စတီဗင်ကျန်း၊ အင်ဇာဂီနဲ့ အင်တာမီလန်ရဲ့ လှသောအနာဂတ်ပန်းချီ

စတီဗင်ကျန်း၊ အင်ဇာဂီနဲ့ အင်တာမီလန်ရဲ့ လှသောအနာဂတ်ပန်းချီ
Photos: X
Photos: X
Published 28 January 2024

၂၀၂၃ အီတလီစူပါဖလားချန်ပီယံဆုကို ရရှိခဲ့ပြီးချိန်မှာ အင်တာမီလန်အသင်းကို ဥရောပရဲ့ ပေါက်ကွဲအားအပြင်းဆုံး အသံတိတ်ဗုံးတစ်လုံးဆိုပြီး အီတလီမီဒီယာတွေက တက်ညီလက်ညီချီးကျူးခဲ့တယ်။ ဒီချီးကျူးမှုဟာ အီတလီစူပါဖလားချန်ပီယံဆုကို ရရှိခဲ့လို့ဆိုတာထက် အသင်းဥက္ကဋ္ဌစတီဗင်ကျန်း၊ နည်းပြ အင်ဇာဂီတို့လက်ထက် နှစ်အနည်းငယ်အတွင်း အပြုသဘောဆောင်ခဲ့တဲ့ အင်တာမီလန်အသင်းရဲ့ အောင်မြင်မှု၊ တည်ငြိမ်မှုနဲ့ စနစ်တကျရှိစွာဖြတ်သန်းနိုင်ခဲ့မှုတွေကို အသိအမှတ်ပြုခဲ့ခြင်းပါပဲ။ ဒီလိုချီးကျူးရအောင်လည်း အင်တာမီလန်ဟာ နောက်ဆုံး (၅)ရာသီအတွင်း  ပြည်တွင်းဆုဖလားတွေအလုံးအရင်းရယူပြီး အီတလီရဲ့ ထိပ်တန်းအလွှာဆီပြန်လည်တက်လှမ်းလာနိုင်ခဲ့သလို၊ ဥရောပရပ်ဝန်းအထိလည်း ပုံရိပ်ပြန် မြှင့်တင်နိုင်ခဲ့တယ်။ ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်မှုတွေ၊ ဖလားလက်မဲ့ရာသီတွေ၊ ဘဏ္ဍာရေးအကျပ်အတည်းတွေ၊ မျှော်လင့်ချက်မဲ့ခြင်းတွေနဲ့ ကူရာကယ်ရာမဲ့နေတဲ့အသင်းဟာ မှန်တန်တိကျတဲ့အပြောင်းအလဲတွေ၊ လုပ်ငန်းစဉ်တွေနဲ့အတူခန့်ညားထည်ဝါစွာပြန်လာနိုင်ခဲ့တယ်။

 

၂၀၂၃ အီတလီစူပါဖလားချန်ပီယံဆုကို ရရှိခဲ့ပြီးချိန်မှာ အင်တာမီလန်အသင်းကို ဥရောပရဲ့ ပေါက်ကွဲအားအပြင်းဆုံး အသံတိတ်ဗုံးတစ်လုံးဆိုပြီး အီတလီမီဒီယာတွေက တက်ညီလက်ညီချီးကျူးခဲ့တယ်။ ဒီချီးကျူးမှုဟာ အီတလီစူပါဖလားချန်ပီယံဆုကို ရရှိခဲ့လို့ဆိုတာထက် အသင်းဥက္ကဋ္ဌစတီဗင်ကျန်း၊ နည်းပြ အင်ဇာဂီတို့လက်ထက် နှစ်အနည်းငယ်အတွင်း အပြုသဘောဆောင်ခဲ့တဲ့ အင်တာမီလန်အသင်းရဲ့ အောင်မြင်မှု၊ တည်ငြိမ်မှုနဲ့ စနစ်တကျရှိစွာဖြတ်သန်းနိုင်ခဲ့မှုတွေကို အသိအမှတ်ပြုခဲ့ခြင်းပါပဲ။ ဒီလိုချီးကျူးရအောင်လည်း အင်တာမီလန်ဟာ နောက်ဆုံး (၅)ရာသီအတွင်း  ပြည်တွင်းဆုဖလားတွေအလုံးအရင်းရယူပြီး အီတလီရဲ့ ထိပ်တန်းအလွှာဆီပြန်လည်တက်လှမ်းလာနိုင်ခဲ့သလို၊ ဥရောပရပ်ဝန်းအထိလည်း ပုံရိပ်ပြန် မြှင့်တင်နိုင်ခဲ့တယ်။ ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်မှုတွေ၊ ဖလားလက်မဲ့ရာသီတွေ၊ ဘဏ္ဍာရေးအကျပ်အတည်းတွေ၊ မျှော်လင့်ချက်မဲ့ခြင်းတွေနဲ့ ကူရာကယ်ရာမဲ့နေတဲ့အသင်းဟာ မှန်တန်တိကျတဲ့အပြောင်းအလဲတွေ၊ လုပ်ငန်းစဉ်တွေနဲ့အတူခန့်ညားထည်ဝါစွာပြန်လာနိုင်ခဲ့တယ်။ အင်တာမီလန်ရဲ့ အောင်မြင်မှုတွေ၊ စွမ်းဆောင်နိုင်ခဲ့မှုတွေဟာ မန်စီးတီး၊ ရီးယဲလ်မက်ဒရစ်၊ လီဗာပူးလ်၊ ဘိုင်ယန်မြူး နစ်တို့လို ဥရောပဘီလူးအသင်းတွေရဲ့ အောင်ပွဲတွေလောက် ကိန်းခန်းကြီးမားစွာ မကျော်ကြားခဲ့၊ မလွှမ်းမိုးနိုင်ခဲ့ပေမယ့် မိမိအသင်းအတွက်သာမက အီတလီစီးရီးအေအတွက် အကြီးမားဆုံးသောအချိုးအကွေ့တစ်ခု၊ စာမျက်နှာသစ်တစ်ခုဖြစ်ခဲ့တယ်လို့ဆိုရမှာပါ။ ဒီအတွက်လည်း အီတလီမီဒီယာတွေက အင်တာမီလန်ကို ပေါက်ကွဲအားပြင်းတဲ့ အသံတိတ်ဗုံးတစ်လုံးဆိုပြီး တင်စားခဲ့တာပါပဲ။

ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၃ အီတလီစူပါဖလားပြိုင်ပွဲဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အသင်း (၄)သင်းနဲ့ ကျင်းပခဲ့တာဖြစ်ပြီး အင်တာမီလန်အသင်းက လာဇီယို၊ နာပိုလီ အသင်းတွေကို အနိုင်ရဗိုလ်စွဲခဲ့တာပါ။ ဆုဖလားရဲ့ ပုံရိပ်အရ မက်မောလောက်စရာအောင်မြင်မှုမဟုတ်ဘူးဆိုရင်တောင် စနစ်သစ်နဲ့ပထမဆုံးအကြိမ်ကျင်းပတဲ့ ပြိုင်ပွဲမှာ ချန်ပီယံအဖြစ်အောင်ပွဲခံနိုင်ခဲ့ခြင်းက အင်တာမီလန်အသင်းအတွက် လက်ကျန်ရာသီဝက်ကိုဖြတ်သန်းဖို့ တွန်းအားနဲ့ ယုံကြည်မှုဖြစ်စေမှာ သေချာပါတယ်။ ပိုပြီးဂုဏ်ယူစရာကောင်းတာက အင်တာမီလန်အသင်းဟာ အီတလီစူပါဖလားကို စံချိန်တင် (၃)ကြိမ်ဆက်ဗိုလ်စွဲခဲ့ခြင်းဖြစ်သလို၊ ပြိုင်ပွဲသမိုင်းတစ်လျှောက် (၈)ကြိမ်မြောက်ချန်ပီယံဆုနဲ့ ဂျူဗင်တပ်စ် (၉ ကြိမ်)ရဲ့နောက် ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့ပြင် အင်တာမီလန်အသင်းဟာ ဒီရာသီအီတလီစူပါဖလားချန်ပီယံဆုအပါအဝင်နောက်ဆုံး (၄)ရာသီအတွင်း စီးရီးအေချန်ပီယံဆု (၁)ကြိမ်၊ ကိုပါအီတလီယာဖလား (၂)ကြိမ် နဲ့ အီတလီစူပါဖလား (၃)ကြိမ်ရယူပြီး ပြည်တွင်းဆုဖလား (၆)လုံးနဲ့ ယင်းကာလအတွင်းအအောင်မြင်ဆုံးအသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီလို အောင်မြင်မှုတွေ၊ စွမ်းဆောင်နိုင်မှုတွေကြောင့်လည်း ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီ ကိုယ်တိုင်က အင်တာမီလန်ဟာ လက်ရှိစီးရီးအေ ရဲ့အကောင်းဆုံးအသင်းလို့ချီးကျူးခဲ့တာပါ။ အသင်းသမိုင်းတစ်လျှောက် စီးရီးအေချန်ပီယံဆု (၁၉)ကြိမ်၊ ကိုပါအီတာလီယာချန်ပီယံဆု (၉) ကြိမ်၊ ချန်ပီယံလိဂ် (၃) ကြိမ်၊ ယူရိုပါလိဂ် (၃) ကြိမ်အပါအဝင် ပြိုင်ပွဲစုံမှာ ဆုဖလား (၄၅)လုံးအထိရရှိထားပြီး အီတလီနဲ့ ဥရောပရဲ့ အအောင်မြင်ဆုံးအသင်းတွေထဲက တစ်သင်းအဖြစ်ရပ်တည်နေတဲ့ အင်တာမီလန်လိုအသင်းအတွက် လက်ရှိအောင်မြင်မှုတွေက အံ့အားသင့်စရာမဟုတ်ဘူးလို့ ဆိုနိုင်ပေမယ့် လက်တွေ့မှာတော့ ထင်တာထက်ပိုပြီး ခက်ခဲလွန်းခဲ့ပါတယ်။ အင်တာမီလန်အသင်းဟာ လက်ရှိအခြေအနေလို ဆုဖလားအောင်ပွဲတွေနဲ့ တစ်ကျော့ပြန်ထိတွေ့ခွင့်ရဖို့ အခက်အခဲများစွာ၊ ဖိအားများစွာကိုဆယ်စုနှစ်တစ်ခုနီးပါး ကျော်ဖြတ်ခဲ့ရပြီး ပြန်လာဖို့မဖြစ်နိုင်ဘူးလို့ ထင်မှတ်နေချိန်မှာမှ အသန်မာဆုံးပုံစံနဲ့ပြန်လာပြ ခဲ့တာပါ။ 

အင်တာမီလန်ရဲ့ လက်ရှိအောင်မြင်မှုတွေနဲ့ ပတ်သက်ပြီးအရေးပါဆုံးအလှည့်အပြောင်းဖြစ်ခဲ့တယ်လို့ဆိုရမှာက ၂၀၁၈-၁၉ ရာသီပါပဲ။၂၀၁၈ အောက်တိုဘာ (၂၆) ရက်နေ့မှာ အင်တာမီလန် အသင်းရဲ့ဥက္ကဋ္ဌဟောင်း ဖြစ်တဲ့ အင်ဒိုနီးရှားစီး ပွားရေးလုပ်ငန်းရှင် အဲရစ်သိုဟာရဲ့နေရာကို အဲဒီအချိန်က အသက် (၂၇) နှစ်အရွယ်သာ ရှိသေးတဲ့ တရုတ်လူမျိုးလူငယ်ဥက္ကဋ္ဌ စတီဗင်ကျန်းက အစားထိုးဝင်ရောက်ခဲ့ပါတယ်။ လူငယ်ပီပီ အတွေးသစ်အမြင်သစ်တွေနဲ့ ရဲရင့်တက်ကြွနေတဲ့ စတီဗင်ကျန်းဟာ ကွင်းတွင်းကွင်းပြင်မှာ ကျရှုံးခြင်းနွံထဲနစ်မွန်းနေတဲ့ အင်တာမီလန်ကို (၅) နှစ်စီမံကိန်းတစ်ခုရေးဆွဲပြီး ထိပ်တန်းအဆင့်ဆီ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်ခဲ့ပါတယ်။ လူငယ်တစ်ဦး အပေါ် မယုံကြည်မှုတွေ၊ ဝေဖန်မှုတွေရှိခဲ့ပေမယ့် ကျန်းဟာ အင်တာမီလန်ဥက္ကဋ္ဌဘဝ ပထမဆုံးခြေ လှမ်းအစမှာပဲ မဟာပြိုင်ဘက်ဂျူဗင်တပ်စ်အသင်း နည်းပြဟောင်း ကွန်တီကိုနည်းပြသစ်အဖြစ်ခန့် အပ် အမှန်ကန်ဆုံးလုပ်ရပ်တစ်ခုကို လုပ်ဆောင်ခဲ့ ပါတယ်။ ကွန်တီဟာ အင်တာမီလန်အသင်းကို (၂)ရာသီသာ ကိုင်တွယ်ခဲ့ပေမယ့် ၂၀၂၀-၂၁ ရာသီမှာ ဆယ်စုနှစ်တစ်ခုကြာဝေးကွာနေတဲ့ စကူဒက်တိုချန်ပီယံဆုကို တစ်ကျော့ပြန်ရယူပေးခဲ့ပြီး ဒီအောင်မြင်မှုက အင်တာမီလန်ရဲ့ အနာဂတ်သစ်အတွက် အရေးပါတဲ့အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။ ကွန်တီအလွန်မှာလည်း ကျန်းဟာ အင်တာမီလန်အသင်းကို အထားအသိုမပျက်အောင် ဆက်လက်စုစည်းနိုင်ခဲ့ပြီး လာဇီယိုအသင်းရဲ့ အီတလီလူမျိုးနည်းပြ အင်ဇာဂီကို နည်းပြသစ်အဖြစ်ခန့်အပ်ကာ နောက်ထပ်မှန်ကန်တဲ့ခရီးကို ဆက်လက်လျှောက်လှမ်းနိုင်ခဲ့ပါတယ်။

ကျန်းနဲ့ အင်ဇာဂီတို့ရဲ့ပေါင်းစည်းမှုဟာ ဖိအားတွေ၊ စိန်ခေါ်မှုတွေနဲ့ စတင်ခဲ့ရပေမယ့် (၂) ရာသီအတွင်းမှာပဲ အင်တာမီလန်ကို ပိုမိုသန်မာတဲ့ အသင်းအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။ ဒီအခြေအနေမှာ အဓိကအကျဆုံးဖြစ်ခဲ့တာက ကျန်းရဲ့ (၅)နှစ်စီမံကိန်းအကျိုးသက်ရောက်မှုနဲ့ အင်ဇာဂီရဲ့ ပြီးပြည့် စုံသော ခေါင်းဆောင်မှုတွေပါပဲ။ ကျန်းရဲ့ (၅)နှစ်စီမံကိန်းဟာ ဘဏ္ဍာရေးအကျပ်အတည်းတွေဖြစ်နေတဲ့ အင်တာမီလန်အတွက် ငွေကြေးပိုင်ဆိုင်ရာ စိစစ်မှုကို ဗဟိုပြုထားပြီး၊ ငွေကြေးသုံးစွဲတည်ဆောက်ဖို့ထက် စနစ်တကျရှိတဲ့ ကစားသမားခေါ်ယူမှုတွေနဲ့ ကျစ်လျစ်တဲ့အသင်းတစ်သင်းဖြစ်အောင်ဖန်တီးခဲ့ပါတယ်။ ဒီအခြေအနေကို မြင်သာစေခဲ့တာက စတီဗင်ကျန်းလက်ထက် အပြောင်းအရွှေ့ကာလ (၁၁)ခု (ဇန်နဝါစျေးကွက် ၆ ခု၊ နွေစျေး ကွက် ၅ ခု) မှာ အင်တာမီလန်အသင်းဟာ ကစားသမားရောင်းချခြင်းကနေ ယူရိုသန်း (၇၀၀)နီးပါး ရရှိခဲ့ပြီး၊ ကစားသမားခေါ်ယူမှုအတွက် အသုံးစရိတ်ကတော့ ယူရိုသန်း (၂၂၀)ကျော်သာရှိခဲ့ပါတယ်။ အင်တာမီလန်အသင်းဟာ ကြယ်ပွင့်ကစားသမားတွေကို ငွေပုံပေးခေါ်ယူဖို့ထက် တစ်ပတ်ရစ် ကစားသမားတွေ၊ စာချုပ်သက်တမ်းကုန်ဆုံးခါနီး ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးတွေ နဲ့ခေါ်ယူခဲ့ပြီး ဒီအကျိုးဆက်အဖြစ် အသင်းရဲ့ဘ ဏ္ဍာရေးဟန်ချက်ကို အတိုင်းအတာတစ်ခုထိ တည်ငြိမ်စေခဲ့သလို၊ ကွင်းသစ်စီမံကိန်းကိုလည်း အရှိန်အဟုန်ပြင်းပြင်း ပြန်လည်စတင်နိုင်ခဲ့ပါတယ်။ 

အင်ဇာဂီလက်ထက်မှာ အင်တာမီလန်အသင်းအနေနဲ့ စကူဒက်တိုချန်ပီယံဆုမရရှိသေးပေမယ့် အဆင့် (၂)၊ (၃)နေရာတွင်မှာ ဟန်မပျက်ရပ်တည်နိ်ုင်ခဲ့သလို၊ ပြည်တွင်းရှုံးထွက်ဖလားတွေကို ရာနှုန်းပြည့်လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ဒါ့ပြင် အင်ဇာဂီ လက်ထက်မှာ အင်တာမီလန်အသင်းရဲ့ ပုံရိပ်အတွက် အကြီးမားဆုံးအထောက်အကူပြုခဲ့တဲ့ အောင်မြင်မှုက ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ခြင်းပါပဲ။ အင်တာမီလန်အသင်းအနေနဲ့ ဖလား (၃)လုံးချန်ပီယံ မန်စီးတီးကိုရှုံးနိမ့်ပြီး ဆုဖလားနဲ့လွဲချော်ခဲ့ရပေမယ့် ချန်ပီယံဆု၊ ဗိုလ်လုပွဲတွေနဲ့ထိုက်တန်တဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့သလို၊ အသင်းရဲ့ ဥရောပအရှိန်အဝါကိုလည်း ပြန်လည်ခမ်းနားစေခဲ့ပါတယ်။ အင်တာမီလန်နဲ့ အင်ဇာဂီကိုပိုပြီးချီးကျူးရမှာက အသင်းရဲ့တည်ငြိမ်မှုကို ဟန်ချက်မပျက်သွားအောင် ထိန်းထားနိုင်ခဲ့တာပါပဲ။ ဒီရာသီမှာလည်းအင်တာမီလန်ဟာ စီးရီးအေပွဲစဉ် (၂၀)ပွဲကစားပြီးချိန်မှာ ဇယားထိပ်ဆုံးက ဂျူဗင်တပ်စ်နဲ့ (၁) ပွဲလျော့ (၁)မှတ်သာကွာဟနေသလို၊ ချန်ပီယံလိဂ်မှာလည်း ရှုံးထွက် (၁၆)သင်းအဆင့်ဆီ အမှားအယွင်းမရှိတက်ရောက်နိုင်ခဲ့ပါတယ်။ ကိုပါအီတာလီယာပြိုင်ပွဲကထွက်ခွာခဲ့ရပေမယ့် အီတလီစူပါဖလားနဲ့ ဖြေသာနိုင်ခဲ့ပြီး လက်ရှိခြေစွမ်း၊ ကစားသမားစုဖွဲ့မှုနဲ့ စွမ်းဆောင်ရည်အရ ဒီရာသီမှာ နောက်ထပ်ဆုဖလားအောင်ပွဲတွေ မျှော်လင့်နိုင်တာလည်း အသေအချာပါပဲ။ စတီဗင်ကျန်း၊ အင်ဇာဂီတို့ရဲ့ စနစ်တကျရှိသော ဦးဆောင်မှုအောက်မှာ အင်တာမီလန်ရဲ့ အနာဂတ်က မျှော်လင့်ခြင်းများစွာနဲ့ လှပလို့နေပါတယ်။ လက်ရှိအောင်မြင်မှုတွေ၊ ယုံကြည်မှုတွေကို ဗဟိုပြုပြီး ဘယ်လောက်ထိ ခရီးရောက်အောင် လျှောက်လှမ်းနိုင်မလဲဆိုတာကတော့ . . .

Most Read

Most Recent