စီးရီးအေရဲ့ မျှော်လင့်ချက်တွေအတွက်  စိန်ခေါ်သံ

စီးရီးအေရဲ့ မျှော်လင့်ချက်တွေအတွက်  စိန်ခေါ်သံ
Photos: X
Photos: X
Published 14 February 2024
Phoe Thar

နာကျင်စိတ်ပျက်စရာကောင်းတဲ့ ကျရှုံးမှုတွေ၊ ဖိအားတွေနဲ့ အထင်အမြင်သေးမှုတွေကို ဆယ်စုနှစ် (၂)ခုနီးပါး ခါးစည်းခံခဲ့ပြီးတဲ့နောက် လက်ရှိအချိန်မှာတော့ အီတလီကလပ်အသင်းတွေရဲ့ ကျေနပ်လောက်စရာ ဥရောပပြိုင်ပွဲစွမ်းဆောင်ရည်တွေနဲ့အတူ စီးရီးအေပရိသတ်တွေအတွက် လှပသောအနာဂတ်သစ်တွေက ပြန်လည်လန်းဆန်းဖူးပွင့်လာခဲ့ပါပြီ။ စီးရီးအေကလပ်အသင်းတွေအနေနဲ့အတူ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်အစရှိတဲ့ ဥရောပထိပ်တန်းပြိုင်ပွဲကြီးတွေမှာ ချန်ပီယံဆုနဲ့ဝေးနေဆဲဆိုရင်တောင် ပြီးခဲ့တဲ့နှစ်အပိုင်းအခြားတွေကလို ဆိုးဆိုးရွားရွားကျရှုံးနေတာမျိုးမဟုတ်တော့ဘဲ ဆုဖလားတွေနဲ့ အနီးစပ်ဆုံးအနေအထားထိ တစ်ကျော့ပြန်ရောက်ရှိလာခဲ့ပါတယ်။ ဒ့ါပြင် ပြိုင်ဘက်ထိပ်တန်းလိဂ်တွေက ကလပ်အသင်းကြီးတွေကို ပခုံးယှဉ်နိုင်ဖို့ ခက်ခဲနေဆဲဆိုရင်တောင် တစ်ချိန်ကလို ကွာဟချက်ကြီးမားနေတာမျိုးမဟုတ်တော့ဘဲ သူတင်ကိုယ်တင် တုံ့ပြန်ရင်ဆိုင်နိုင်တဲ့အထိ တိုးတက်မှုကိုပြသနိုင်ခဲ့တာပါ။

 

Most Read

Most Recent