■ လက်ရွေးစင်အသင်းအတွက် ပြန်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းမှာ နည်းပြ၏ တောင်းဆိုမှုကြောင့်ဖြစ်သည်ဟု တိုနီကရို့စ် ဖွင့်ဟ

■ လက်ရွေးစင်အသင်းအတွက် ပြန်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းမှာ နည်းပြ၏ တောင်းဆိုမှုကြောင့်ဖြစ်သည်ဟု တိုနီကရို့စ် ဖွင့်ဟ
Photo: Getty Images
Photo: Getty Images
Published 23 February 2024

ရီးယဲလ်မက်ဒရစ်ဝါရင့်ကွင်းလယ်ကစားသမား တိုနီကရို့စ်က ဂျာမနီလက်ရွေးစင်အသင်းအတွက် ပြန်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းမှာ လက်ရွေးစင်အသင်းနည်းပြ နာဂယ်စ်မန်း၏ တောင်းဆိုမှုကြောင့် ဖြစ်သည်ဟု ဖွင့်ဟပြောကြားခဲ့သည်။ 

အသက် (၃၄) နှစ်အရွယ်ရှိ တိုနီကရို့စ်သည် ဂျာမနီလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း(၁၀၀) ကျော် ကစားပေးထားသူဖြစ်ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲအပြီးတွင် လက်ရွေးစင်အသင်းမှ အနားယူခဲ့ခြင်းဖြစ်သည်။ 

သို့သော် ယခုအခါ ဂျာမနီလက်ရွေးစင်အသင်းနည်းပြ နာဂယ်စ်မန်း၏ တောင်းဆိုမှုကြောင့် လက်ရွေးစင်အသင်းအတွက် ပြန်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တိုနီကရို့စ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

"မတ်လမှာ လက်ရွေးစင်အသင်းအတွက် ကျွန်တော် ပြန်ကစားမှာပါ။ ဘာကြောင့်လဲဆိုတော့ နည်းပြက တောင်းဆိုသလို၊ ကျွန်တော်လည်း ကစားချင်လို့ပါ။ ယူရိုပြိုင်ပွဲမှာ အသင်းနဲ့အတူ ကျွန်တော် ရှိနေနိုင်ပါတယ်"ဟု တိုနီကရို့စ်က ဆိုခဲ့သည်။

တိုနီကရို့စ်အနေဖြင့် မတ်လအတွင်း ပြင်သစ်၊ နယ်သာလန်အသင်းတို့နှင့် ကစားမည့် ခြေစမ်းပွဲများတွင် ဂျာမနီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent