■ နေတိုအတွက် ပေါင်သန်း (၈၀)ဝန်းကျင် ဝုလ်ဗ်အသင်း အလိုရှိ     

■ နေတိုအတွက် ပေါင်သန်း (၈၀)ဝန်းကျင် ဝုလ်ဗ်အသင်း အလိုရှိ     
Photo: Sky Sports
Photo: Sky Sports
Published 23 February 2024

ဝုလ်ဗ်အသင်းသည် ပေါ်တူဂီတောင်ပံကစားသမား နေတိုအတွက် ပေါင်သန်း(၈၀)ဝန်းကျင် အလိုရှိနေကြောင်း သိရသည်။ 

ဝုလ်ဗ်အသင်း၏ အမာခံကစားသမားအဖြစ် ခြေစွမ်းပြနေသည့် နေတို(၂၃ နှစ်)ကို အာဆင်နယ်၊ လီဗာပူးလ်၊ မန်စီး တီး၊ နယူးကာဆယ် စသည့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေကြသည်။ 

ထို့ကြောင့် ဝုလ်ဗ်အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)ဝန်းကျင်ရရှိရန် လိုလားနေခြင်းဖြစ်ကြောင်း သိရသည်။ 

စျေးကွက်တန်ဖိုးအရမူ ၎င်း၏ပြောင်းရွှေ့ကြေးမှာ ပေါင်သန်း(၅၀)ဝန်းကျင်သာရှိကြောင်း သိရသည်။

နေတိုသည် ယခုရာသီတွင် ဝုလ်ဗ်အသင်းအတွက် ခြေစွမ်းပြကစားနေပြီး ယခုရာသီ ပြိုင်ပွဲစုံ (၁၉) ပွဲတွင် (၃) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၁) ကြိမ် ပြုလုပ်ထားသည်။ 

ဝုလ်ဗ်အသင်းနှင့် ချုပ်ဆိုထားသည့် နေတို၏ လက်ရှိစာချုပ်မှာ ၂၀၂၇ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သောကြောင့် ဝုလ်ဗ်အသင်းက ပြောင်းရွှေ့ကြေးများစွာ ရရှိရန် အလိုရှိနေခြင်းဖြစ်သည်။