တောင်ကိုရီးယားနဲ့ အီရန်တို့ ပြန်လည်နိုးထရမယ့် ၂၀၂၃ အာရှဖလား

တောင်ကိုရီးယားနဲ့ အီရန်တို့ ပြန်လည်နိုးထရမယ့် ၂၀၂၃ အာရှဖလား
Photo: AFP
Photo: AFP
Published 6 February 2024
Lin Oo Eain

၂၀၂၃ အာရှဖလားပြိုင်ပွဲက ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး ပရိသတ်တွေအနေနဲ့လည်း စိတ်ဝင်စားစရာပွဲကောင်းတွေကို ခံစားရမှာပါ။ တောင်ကိုရီးယား-ဂျော်ဒန်၊ အီရန်-ကာတာတို့ တွေ့ဆုံနေပြီး အလေးပေးမှုတွေအရ ဗိုလ်လုပွဲမှာ တောင်ကိုရီးယား - အီရန် အတွဲအဖက်ကို မြင်တွေ့ရနိုင်ဖို့များနေပါတယ်။ ဒါကြောင့် ဆီမီးဖိုင်နယ်ရောက် အသင်းတွေရဲ့ သမိုင်းကြောင်းအစဉ်အလာ၊ လက်ရှိခြေစွမ်းနဲ့ ကြယ်ပွင့်ကစားသမားတွေရဲ့ ပြိုင်ပွဲအပေါ်သက်ရောက်မှုတွေကို သုံးသပ်ကြည့်ပါမယ်။