မုဒုံမြို့နယ် လက်တက်ကျေးရွာအနီး မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်တွင် ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားရာ ကလေးငယ် ငါးဦး အပါအဝင် ၃၂ ဦး ဒဏ်ရာများရရှိ

မုဒုံမြို့နယ် လက်တက်ကျေးရွာအနီး မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်တွင် ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားရာ ကလေးငယ် ငါးဦး အပါအဝင် ၃၂ ဦး ဒဏ်ရာများရရှိ
Published 1 February 2024
ဘိုဘိုမြင့်

မုဒုံမြို့နယ် လက်တက်ကျေးရွာအနီး မော်လမြိုင် - သံဖြူဇရပ်ကားလမ်းပေါ်တွင် ဇန်နဝါရီလ ၃၁ ရက် မွန်းလွဲပိုင်း ၂ နာရီ ၁၅ မိနစ်အချိန်ခန့် မော်တော်ယာဉ်တစ်စီးအရှိန် လွန်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်ပေါ် လိုက်ပါလာသူ ကလေးငယ် ငါးဦးအပါအဝင် လူ ၃၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရ သည်။

အဆိုပါ မော်တော်ယာဉ်မှာ မုဒုံမြို့နယ် နိုင်လုံကျေးရွာရှိ အုတ်ဖိုမှ အုတ်ဖုတ်လုပ် သား မိသားစုများ ဝင်းစိန်တောရသို့ ဘုရားဖူး ထွက်လာကြသည့် မော်တော်ယာဉ်ဖြစ်သည် ဟု သိရကြောင်းနှင့် နိုင်လုံကျေးရွာဘက်မှ မုဒုံမြို့ဘက်သို့ မောင်းနှင်လာစဉ် လက်တက် ကျေးရွာရှိ ခပ်ရခပ်ယူ ထိုင်တော်မူ ဗုဒ္ဓရုပ် ပွားတော်ကြီးအနီးတွင် အရှိန်လွန် တိမ်း မှောက် သွားခြင်းဖြစ်ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ကားက  Hijet ကားပါ။ ကားပေါ်မှာ အသက် (၂) နှစ်ကနေ (၁၂) နှစ်ဝန်းကျင်အထိ ကလေး  ၁၅ ဦးကျော် နဲ့ လူကြီး ၁ဝဦးကျော်၊ စုစုပေါင်း ၃၂ ဦးလိုက် ပါလာကြတယ်လို့ သိရတယ်။ ကားပေါ်လိုက် ပါ လာကြတဲ့ လူဝိတ်ကို မထိန်းနိုင်တော့ ကား က မတော်တဆ ထိန်းမှောက်သွားတာလို့ ပြောကြပါတယ် ဟု ပြောကြားသည်။

မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများအား မုဒုံမြို့ အခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ ဖြစ်ကြသည့် သစ္စာပန်းခင်းအရေးပေါ်လူမှုကူညီကယ်ရေးအဖွဲ့၊ မုဒုံ အရေးပေါ်လူမှု ကူ ညီကယ်ရေးအဖွဲ့၊ မြန်မာ့လူငယ်ကယ်ဆယ် ရေး အဖွဲ့ (မုဒုံ)၊ မေတ္တာမွန် အရေးပေါ် ကယ် ဆယ်ရေးအဖွဲ့၊ မေတ္တာတံခွန် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့အစရှိသည့် အရေးပေါ် လူမှုကူညီကယ်ရေးအဖွဲ့များက ကမာဝက် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး ထို မှ မုဒုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြကြောင်းသိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများအနက်မှ ဒဏ်ရာပြင်းထန်သည့် လူနာ ၁၃ ဦးအား မုဒုံ မြို့နယ်ပြည်သူ့ဆေးရုံမှတစ်ဆင့် မော်လမြိုင် မြို့ ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြကြောင်းနှင့် ထိခိုက်ဒဏ်ရာအနည်းငယ် သာရရှိခဲ့သည့် ကလေးငယ် ငါးဦးနှင့် အမျိုး သား တစ်ဦးအား ကမာဝက်တိုက်နယ်ဆေးရုံ မှ ၎င်းင်းတို့နေထိုင်သည့် နိုင်လုံကျေးရွာ၊ အုတ်ဖို အပိုင်းသို့ လူနာတင်ယာဉ်များဖြင့် ပို့ဆောင် ပေးခဲ့ကြောင်းလူမှုကူညီကယ်ဆယ်ရေး အဖွဲ့ များထံမှ သိရသည်။

မော်လမြိုင် - မုဒုံ - သံဖြူဇရပ် ကား လမ်းတွင် မော်တော်ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိခဲ့ရာ ပြီးခဲ့သည့် ဇန်န ၀ါရီလ ၁၂ ရက် မွန်းလွဲပိုင်းအချိန်က လည်း မုဒုံမြို့နယ် ကော့ခပုံကျေးရွာ အဇင်းစိုက်ပျိုး ရေးခြံအရှေ့ သံဖြူဇရပ် - မော်လမြိုင်ကား လမ်းတွင် တက္ကသိုလ်ကြိုပို့ယာဉ်တစ်စီးတိမ်း မှောက်မှုဖြစ်ပွားခဲ့ပြီး တက္ကသိုလ်ကျောင်း သားကျောင်းသူ ၁၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ များထံမှ သိရသည်။