■ ဇီဒန်း ကိုင်တွယ်နိုင်သည့်(၃)သင်းကို Sport ဖော်ပြ     

■ ဇီဒန်း ကိုင်တွယ်နိုင်သည့်(၃)သင်းကို Sport ဖော်ပြ     
Photo: Marca
Photo: Marca
Published 23 February 2024

စပိန်အားကစားမီဒီယာ Sport က ရီးယဲလ်နည်းပြဟောင်း ဇီဒန်းအနေဖြင့် နည်းပြလောကသို့ ပြန်လည်ဝင်ရောက်ခဲ့ပါက ကိုင်တွယ်နိုင်ဖွယ်ရှိသည့် အသင်း(၃)သင်းကို ဖော်ပြခဲ့သည်။ 

အဆိုပါအသင်းများမှာ ဘိုင်ယန်မြူးနစ်အသင်း၊ ဂျူဗင်တပ်စ်အသင်းနှင့် ပြင်သစ်လက်ရွေးစင်အသင်းတို့ဖြစ်ကြောင်း သိရသည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် လာမည့်နွေရာသီ၌ လက်ရှိနည်းပြ တူဟယ်လ်နှင့် လမ်းခွဲမည်ဖြစ်ပြီး ဇီဒန်းကို ကမ်းလှမ်းခဲ့ပါက လက်ခံဖွယ်ရှိကြောင်းလည်း Sport က သုံးသပ်ခဲ့သည်။

အသက် (၅၁) နှစ်အရွယ်ရှိ ပြင်သစ်ဂန္ထဝင်ကစားသမား ဇီဒန်းသည် ၂၀၂၁ ခုနှစ်တွင် ရီးယဲလ်အသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။ 

Most Read

Most Recent