■ စပိန်ဘုရင့်ဖလား ပွဲစဉ်ရေးဆွဲမှုအပေါ် ဆီမြွန်နီ ဝေဖန်     

■ စပိန်ဘုရင့်ဖလား ပွဲစဉ်ရေးဆွဲမှုအပေါ် ဆီမြွန်နီ ဝေဖန်     
Photo: Getty Images
Photo: Getty Images
Published 2 February 2024

အက်သလက်တီကိုနည်းပြ ဆီမြွန်နီသည် စပိန်ဘုရင့်ဖလား ပွဲစဉ်ရေးဆွဲမှုအပေါ် ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။ 

အက်သလက်တီကိုအသင်းသည် စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်တွင် ဘီလ်ဘာအိုအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ဖေဖော်ဝါရီ(၇)ရက်၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

ယင်းပွဲမတိုင်မီ ရီးယဲလ်နှင့် လာလီဂါပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်သလို၊ နောက်ပွဲမှာလည်း ဆီဗီလာနှင့်ဖြစ်သောကြောင့် ဆီမြွန်နီက ဝေဖန်ခဲ့ခြင်းဖြစ်သည်။ 

လာလီဂါနှင့် စပိန်ဘောလုံးအဖွဲ့ချုပ်သည် ပရိသတ်များအပေါ် လေးစားမှုမရှိခြင်းဖြစ်ကြောင်း ဆီမြွန်နီက ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent