးတဲ့ သာဓကတွေတော့ ရှိခဲ့တယ်။ လိုက်ပ်ဇစ်အသင်းက အဝေးကွင်းတွေမှာတော့ ရလဒ်ပိုင်းက သိပ်ယုံစားလို့ မရသေးဘူး။ ဘွန်ဒစ်လီဂါအဝေးကွင်း နောက်ဆုံး(၆) ပွဲမှာ (၁)ပွဲသာ အနိုင်ရခဲ့တယ်။ ဘိုင်ယန်မြူးနစ်  နိုင်ပွဲပြန်ရမယ်။

Most Read

Most Recent