■ ပြင်သစ်လီဂူးပွဲစဉ် (၁၉) ပွဲကြိုသုံးသပ်ချက်

■ ပြင်သစ်လီဂူးပွဲစဉ် (၁၉) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 26 January 2024

နိုက်စ် - မက်ဇ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် ည ၁၀:၃၀ နာရီ)

နောက်ပိုင်းပွဲတွေမှာ နိုက်စ်တို့ ခြေစွမ်းရော၊ ရလဒ်ပိုင်းပါ မတည်မငြိမ်ဖြစ်နေတာတွေ့ရတယ်။ ယုံကြည်မှုပျောက်ဆုံးသွားတဲ့အခြေအနေဖြစ်ပြီး အခုအိမ်ကွင်းပွဲမှာသာ အမှားအယွင်းထပ်ဖြစ်ခဲ့မယ်ဆို ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ ခက်ခဲသွားနိုင်ပါတယ်။ မက်ဇ်တို့ တန်းဆင်းဇုန်အတွက် အမှတ်ရဖို့ ရုန်းကန်လာနိုင်ပေမဲ့ အိမ်ရှင် နိုက်စ်ပဲ ပွတ်ကာသီကာ အနိုင်ရသွားမှာပါ။



မာဆေးလ် - မိုနာကို (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၈ ရက် နံနက် ၂:၃၀ နာရီ)

 နှစ်သင်းစလုံး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားပြိုင်နေတဲ့ အသင်းတွေဖြစ်ပြီး လက်ရှိခြေစွမ်းအရတော့ မာဆေးလ်ရဲ့အိမ်ကွင်းကစားအားကို မိုနာကိုတို့ ယှဉ်ကစားဖို့ခက်ပါလိမ့်မယ်။ မိုနာကိုရဲ့ အဝေးကွင်းခံစစ်အားနည်းမှုကလည်း အိမ်ကွင်းတိုက်စစ်ကစားပုံကောင်းတဲ့ မာဆေးလ်ကို အခွင့်အရေးဖြစ်စေဦးမှာပါ။ မာဆေးလ်ပဲ နိုင်ပွဲရပါလိမ့်မယ်။

Most Read

Most Recent